“သင်ချစ်တဲ့သူ” နဲ့ “သင်ကြိုက်တဲ့သူ” နှစ်ဦးကြား မတူညီတဲ့အချက်

တစ်ခါတစ်လေ သူ့ကိုငါ ကြိုက်နေတာလား၊ ဒါမှမဟုတ် ချစ်မိနေတာလားဆိုပြီး စဉ်းစားမိဖူးမှာပါ။ ဝေခွဲမရဖြစ်နေရင် ဒီအချက်ကလေးတွေနဲ့ စဉ်းစားကြည့်လိုက်ပါ။
-သင်ချစ်တဲ့ သူရှေ့မှာ သင့်နှလုံးခုန်နှုန်း ပိုမြန်လာတယ်။ ဒါပေမယ့် သင်ကြိုက်တဲ့သူရှေ့မှာတော့ သင်ပျော်တယ်။
-သင်ချစ်တဲ့သူရှေ့မှာ ဆောင်းဟာ နွေဦးလို့ ထင်ရတယ်။ ဒါပေမယ့် သင်ကြိုက်တဲ့သူရှေ့မှာတော့ ဆောင်းက လှပတဲ့ ဆောင်းရာသီသာဖြစ်ခဲ့တယ်။
-သင်ချစ်တဲ့သူရဲ့မျက်လုံးအစုံကို ကြည့်မိတဲ့အခါ ရှက်စိတ်ကြောင့် သင့်မျက်နှာ နီမြန်းသွားတယ်။ ဒါပေမယ့် သင်နှစ်သက်တဲ့သူရဲ့မျက်လုံးကို ကြည့်တဲ့အခါ သူ့ကို သင်ပြုံးပြတယ်။
-သင်ချစ်တဲ့ သူရှေ့မှာ စိတ်ထဲရှိသည့်အတိုင်း သင်ဖွင့်မဟုတ်တတ်ခဲ့ဘူး။ ဒါပေမယ့် သင်ကြိုက်တဲ့သူရှေ့မှာ သင်ပြောနိုင်တယ်။
-သင်ချစ်တဲ့သူရှေ့မှာ သင်ရှက်ကိုးရှက်ကန်းနဲ့ ဖြစ်လေ့ရှိတယ်။ ဒါပေမယ့် သင်ကြိုက်တဲ့ သူရှေ့မှာ မိမိပင်ကိုယ်အတိုင်း သင်နေပြနိုင်တယ်။
-သင်ချစ်တဲ့ သူရဲ့မျက်လုံးအစုံကို သင်တည့်တည့်မကြည့်ရဲပေမယ့် သင်ကြိုက်တဲ့သူရဲ့ မျက်လုံးကို အမြဲပြုံးပြီး သင်ကြည့်နိုင်တယ်။
-သင်ချစ်တဲ့သူ ငိုကြွေးနေချိန် သူနဲ့အတူ သင်ငိုကြွေးတယ်။ ဒါပေမယ့် သင်ကြိုက်တဲ့သူ ငိုကြွေးနေချိန် သင်နှစ်သိမ့်မှုပေးတယ်။
Ref: Things a girl wants from her boyfriend
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment