မြန်မာပရိသတ်တွေရဲ့ နွေးထွေးဖော်ရွေမှု ကြောင့် ပျော်ရွှင်ပီတိ ဖြစ်ရတယ်ဆိုတဲ့ ထိုင်းမင်းသမီး Lily Panipak


ထိုင်းမင်းသမီးLily Panipak  က ဒါရိုက် တာ ညိုမင်းလွင်ရိုက်ကူး တဲ့ ‘The Spa’ ရုပ်ရှင်ဇာတ်ကားကို အောင်ရဲလင်း၊ ဆုမြတ်နိုး ဦးတို့နဲ့ အတူ လာရောက်ရိုက်ကူးနေပါတယ်။ မြန်မာပြည်ကို ပထမဆုံးအကြိမ် ရောက်ရှိတာ ဖြစ်ပြီး အခုလိုမျိုး မြန်မာသရုပ်ဆောင်တွေ နဲ့အတူ လက်တွဲပြီးရိုက် ကူးရတဲ့အတွက် လည်း ဝမ်းသာကြည်နူးမိပါတယ်လို့ ဆိုပါတယ်။
“မြန်မာပြည်ကို ရောက်တာလည်း ပထမ ဦးဆုံးပါ။ မြန်မာသရုပ်ဆောင်တွေနဲ့လည်း ပထမဆုံးတွဲပြီးသရုပ်ဆောင်ဖြစ်တာပါ။ ဦးသိန်းဇော်က ညီမမန်နေဂျာနဲ့တစ်ဆင့် ဆက် သွယ်မိတာပါ။ ဦးသိန်းဇော်ကိုယ်တိုင်က ထိုင်း မှာလာတွေ့တယ်။ ညီမကိုအင်တာနက်ကနေ ရှာတွေ့ ပြီးတော့ ဆက်သွယ်ပြီး ဒီဇာတ်ကား လေးကို လာရိုက်ဖြစ်တာပါ။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီးတော့ ဒီဇာတ်ကားရဲ့ ဇာတ်ကောင် ရဲ့နေရာကိုရောက်သွား သလိုပါပဲ။ ဒီဇာတ်ကား ကို ရိုက်ရတဲ့အခါမှာ ကြောက်လည်း ကြောက် ပါတယ်။တကယ်ကြောက်တဲ့ ခံစားမှုတစ်ခုကို လည်း ရပါတယ်။ အခုလို   မြန်မာသရုပ်ဆောင် တွေနဲ့ စည်းစည်းလုံးလုံး အလုပ်လုပ်ရတာ ကိုလည်း ပျော်ပါတယ်။ ကျေနပ်မှု လည်းရှိပါ တယ်။ ထိုင်းမှာဆိုရင်တော့ အချိန် နဲ့ပတ်သက် ပြီးတော့ အရာအားလုံးကိုSchedule နဲ့ အလုပ်လုပ်ရပါတယ်။ တအား တင်းကျပ်မှုလည်း ရှိပါတယ်။ ရုပ်ရှင် ဇာတ်ကားနဲ့ပတ် သက်လာရင် လည်း တအားတင်းကျပ်မှုတွေရှိပါတယ်။ မြန်မာနိုင်ငံမှာကျတော့ အဲဒီလို မဟုတ်ပါဘူး။ အချိန်နဲ့ပတ်သက်ပြီးတော့ အရားအားလုံးက လွတ်လပ်မှု လည်းရှိတယ်၊ အေးအေးဆေးဆေးလည်းဖြစ်တယ်။ အလုပ်လုပ်ရတာကိုလည်း နှစ်သက်မှုရှိပါတယ်။ ဒီရုပ်ရှင်ဇာတ်ကား က ထိုင်းနိုင်ငံ မှာဆိုရင် တကယ်ကိုပေါက်နိုင်တဲ့ ဇာတ်ကားတစ်ကား လို့ မျှော်လင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံက သရုပ် ဆောင်တွေလည်း ပါတယ်။
ဒီလိုမျိုး ထူးထူးခြားခြား မြန်မာ- ထိုင်း ချစ်ကြည်ရေးကားလေးလည်းဖြစ်တဲ့အတွက်Thailand မှာ ဆိုရင် တော့ မြန်မာနိုင်ငံက သရုပ်ဆောင်တွေပါ လာပြီး ပရိုပို့စ်လုပ် မယ်ဆိုရင် တော့ သေချာပေါက်Popular  ဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ဘာမှအများကြီး မျှော်လင့်ထားတာတော့ မရှိပါ ဘူး။ ကိုယ်က နိုင်ငံခြား သားသရုပ်ဆောင် ဖြစ်တဲ့အတွက် ဒီမှာ အကောင်းဆုံး သရုပ်ဆောင် ပြထားပါတယ်။ ကိုအောင်ရဲလင်းဆိုလည်း အများကြီး ကြိုးစားထားတာ တွေ့ရပါတယ်။ အင်္ဂလိပ်စကားနဲ့ မရင်းနှီးတဲ့အတွက် ညီမနဲ့အတူ အဆင်ပြေအောင်ညှိပြီး ကြိုးစားပေးတဲ့အတွက် ကျေးဇူး လည်း တင်ပါ တယ်။ အကောင်းဆုံး ဖြစ်အောင်ပဲ ကြိုးစားသွားပါမယ်။ တခြားဘာမှတော့ အခက်အခဲမရှိပါဘူး။ အားလုံးနဲ့လည်း အဆင်ပြေတယ်။ ဒီကိုစရောက်တဲ့အချိန်မှာ ပရိသတ်တွေက နွေးထွေးမှုပေးပြီးတအားချစ်ကြတဲ့အတွက်လည်း တအားကို ပျော်ပါတယ်။ အခုလို လက်တွဲပြီးလုပ်ခွင့်ရ တဲ့အတွက်လည်း ကျေနပ်မိပါတယ်။ နောက်ထပ် ဒီမှာထပ်ပြီးတော့ ဒီကသရုပ်ဆောင်တွေနဲ့ လက်တွဲပြီးအလုပ်လုပ် ချင်ပါသေးတယ်။ မြန် မာစကားကိုလည်း သင်ချင်ပါတယ်” လို့ ပြောပါတယ်။ မြန်မာပြည်က ပရိသတ်တွေက တအားဖော်ရွေနွေးထွေးမှုရှိတဲ့ အတွက် လည်း မြန်မာပြည်က ပရိသတ်တွေအတွက် မပြန်ခင်မှာ အမှတ်တရ ပွဲလေးလုပ်ဖို့ စီစဉ်ထားတယ်” လို့ ထိုင်းမင်းသမီးLily Panipak ကဆို ပါတယ်။ “မြန်မာနိုင်ငံက
ပရိသတ်တွေကိုလည်း တအားပဲကျေးဇူးတင်မိ ပါတယ်။ မြန်မာပြည်ကိုလာတဲ့အချိန်မှာFacebook မှာ Followingလုပ်ကြတယ်။Friend အပ်ကြ တယ်။ စကားတွေလာပြောကြတယ်။ ဒီရောက်တဲ့ အချိန်မှာလည်း လက်ဆောင်ပစ္စည်းတွေ အများကြီးလာပို့ကြတာတွေလည်းရှိပါတယ်။ ဒီပစ္စည်းေ လးတွေကို အမှတ်တရသိမ်းထားပါတယ်။ ဒီလက်ဆောင် လေးတွေက ညီမအတွက် အကောင်းဆုံးအမှတ်တရလေးတွေပါ။ အားလုံးကို ကျေး ဇူးတင်ပါတယ်။ တအားလည်းချစ်ပါတယ်။ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ညမှာ ထိုင်းကိုပြန်ပါမယ်။ဒါပေမဲ့ ၂၆ ရက် နေ့မှာFan  တွေနဲ့တွေ့ဆုံပွဲလေး တစ်ခု လုပ် ဖို့ရှိပါတယ်။ ၂၆ ရက်နေ့ မတိုင်ခင်မှာWall ပေါ်မှာ ဘယ်နေရာ၊ ဘယ်အချိန်လုပ်မယ် ဆိုတာ လေးကို ကြေညာပေးပါမယ်။ ညီမ Facebook ပေါ်မှာရော၊ ဒါရိုက်တာ ကိုညိုမင်းလွင် င်္Facebook  ပေါ်မှာပါ ကြေညာပေးပါမယ်” လို့ ထိုင်းမင်းသမီး  Lily Panipak ကပြောပါ တယ်။
လွင်လွင်ထွန်း၊ဓာတ်ပုံ- မင်းမင်းထွန်း
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment