မိုးလင်းလင်းချင်း ဒီအချက်(၃)ချက်ကို ပြုမူလုပ်ဆောင်ခြင်းဟာ သင့်ရဲ့တစ်နေ့တာကို ပျက်စီးသွားစေတာ

သင့်တစ်နေ့တာရဲ့အစကို ပျက်စီးစေနိုင်တဲ့ အချက်တွေကတော့ အများကြီးပေါ့။ အလျင်လိုနေကာမှ လမ်းမှာ ကားပိတ်မိနေတာမျိုး၊ မိုးဖွားလေးတွေ ကျလာမှ ထီးမေ့ကျန်ခဲ့တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် သင်ကိုယ်တိုင် တမင် ဖန်တီးယူလိုက်ပြီး သတိမထားမိလိုက်တဲ့ ဒီအချက်လေးတွေ ကလည်း သင့်ရဲ့ စွမ်းအားအပြည့်ရှိတဲ့ နေ့တစ်နေ့ကို အစမှာတင် ဖျက်ဆီးလိုက်နိုင်ပါတယ်တဲ့။ လေ့လာကြည့် ရအောင်။
(၁)     မနက်အစောကြီးမှာ ကော်ဖီသောက်ခြင်း
မနက်မိုးမလင်းခင် အစောကြီးဆိုတာ ကော်ဖီအတွက် အချိန်ကောင်းတစ်ခု မဟုတ်ပါဘူး။ သင် ပထမဦးဆုံး နိုးနိုးလာချင်းမှာ သင့်ရဲ့ စွမ်းအားအခြေအနေတွေ မြင့်တက်နေပါတယ်။ ဒီအခါ ကော်ဖီမှာ ပါတဲ့ အပိုသကြားဓါတ်တွေက သင့်ကို ကတုန်ကယင်ဖြစ်ကျန်စေခဲ့ပါတယ်။ ဒီတွေ့ရှိချက်ကိုတော့ Maryland မှာရှိတဲ့ Uniformed Services University မှာရှိတဲ့ ကျန်းမာရေးသိပ္ပံဌာနမှ Ph.D Steven Miller က ပြောခဲ့တာ ဖြစ်ပါတယ်။ ဒီတော့ ကော်ဖီကို သင်အိပ်ရာထပြီးလို့ တစ်နာရီလောက်အကြာမှသာ သောက်သုံးသင့်ပါတယ်။ ဒီအခါမှာ သင့်ရဲ့ စွမ်းအင်တွေက အနည်းငယ် ပြန်လည်တည်ငြိမ်နေပြီဖြစ်လို့ ကော်ဖီက ဒီစွမ်းအင်တွေကို ညနေခင်းတိုင်အောင် ထိန်းသိမ်းထားပေးပါလိမ့်မယ်။
(၂)     မနက်စာ အလွန်နည်းပါးခြင်း
          ဘယ်ရီသီးလက်တဆုပ်ကို ဖျော်စက်ထဲထည့်ကြိတ်လို့ ဒိန်ချဉ်တစ်ခွက်နဲ့ ရောသောက်လိုက်တယ် ဆိုတာ ကြားရတာ ကောင်းသလိုရှိပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်ပြည့်စုံတဲ့ မနက်ခင်းစာ တခွက်မဟုတ်ပါဘူး။ မလုံလောက်တဲ့ မနက်စာက သင့်ကို ညနေခင်းမှာ ဗိုက်ကားအောင် အစားအများကြီး စားဖြစ်စေပါလိမ့်မယ်။ ပြီးတော့လည်း သင့်ကို အဟာရမလုံလောက်စေရုံသာမက နေ့လည်စာ မတိုင်ခင်အထိ အစာစားချင်စိတ် ပျောက်ဆုံးနေစေတတ်ပါတယ်။ မနက်စာမှာ အနည်းဆုံး ပရိုတိန်းဓါတ် (၁၅)ဂရမ် ၊ အမျှင်ဓါတ် (၂.၅ )ဂရမ်၊ ကာဗွန်ဟိုက်ဒရိတ် အနည်းငယ်နဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီပမာဏ အနည်းငယ်လည်း ပါဝင် ရပါမယ်လို့ ဆေးပညာရှင်တွေက ဖော်ပြထားပါတယ်။
(၃)     သင့်ရဲ့ E-mail ကို အရင်ဆုံးစစ်မိခြင်း
          ဒါကလည်း မပြုလုပ်သင့်တဲ့ အလေ့အကျင့်တစ်ခုပါပဲ။ အိပ်ရာထထချင်း သင့်ရဲ့မေးလ်ကို စစ်လိုက်တဲ့ မျက်လုံးတွေက တစ်နေ့တာလုံးအတွက် ဖိအားတွေကို အစပြုပေးလိုက်သလို ဖြစ်စေပါတယ်လို့ Ph.D Melissa McCreery က ပြောပါတယ်။ ဆိုလိုတာက မနက်ထထချင်းမှာ မေးလ်စစ်လိုက်လို့ ဖြစ်သွားမယ့် အလုပ်နဲ့ပတ်သက်တဲ့ ဖိအားတွေကို အရင်မယူသင့်ပါဘူး။ ကြည်လင်တဲ့စိတ်နဲ့ သင့်တစ်နေ့တာရဲ့ မနက်ခင်းကို အရင်စတင်သင့်ပါတယ်။ လေ့ကျင့်ခန်းအနည်းငယ်လုပ်မယ် ၊ မနက်စာ ကောင်းကောင်းစားမယ်၊ အိမ်သားတွေနဲ့ စကားစမြည်ပြောမယ် ဒါတွေလုပ်ပြီးမှ အလုပ်အကြောင်းကို ခေါင်းထဲ ထည့်သင့်ပါတယ်။ ဒီအချက်က သင့်ကို အလုပ်ထဲရောက်တဲ့အထိ စိတ်ကြည်လင်သွားစေနိုင်ဖို့ အစပြုပေးလိုက်တာပါပဲ။
          ဒီတော့ သတိမပြုမိတဲ့ ဒီအချက်လေးတွေ သင့်မှာ အလေ့အကျင့်ဖြစ်နေတယ်ဆိုရင်တော့ ပြင်သင့်ပါပြီ။  ခွန်အားအပြည့်နဲ့ လန်းဆန်းတဲ့ မနက်ခင်းလေးတစ်ခုကို အစပြုနိုင်မှသာ တစ်နေ့တာလုံး အောင်မြင် ချောမွေ့စွာ ဖြတ်သန်းနိုင်မှာပါလို့ အကြံပြုလိုက်ပါရစေ။
Ref:womenshealthmag.com
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment