ကိုနန္ဒာစစ်အောင်ကို ကမာရွတ်ရဲစခန်း ထုတ်

လက်ပံတန်းမြို့မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကျောင်း သူတွေနဲ့ အားပေးကူညီသူတွေကို ပြန်လွှတ်ပေးဖို့ ရန်ကုန်မြို့ မှာ မတ်လ ၂၇ ရက်နေ့က ဆန္ဒပြတောင်းဆိုကြစဉ်။ Photo : Kyaw Zaw Win, Kyaw Lwin Oo, Aung Ko Ko/RFA
မတ်လ ၂၇ ရက်နေ့က ရန်ကုန်ဆန္ဒပြပွဲအပြီး အဖမ်းခံ လိုက်ရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီဝင် ကိုနန္ဒာစစ်အောင်ကို မတ်လ ၃၀ ရက်နေ့မနက် ၁၀ နာရီဝန်းကျင်မှာ ကမာရွတ် ရဲစခန်းကို ထုတ်မယ်လို့ ဖခင်ဖြစ်သူက တဆင့်သိရ ပါတယ်။

စနေနေ့ကလည်း ကိုနန္ဒာစစ်အောင်ကို မိသားစုက လမ်းမတော်ရဲစခန်းမှာ ၁၀ မိနစ်နီးပါးတွေ့ခွင့်ရခဲ့တယ် လို့ ပြောပါတယ်။ သူ့ကို သပိတ်ကိစ္စတွေနဲ့ ပတ်သက် လို့ အမှုပေါင်း ၃၈ မှုလောက်ဖွင့်ထားတယ်လို့ ဖခင်ဖြစ်သူ ဦးဌေးက RFA ကိုပြောပါတယ်။

"ဒီ ၂ လပိုင်းကအပါအဝင် တချို့ကိစ္စတွေကသူ ဦးဆောင်တာမဟုတ်ဘူး၊ လူငယ်တွေ ဆောင်ရွက် ကြတာ၊ ဒါပေမယ့် သူ့နာမည်နဲ့ အကုန်အမှုဖွင့်ခံရ တာ၊ အားလုံးပေါင်း ၃၈ မှုလောက်ရှိ တယ်၊ နောက်ထပ်ဘယ်လောက်တိုးဦးမလဲ မသိဘူး"

ကိုနန္ဒာစစ်အောင်ဟာ ၂၀၀၃ ခုနှစ်ကလည်း ဗကသများအဖွဲ့ချုပ်ပြန်လည်ဖွဲ့စည်းဖို့ ကြိုးစားခဲ့တဲ့အတွက် ထောင်ဒဏ် အနှစ် ၂၀ အချခံရပြီး၊၂၀၁၂ ခုနှစ် မှာပြန်လွတ်ခဲ့တာ ဖြစ်ပါတယ်။ အခုလည်း ပင်မသပိတ် စစ်ကြောင်း ကိစ္စအတွက် ဝရမ်းထုတ်ခံရပြီး အဖမ်းခံလိုက်ရတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment