မြ၀တီ တံတားကျိုးဂိတ်တွင် အမေရိကန်ဒေါ်လာ (၁၀) သိန်းကျော် ဖမ်းဆီးရမိ

ပုံစာ - ယမန်နေ့က တံတားကျိုးဂိတ်တွင် ဖမ်းဆီးရမိခဲ့သည့် အမေရိကန် ဒေါ်လာငွေများ ။
မြ၀တီတွင် အမေရိကန်ဒေါ်လာငွေ (၁၀) သိန်းကျော်နှင့်အတူ ဖမ်းဆီးရမိခဲ့သည့် ငွေပိုင်ရှင် အပါအ၀င် လူ ၃ ဦးကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ - ၄၂ အရ အရေးယူ သွားရန်ရှိသည်ဟု သိရှိရသည်။

အဆိုပါငွေများကို ယမန်နေ့နံနက်က မြ၀တီမြို့ နယ်ရှိ တံတားကျိုး စစ်ဆေးရေး ဂိတ်တွင် ဖမ်းဆီးရမိခြင်း ဖြစ်သည်။

အဖမ်းခံရသူများမှာ ငွေပိုင်ရှင်ဦးသန်းအောင် (မြ၀တီမြို့) မြ၀တီသို့ငွေလာပို့သူ ကိုစည်သူအောင် (မင်္ဂလာတောင်ညွန့်မြို့ နယ် - ရန်ကုန်တိုင်းဒေသကြီး ) မော်တော်ဆိုင်ကယ်ဖြင့် လိုက်ပါပို့ဆောင်သူ ကိုစနေထွန်း (ကော့ကရိတ်) တို့ဖြစ်သည်။

လက်ရှိတွင် ၎င်းတို့ ၃ ဦးကို သင်္ကန်းညီနောင် နယ်မြေရဲစခန်းတွင် ထိန်းသိမ်းထားပြီး အမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေသည်ဟု သိရှိရသည်။

ဖမ်းဆီးရမိသည့် ဒေါ်လာငွေများမှာ ၁၀၀ တန်နှင့် ၅၀ တန်များဖြစ်ပြီး စုစုပေါင်းတန်ဘိုး (၁၀၃၃၃၅၀ ) ဖြစ်သည်။

လက်ရှိအချိန်ထိ အဆိုပါဒေါ်လာငွေများမှာ အစစ်(သို့)အတု ဖြစ်သည်ကို သက်ဆိုင်ရာတာဝန်ရှိသူများက အတည်ပြုပြောဆိုခြင်းမရှိသေးဟု မြ၀တီမြို့အခြေစိုက် မီဒီယာသမားတဦးကပြောသည်။

သတင်း - ကရင်အမျိုးသား(မီဒီယာ)
https://www.facebook.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment