ဖမ်းဆီးခံထားရသည့်ကျောင်းသားများကို ထောင်ဝင်စာတွေ့ခွင့်ရပြီ


သာယာဝတီထောင်မှာ အဖမ်းခံထားရတဲ့ ကျောင်းသားတွေကို ဒီနေ့ကစပြီး မိဘတွေနဲ့ ထောင်ဝင်စာ တွေ့ခွင့် ပေးနေပြီလို့ သာယာဝတီ အန်အယ်လ်ဒီပါတီဝင် ကိုကျော်နိုင်ဦးက ပြောပါတယ်။

တနင်္ဂနွေနေ့ကလွဲပြီး ကျန်တဲ့နေ့တွေမှာ တပတ်တခါ ထောင်ဝင်စာ တွေ့ခွင့် ပေးမယ်လို့ ထောင်အာဏာပိုင်တွေက ပြောတယ်လို့ ဆိုပါတယ်။

ထောင်ဝင်စာလာတွေ့မယ့်သူတွေဟာ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်း ယူလာကြဖို့ လိုအပ်ပြီး အဲ့ဒီနှစ်ခု ပါမလာလို့ တွေ့ခွင့်မရတဲ့ မိဘတွေ သာယာဝတီထောင်မှာ တွေ့ခဲ့ရတယ်လို့လည်း ကိုကျော်နိုင်ဦးက ပြောပါတယ်။

ကျောင်းသားခါင်းဆောင်တွေဖြစ်ကြတဲ့ မင်းသွေးသစ်နဲ့ မဖြိုးဖြိုးအောင်တို့ မိဘတွေ ဒီနေ့ညနေပိုင်း ထောင်ဝင်စာလာတွေ့ဖို့ ရှိတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။

မတ်လ ၁၀ ရက် လက်ပံတန်းကျောင်းသားသပိတ်ဖြိုခွဲမှုအတွင်း ဖမ်းထားတဲ့ ရာနဲ့ချီတဲ့ကျောင်းသားနဲ့ ၀န်းရံသူတွေ သာယာဝတီထောင်ထဲမှာ ချုပ်နှောင်ထားတာ ဖြစ်ပြီး သူတို့ကို ပုဒ်မ အနည်းဆုံး ၅ ခုလောက်နဲ့ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment