ရာဇ၀င်ရိုင်းသူများကားမှာ သူမရဲ့ ကြိုးစားအားထုတ်မှုများနဲ့ပတ်သတ်ပြီးတော့လဲ “အဲ့ဒီကားမှာ မိတ်ကပ်လဲမပြင်ဘူး။ သဘာဝကျကျလေး လဲဖြစ်ချင်တယ်။ မျက်တောင်တုတောင် မတပ်ဘူး။ ညီမသင်တန်းလဲ မတက်ဘူး။ သရုပ်ဆောင်ပိုင်းနဲ့ပတ်သတ်ပြီး အတွေ့အကြုံလဲ နည်းသေးတယ်ဆိုတော့ ကိုပြေတီဦးတို့၊ ကိုမြင့်မြတ်တို့၊ ဦးမျိုးမင်းတို့က အရမ်းသင်ပေးတယ်။ မြွေနဲ့ရိုက်တဲ့ အခန်းဆို မြွေကိုကြည့်တယ်။ မြွေကလဲ တော်တော်ဆိုးတယ်။ အဲ့ဒီနေ့ကဆို မြွေတစ်ဆင်းထဲ ရိုက်တာ တော်တော့ကို ကြာတယ်။ ဦးမျိုးလိုချင်တဲ့ တစ်ခန်းကို မရတဲ့အတွက် ကိုယ်ကလဲ နဲနဲကြောက်နေတော့ တော်တော်လေးကို ရိုက်လိုက်ရတယ်။ မြွေက ဘယ်လောက်ဆိုးလဲဆိုရင် မြွေဆရာတောင် မနည်းထိန်းရတယ်။ ကိုယ်က အသစ်ဖြစ်တဲ့အတွက် စီနီယာတွေကြားထဲမှာ ကိုယ့်ကြောင့်မို့လို့ အနှောင့်အယှက် မဖြစ်စေချင်ဘူး။ ကိုယ့်ကို ယုံကြည်လို့ ခေါ်တယ်။ ကမ်းလှမ်းတယ်။ အဲ့ဒါကို နောက်လဲ ကိုယ်နဲ့ထပ်လုပ်ချင်ပြီး ကမ်းလှမ်းချင်အောင်လို့ ဒါရိုက်တာ သဘောကျအောင် မင်းသား သဘောကျအောင် ကိုယ့်အရည်အချင်းကို အများကြီး ထုတ်ပြရတယ်။ အနုပညာနဲ့ပတ်သက်ပြီး ပြန်ကျသွားတာမျိုးကို မလိုချင်ဘူး။ အပေါ်ကို တက်သွားတာမျိုးကိုပဲ လိုချင်တယ်။ ကိုယ့်ဖက်ကတော့ အစွမ်းကုန်ကြိုးစားပါတယ်”လို့ သူမက ပြောပြသွားပါတယ်။
သင်္ကြန်နဲ့ပတ်သက်ပြီး ဒီမှာရှိမလား၊ ဘန်ကောက်သွားဖြစ်မလား အတိအကျ မသိသေးဘူးဆိုတဲ့ သူမက နောက်ထပ် ရိုက်ကူးမယ့် ဇာတ်ကားတွေနဲ့ ပတ်သက်ပြီး “အခု ညီမဇာတ်ကားတွေတော့ တောက်လျှောက် ရိုက်ဖြစ်နေတယ်။ ပြီးတော့ အရှေ့မှာ ဘိုဘိုအင်တာတိန်းမန့်ရဲ့ ရုပ်ရှင် ရိုက်ကူးမယ်။ ကိုလွှမ်းပိုင်နဲ့တစ်ကား၊ ကိုရဲရင့်အောင်နဲ့တစ်ကားရိုက်ဖို့ရှိတယ်။ ကားကြီး၂ ကားရိုက်ဖို့ရှိတယ်။ တစ်ကားက ကိုပြေတီဦးနဲ့ တစ်ကားက နှင်းဆီအဖွဲ့နဲ့ပါ။ ပြီးတော့ ကိုအောင်ရဲလင်းနဲ့လဲ ရိုက်ဖို့ရှိပါသေးတယ်။ အနုပညာသက်တမ်းက ၃နှစ်၊ ကားရိုက်တာကတော့ လပိုင်းပဲ ရှိပါသေးတယ်။ အခုဆို ကမ်းလှမ်းတဲ့ တိုက်တွေလဲ များလာပြီ။ ကိုယ်လုပ်ချင်တဲ့အလုပ်ကို လုပ်နေရတဲ့ အတွက်လဲ ကျေနပ်တယ်။ အရင်တုန်းကထက်စာရင် ကိုယ်လုပ်ချင်တဲ့အလုပ်ကို လုပ်လာရတဲ့အတွက် အရမ်းကို ကျေနပ်ပျော်ရွှင်မိပါတယ်”လို့ပြောပြခဲ့ပါတယ်။
Source:trend.com.mm
0 comments:
Post a Comment