မြန်မာအလုပ်သမား ၁၀၀ ကျော် စစ်သင်္ဘောဖြင့် မလေးရှားမှ ပြန်ခေါ်မည်

မြန်မာအလုပ်သမားများကို ပြန်ခေါ်လာမည့် ဓာတ်ပုံ (mmmilitary.blogspot.com)
မလေးရှားနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ တရားမ၀င် မြန်မာအလုပ်သမား ၁၀၀ ကျော်ကို တပ်မတော်ရေတပ် စစ်သင်္ဘောနဲ့ မြန်မာနိုင်ငံကို ပြန်ခေါ်လာမယ်လို့ အစိုးရက မတ်လ ၂၀ ရက်နေ့က  သတင်းထုတ်ပြန် ပါတယ်။

မလေးရှားနိုင်ငံမှာ မတ်လ ၁၇ ရက်နေ့ကနေ ၂၁ ရက်အထိ ကျင်းပနေတဲ့ လန်က၀ီ နိုင်ငံတကာ ရေကြောင်းနဲ့ လေကြောင်းပြပွဲမှာ ပူးပေါင်းပါဝင်နေတဲ့  မြန်မာ့တပ်မတော် ( ရေ ) တပ်က မဟာသီဟသူရ ( အက်ဖ် – ၂၃) သဘောင်္နဲ့  အလုပ်သမားတွေကို တင်ဆောင်ကာ  မတ်လ ၂၇ ရက်နေ့  မြန်မာ ရေပိုင်နက်ထဲ ၀င်ရောက်မယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးနဲ့ နီးစပ်သူ ကိုသီဟကျော်က အလုပ်သမား အများစုဟာ အိုဗာစတေး ရက်လွန်နေထိုင်မှုနဲ့ ဖမ်းဆီးထိန်းသိမ်း ခံထားရတာ ဖြစ်ပြီး မတ်လ ၂၅ ရက်နေ့ မလေးရှားကနေ ထွက်ခွာနိုင်အောင် မြန်မာသံရုံးက စီစဉ်နေ တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့  မလေးရှားခရီးစဉ်မှာ သူတို့ကို ပြန်ခေါ်ဖို့ ပြောခဲ့တာလည်း ပါပါတယ်။ ဒီမတိုင်ခင် မြန်မာသံရုံးက စီစဉ်ဆောင်ရွက်ထားတာတွေလည်း အဓိကပါပါတယ်ခင်ဗျ။ ၂၅ ရက်နေ့ကို မြန်မာ့ တပ်မတော်ပိုင်စစ်သင်္ဘောနဲ့ ပြန်ခေါ်ဖို့ မြန်မာသံရုံးက သံအမတ်ကြီးတို့ စီစဉ်ဆောင်ရွက်နေ ပါတယ် ၊ လုမွတ်ဆိုတဲ့ ဆိပ်ကမ်းမြို့ကနေ ထွက်ခွါမယ်လို့ ပြောပါတယ်။”

ပြန်လာမည့်သူတွေဟာ ဗီဇာနေထိုင်ခွင့် ရက်ကျော်လွန် နေထိုင်သူတွေဖြစ်လို့ မလေးရှားမှာ ထောင် ၃ လ ကျခံရပြီးတဲ့နောက် နေရပ်ပြန်ဖို့အတွက် ယာယီထိန်းသိမ်း စခန်းမှာရှိနေပြီး  အိမ်ပြန်ဖို့မိသားစုနဲ့ အဆက်အသွယ်မရတဲ့ သူတွေ ၊ ပြန်ဖို့ လမ်းစရိတ်မရှိတဲ့သူနဲ့ နာမကျန်းသူတွေကို  အစိုးရအစီအစဉ်နဲ့  ပြန်ခေါ်တာလို့ သူက ဆက်ပြောပါတယ်။

မလေးရှားနိုင်ငံမှာ ဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေကို အစိုးရက စစ်သင်္ဘောနဲ့  ပြန်ခေါ်ယူတာဟာ ခုတကြိမ်ဟာ ပထမဆုံး အကြိမ်ဖြစ်ပြီး ဒီမတိုင်ခင်ကတော့ သီတဂူ ဆရာတော်က လေယာဉ်စင်းလုံးငှားပြီး ကူညီခေါ်ဆောင်ခဲ့ဖူးပါတယ်။

By နန်းမြနဒီ (ဒီဗွီဘီ)
http://burmese.dvb.no
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment