The Spa ရုပ်ရှင်ဇာတ်ကားဟာ အနုပညာအနေနဲ့ နောက်ထပ်စိန်ခေါ်မှု တစ်ခုလို့ပြောတဲ့ အောင်ရဲလင်း


ဒါရိုက်တာညိုမင်းလွင်ရိုက်ကူးနေတဲ့ The Spa ရုပ်ရှင်ဇာတ်ကားကို အောင်ရဲ လင်းကlily Panipak  ၊ ဆုမြတ်နိုးဦးတို့နဲ့အတူ ရိုက်ကူးနေပါတယ်။ ဒီဇာတ်ကားထဲမှာ အခုလိုမျိုး နိုင်ငံခြားသားနဲ့အတူ တွဲပြီးသရုပ်ဆောင်တာ ပထမဦးဆုံးဖြစ်ပြီး ကိုယ် တိုင် လည်း အမှားအယွင်းနည်းနိုင်အောင် ဇာတ်လမ်းထဲပဲ အာရုံစိုက်ပြီး ကြိုးစားရိုက်ကူးကြောင်း အောင်ရဲလင်းက ပြောပါတယ်။  “ဒီဇာတ်ကားထဲမှာ ကျွန်တော်က ကောင်မလေးကို လိုက် ပြီး ကူညီရတဲ့သူပေါ့။ ဒီဇာတ်ကားလေးကို ကြည့်ရတဲ့အခါမှာလည်း ပရိသတ်တွေတစ်မျိုးတော့ သစ်သွားမှာပေါ့လေ။ ဒီဇာတ်ကားမှာ  အင်္ဂလိပ်လိုပြော ရတာတွေများတယ်။ မြန်မာလိုပြောရ တဲ့ ဆင်းန်တွေလည်းပါပါတယ်။ ကောင်မလေးနဲ့ ပြောတဲ့ အခါကျတော့ အင်္ဂလိပ်လိုပဲ ပြောရတယ်။ အဲဒီအခါ ကျတော့ မြန်မာစာတန်းထိုးပေါ့။အမြဲတမ်းသုံးနေကျ စကားလုံးတွေ မဟုတ်တဲ့အတွက်ကြောင့်မို့ နည်းနည်းတော့ အခက်အခဲရှိတာပေါ့။ ဒါက ကျွန်တော့်ရဲ့ ပထမဦးဆုံးအင်္ဂလိပ် စကားပြောပြီး ရိုက်တဲ့ကားဖြစ်တဲ့ အတွက် ကြည့်တဲ့ပရိသတ်ကိုလည်း အင်္ဂလိပ်စကားပြောမပါဘဲနဲ့ကို နားလည်
စေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မျက်လုံးတွေနဲ့ သရုပ်ဆောင်တဲ့အချိန်မှာ နားလည်စေချင်တယ်” လို့ ပြောပါတယ်။
ထိုင်းမင်းသမီး lily panipak နဲ့ အတူ တွဲပြီး သရုပ်ဆောင်တဲ့အခါမှာ အတွေ့အကြုံသစ်တွေလည်း အများကြီးရကြောင်းကို အောင်ရဲလင်းက “မင်းသမီးကသဘောကောင်းပြီး စိတ်ရင်းလည်းကောင်းပါတယ်။ ပြီးတော့ သူတို့ အပစန ကကျတော့ အေးအေးဆေးဆေးပဲဆိုတော့ပဲများတာတွေ ဘာတွေ လည်းမရှိဘူး။ လွတ်လွပ်လပ်လပ်ပေါ့ပေါ့ပါးပါး ဖြစ်တယ်ဆိုတော့ အလုပ်တွဲ လုပ်ရတာလည်း ကောင်းပါတယ်။ ပြီးတော့အပြောင်း အလဲလေးလည်း ဖြစ်သွားတာပေါ့။ သူတို့ နိုင်ငံက အမှန်တိုင်းပြောရရင်တော့ ကျွန်တော် တို့ နိုင်ငံနဲ့မတူတဲ့ အိုက်တင်တွေကကျတော့ သူတို့က အိုက်တင် သိပ်ပြီးမလုပ်ဘူး။ detail  မလုပ်ဘူး။ ပေါ့ပါးတယ်။ အိုက်တင်ကြီးကို အတင်းမလုပ်ပြဘူး။ သူတို့က relax ဖြစ်တယ်။ အဲဒါလေး ကိုတော့ ကြိုက်တယ်။ အခုလို နိုင်ငံခြားသားနဲ့ တွဲရိုက်ကူး ချိန်မှာကျွန်တော့်အတွက်ပညာလည်း အများကြီးရပါ တယ်။ သူနဲ့ကိုယ်နဲ့ အချိတ်အဆက်မိေ အာင်လေးပဲ သရုပ်ဆောင်ပါတယ်။ ဒီဇာတ်ကားလေးက ကားနာမည် ဖြစ်တဲ့ The Spa  ဆိုတာနဲ့တင် ဆွဲဆောင်မှုရှိတယ်။ ကျွန် တော်ရဲ့ နိုင် ငံခြားသားနဲ့ ရိုက်တဲ့ဟာက ပထမဦးဆုံးအတွေ့အကြုံတစ်ခုပါပဲ။ ကျွန်တော့်အတွက် အသစ် ဖြစ်စေတယ်လေ။ ကျွန်တော့်အနေနဲ့ အသစ်အ ဆန်း တွေပေါ်မှာ စိတ်ဝင်စားတယ်ဆိုတော့ ဒါလေးကလည်း ကျွန်တော်အတွက် တကယ့်ကိုပဲ စိတ်ဝင်စားစရာ ကောင်း ပါတယ်။ကျွန်တော့် အတွက် နောက်ထပ်စိန်ခေါ်မှုတစ်ခုပါပဲ”လို့ပြောပါ တယ်။
လွင်လွင်ထွန်း
ဓာတ်ပုံ-မင်းမင်းထွန်း
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment