ဟင်းဖိုးငွေတောင်းသည့်ကိစ္စအား မကျေနပ်၍ ညီအစ်ကိုဝမ်းကွဲချင်း ဓားခုတ်မှုဖြစ်ပွား


 အောင်လံ သြဂုတ် ၂၅

 မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ် ချင်းစခန်းကြီး ကျေးရွာ၌ သြဂုတ် ၂၄ ရက် မွန်းလွဲ ၂ နာရီခန့်က ဟင်းဖိုးငွေ တောင်းသည့် ကိစ္စကို မကျေနပ်၍ ညီအစ်ကိုဝမ်းကွဲချင်း ဓားခုတ်မှုဖြစ်ပွားကာ သေဆုံး သွားကြောင်း သိရသည်။

အောင်လံမြို့နယ် ချင်းစခန်းကြီးကျေးရွာနေ ဒေါ်မိုးမိုး(၄၆နှစ်)သည် နေအိမ်၌ ခင်ပွန်းဖြစ်သူ ကိုချစ်ရွှေ (၄၅နှစ်)နှင့်အတူရှိနေစဉ် အနောက်ဘက်ခြံ ချင်းကပ်လျက်နေ ကိုချစ်ရွှေနှင့်ညီအစ်ကိုဝမ်းကွဲတော်စပ်သူ ဦးချစ်မောင် (၅၃နှစ်)မှာ အရက်မူးပြီး နေအိမ်ခြံစည်းရိုးနားမှနေ၍ ယခင်နေ့က ချစ်ရွှေက ၄င်းထံမှရရန်ရှိသည့် ဟင်းဖိုးငွေတောင်းသည့်ကိစ္စအား မကျေနပ်၍ အော်ဟစ်စိန်ခေါ်နေကြောင်း၊ ခဏအကြာ ဦးချစ်မောင်၏အသံ ပျောက်သွား ၍ ကိုချစ်ရွှေမှာ ရွာမြောက်ဘက်ရှိပြောင်းခင်းသို့ နွားစာပြောင်းခုတ်ရန် ဓားဆွဲပြီး ထွက်သွားစဉ် ဦးချစ်မောင်နောက်မှလိုက်သွားသည်ကို မြင်ရသဖြင့် ဒေါ်မိုးမိုးသည် နေအိမ်နောက်ဖေး ကြမ်းပြင်ပေါ်သို့ တက်ကြည့်ရာ ကျေးရွာ မြောက်ဘက် ပေ ၁ဝဝ ခန့်အကွာ လူသွားလမ်းပေါ်တွင် ကိုချစ်ရွှေမှာ လဲကျ နေသည်ကို တွေ့ရပြီး ဦးချစ်မောင်က ဓားနှင့်ခုတ်နေသည်ကို တွေ့ရသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့က သွားရောက်ကြည့်ရှုရာ ကိုချစ်ရွှေတွင် ပြတ်ရှဒဏ်ရာများရရှိသေဆုံးနေကြောင်း သိရှိရသဖြင့် ဓားဖြင့်ခုတ်သူ ဦးချစ်မောင်ကို အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်ညီညာ(မြေလတ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment