မြောင်းမြ - ဝါးခယ်မကားလမ်းမှာ လမ်းဖြတ်ကူးသူအား ထော်လာဂျီယာဉ်မှ တိုက်မိတိမ်းမှောက်၍ ၃ ဦးသေဆုံး၊ ၈ ဦး ဒဏ်ရာရ



လမ်းဖြတ်ကူးသူအား ထော်လာဂျီယာဉ်မှ တိုက်မိတိမ်းမှောက်၍ သေဆုံး/ဒဏ်ရာရ

နေပြည်တော်၊ မတ် ၂၈

၂ဝ၁၅ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့ နံနက် ၉ နာရီ ၂ဝ မိနစ်အချိန် ဧရာဝတီတိုင်း ဒေသကြီး၊ အိမ်မဲမြို့နယ်၊ ပျဉ်းမငူကျေးရွာ၊ မြောင်းမြ- ဝါးခယ်မကားလမ်း၊ မိုင်တိုင်အမှတ်(၁၂/၅-၆)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ အိမ်မဲမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

 စစ်ဆေးချက်အရ ဝါးခယ်မဘက်မှ မြောင်းမြဘက်သို့ ပန်းတနော်မြို့နယ်၊ ပျဉ်းမကုန်းကျေးရွာနေ ဦးချွတ်(၅ဝ)နှစ်မောင်းနှင်လာသော ထော်လာဂျီယာဉ်သည် လမ်းဖြတ်ကူးသူ အိမ်မဲမြို့နယ်၊ လယ်တော်ချောင်းကျေးရွာနေ ခေါ်ခင်သန်း(ခ)ဘူးသီးမ(၅၂)နှစ်အား ရှောင်တိမ်းစဉ် ဒေါ်ခင်သန်း(ခ)ဘူးသီးမမှာ ထော်လာဂျီယာဉ်ဖြင့် ချိတ်ပါသွားပြီး ထော်လာဂျီယာဉ်မှာ လမ်းဘေး၌ ရပ်ထားသည့် ဆိုင်ကယ်ပေါ်သို့ပိ၍ တိမ်းမှောက်သွားခဲ့ကြောင်းသိရှိရသည်။

 ထိုသို့တိုက်မိတိမ်းမှောက် မှုကြောင့် ဒေါ်ခင်သန်း(ခ)ဘူးသီးမ၊ ဦးချွတ်နှင့် ထော်လာဂျီယာဉ်ပေါ်တွင်လိုက်ပါလာသည့် ပန်းတနော် မြို့နယ်၊ ဥတိုကျေးရွာနေ စောသဲမောင်(၁၅)နှစ်ပါ ကျား ၅ ဦး၊ မ ၆ ဦး၊ စုစုပေါင်း(၁၁)ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် မြို့သစ်ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသခဲ့ရာ ဦးချွတ်၊ စောသဲမောင်နှင့် ဒေါ်ခင်သန်း(ခ)ဘူးသီးမတို့ ၃ ဦးမှာ ရရှိသောဒဏ်ရာများဖြင့် ဆေးရုံ၌သေဆုံးသွားခဲ့သောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ဦးချွတ်အား အိမ်မဲမြို့မရဲစခန်းယာဉ်(ပ)၁ဝ/၂ဝ၁၅၊ ပြစ်မှုပုဒ်မ-၃ဝ၄-က/ ၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment