တာဝန်မှအနားယူသွား သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မြေး ဖိုးလပြည့် (ခ) နေရွှေသွေးအောင်က ၎င်းနှင့်ပတ်သက်သော ကောလာဟလများကို လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြေရှင်းခဲ့ခြင်းမှာ ၎င်း၏အကြောင်း ကို အမှန်အတိုင်းသိစေလို၍ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ဖိုးလပြည့်နှင့် ပတ်သက်၍ ထွက်ပေါ်ခဲ့သော စင်ကာပူတွင် ကျောင်းတက်သည်ဆိုသည့်ကိစ္စ၊ မင်းသမီးများနှင့်ကိစ္စ၊ ရဟတ်ယာဉ်မောင်း အသုံးပြုသည်ဟူသောကိစ္စ၊ ဗိုလ်ချုပ်ကြီးတင်အောင်မြင့်ဦး၏သား ကော်ဖီဆိုင်ကို ဘူဒိုဇာဖြင့် ထိုးသည်ဟူသော ကိစ္စစသည်ဖြင့် ပေါ်ထွက်ခဲ့ဖူးသော အကြောင်းအရာများကို တစ်ခုချင်းစီရေးသားထားကာ မဟုတ်မှန်ကြောင်း ဖြေရှင်းထားသည်။
ထို့အပြင် သတင်းများထွက် ပေါ်သကဲ့သို့ ၎င်းသည် ကောင်းလား၊ ဆိုးလား ဆိုသည်ကို အနီးတွင်ရှိသော မိတ်ဆွေသူငယ်ချင်း များ၊ မိဘဆရာများကို မေးကြည့်လျှင် သိနိုင်ကြောင်း ၎င်းကဆို သည်။
‘‘ကျွန်တော့်ရဲ့ မိတ်ဆွေတွေ၊ ဆရာသမားတွေ၊ မိဘတွေ သူတို့ ကို မေးပါ။ သူတို့ကောင်းတယ် ဆိုရင် ကောင်းတယ်။ သူတို့ မ ကောင်းဘူးဆိုရင် မကောင်းဘူး ပေါ့။ တကယ်အပြင်မှ ထိတွေ့နေတဲ့သူတွေကို မေးစေချင်ပါတယ်’’ ဟု ဖိုးလပြည့်က ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ဖိုးလ ပြည့်အသုံးပြုသည့် ဖေ့စ်ဘွတ်ခ် စာမျက်နှာမှတစ်ဆင့် ၎င်းနှင့် ပတ် သက်၍ ထွက်ပေါ်ခဲ့သော သတင်းများကို မဟုတ်မှန်ကြောင်း ဖြေရှင်းသည့်ပုံစံဖြင့် စာရေးသားတင်ခဲ့ သည်။
ထို့အတူ မန်ယူဘောလုံးအ သင်းကို ၀ယ်မည်ဆိုသည့် ကိစ္စမှာလည်း မဟုတ်မှန်ဘဲ ၎င်းသည် ချယ်လ်ဆီးအသင်း၏ ပရိသတ် ဖြစ်ကြောင်း ရေးသားထားသည်။ ထို့အပြင် ၁၀ တန်းစာမေးပွဲအောင်မြင်ခဲ့စဉ်က မြန်မာတစ်နိုင်ငံလုံး နံပါတ် (၁) ရခဲ့သည်မှာ မဟုတ်မှန် ဘဲ နံပါတ် (၆)သာ ချိတ်ခဲ့ကြောင်း ရှင်းလင်းထားပြီး ယာဉ်ထိန်းရဲကို ထိုးကြိတ်သည်ဟူသောကိစ္စ၊ မူးယစ်ဆေးဝါးသုံးသည်ဆို သောကိစ္စ၊ ပြိုင်ကားကိစ္စ၊ ဂျာနယ်တိုက်ဝင်စီးသည်ဟူသော ကိစ္စများမှာလည်း မဟုတ်မှန်ကြောင်း အချက်တစ်ခုချင်းအလိုက် ငြင်းဆိုထားသည်။
သို့သော် ဆီးဂိမ်းတွင် ကတ် ပြားမပါဘဲ ၀င်သည်ဟူသော ကိစ္စကိုမူ ၀န်ခံထားပြီး ‘‘ကြောက်ပါပြီ ခင်ဗျာ..နောက်ဆို ကတ်ပြားကို အချိန်ပြည့်ဆွဲထားပါ့မယ်’’ ဟု လည်း ရေးသားခဲ့သည်။
Source:7daydaily.com

0 comments:
Post a Comment