အမေရိကန်ရုံ ၀င်ငွေဇယားကို ဒစ်စနေ၏ ဆင်ဒရဲလား ဇာတ်ကားသစ် ဦးဆောင်နေ



အောင်ပိုင်
နယူးယောက် ၊ မတ် (၂၀)
               ပြီးခဲ့သည့် သီတင်းပတ်တွင် စတင် ပြသခဲ့သည့် ဒစ်စနေ၏ ဇာတ်ကားသစ်  “Cinderella” သည် စတင်ပြသသည့် သီတင်းပတ် ကုန်ဆုံးရက်တို့တွင် အမေရိကန် ဈေးကွက်မှ ရုံဝင်ငွေ ဒေါ်လာသန်း (၇၀)ကျော် ရရှိခဲ့ပြီး အမေရိကန် ရုံဝင်ငွေဇယားကို ကြီးစိုးနိုင်ခဲ့ကြောင်း သတင်းများက ဆိုထားသည်။
             ထို့အပြင် စတင်ပြသသည့် သီတင်းပတ်တွင် နိုင်ငံတကာ ဈေးကွက်ဆီမှလည်း  ရုံဝင်ငွေ ဒေါ်လာ (၁၃၂) သန်းကျော် ရရှိပြီးဖြစ်သည့် အတွက် ယခုနှစ်၏၀င်ငွေ အကောင်းဆုံး ဇာတ်ကား ပြိုင်ပွဲသို့ အလိုအလျောက် ရောက်ရှိပြီး ဖြစ်သည်။
              ယခုဇာတ်ကားသည်  ဒစ်စနေ၏ ဟောလီးဝုဒ် ဇာတ်ကား ဖြစ်သော်လည်း ပါဝင်ထားသည့် သရုပ်ဆောင်များမှာ ဗြိတိန် သရုပ်ဆောင်များ ဖြစ်ကြသည်။ ယင်းတို့ နှစ်ယောက်ကို အားဖြည့်ထားသည့် သရုပ်ဆောင်များတွင် နာမည်ကျော် ဟောလီးဝုဒ် သရုပ်ဆောင်များ ဖြစ်ကြသည့် ကိတ်ဘလန်းချက်၊ ဟယ်လင်နာဘို ဟမ်ကာတာတို့ ပါဝင်ထားကြသည်။
               ရုံဝင်ငွေဇယား လေ့လာဆန်းစစ်သူများက အမေရိကန် ပြည်ထောင်စုတွင် အထက်ပါ ဇာတ်ကား ရုံဝင်ငွေ များခဲ့ခြင်းမှာ အမျိုးသမီး ရုပ်ရှင်ကြည့်သူများ၊ မိသားစုများနှင့် အသက် (၂၁) နှစ် အရွယ်များ နှစ်သက် အားပေးခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဆိုထားသည်။
             စင်ဒရဲလား ဇာတ်ကားသစ် အထက်ပါ အတိုင်း လူကြိုက် များနေသော်လည်း ယင်းဇာတ်ကားနှင့် တစ်ပြိုင်တည်း ရုံတင် ပြသခဲ့သည့် မင်းသားကြီး လီယန်းနယ်ဆင်၏ ဇာတ်ကားသစ်  “Run All Night” မှာ အခြေအနေ ကောင်းမွန်ခြင်းမရှိဘဲ စတင်ပြသသည့် သီတင်းပတ်တွင် အမေရိကန် ဈေးကွက်မှ ရုံဝင်ငွေဒေါ်လာ (၁၁) သန်းသာ ရရှိခဲ့ပြီး အထိ နာခဲ့ရသည်။
              ယင်းဇာတ်ကား နှစ်ကားနောက် အမေရိကန် ရုံဝင်ငွေဇယား တတိယ နေရာတွင် ရပ်တည်နေသည့် ဇာတ်ကားမှာ ဗြိတိန်စပိုင် အက်ရှင် ဇာတ်ကား “Kingsman”  ဖြစ်ပြီး  ရုံဝင်ငွေ ဒေါ်လာ ခြောက်သန်းကျော် ရရှိထားသည်။ ယင်းဇာတ်ကားသည် အမေရိကန်ရုံ ၀င်ငွေဇယား၏ တတိယနေရာတွင် သီတင်းပတ် ငါးခုဆက်တိုက် ရပ်တည်နေခြင်း ဖြစ်ပြီး စတင်ပြသသည့် အချိန်မှ ယခုအချိန်အထိ မြောက်အမေရိက ဈေးကွက်မှ ရုံဝင်ငွေဒေါ်လာ (၁၀၇) သန်းကျော်ကို ရရှိထားပြီး ဖြစ်ကာ ဗြိတိန်စပိုင် အက်ရှင် ဇာတ်ကားများ အမေရိကန်တွင် လူကြိုက်များနေဆဲ ဖြစ်ကြောင်းကို သက်သေ ပြထားသည်။
            ယခု သီတင်းပတ် အမေရိကန် ရုံဝင်ငွေဇယား (၄) နေရာနှင့် (၅) နေရာတို့တွင် မင်းသားဝီလ်စမစ်၏  “Focus” နှင့် စက်ရုပ်အက်ရှင် စွန့်စားခန်း ဇာတ်ကား “Chappie” တို့က အသီးသီး ရပ်တည်လျက် ရှိနေသည်။
Source:EW

Source:http://www.messengernewsjournal.com/entertainment/detail.php?id=34349



  • သုဘရာဇာကို တုန်လှုပ်သွားစေခဲ့တဲ့ သေရွာပြန် အမျိုးသမီး
  • လက်ရှိရည်းစားနဲ့ ရည်းစားဟောင်း နှစ်ဦးစလုံး မြစ်ထဲခုန်ချခဲ့တာကြောင့် ဘယ်သူ့ကယ်ရမှန်းမသိ အကျပ်ရိုက်ခဲ့တဲ့ အမျိုးသား
  • ဖက်ရှင်ကို အလွန်အမင်း အရေးပေးလာတဲ့ နယူးရော့ခ်ကို သရော်တဲ့အနေနဲ့ ကိုယ်တုံးလုံးပုံတွေချည်း ရိုက်ကူးထားတဲ့ ဓာတ်ပုံစာအုပ်တစ်အုပ် ထွက်ရှိ
  • ခေတ်စားနေတဲ့ စုံတွဲများ စုပေါင်း ကာမဆက်ဆံခြင်း
  • လက်တင်အမေရိကမှာ လူမြင်ကွင်း ကလေးနို့ရည်တိုက်ကျွေးခြင်း တားမြစ်ပါက ဒဏ်ငွေရိုက်မယ့်ဥပဒေပြဌာန်း
  • မကျွမ်းကျင်သေးတဲ့ လက်သည်းအလှပြုပြင်သူကြောင့် လက်သည်းခွံတွေ ဖယ်ရှားလိုက်ရတဲ့ မော်ဒယ်လ် အမျိုးသမီး
  • အတင်းဓမ္မပြုကျင့်ဖို့ ကြိုးစားသူရဲ့ တန်ဆာကို ပါးစပ်နဲ့ ကိုက်ဖြတ်
  • ထိုင်းနိုင်ငံမှာ “ရင်သားအောက်ပိုင်းတစ်ဝက်ပေါ် Selfie” ရိုက်တဲ့ အမျိုးသမီးတွေ ထောင်ဒဏ် (၅) နှစ်ကျခံရမယ်လို့ သိရ
  • ဈာပန အခမ်းအနားရောက်မှ အမေ မသေသေးတာ သိလိုက်ရတဲ့ သားသမီးများ
  • အိန္ဒိယနိုင်ငံမှာ နှလုံးက ခန္ဓာကိုယ်အပြင်ဘက် ငေါထွက်နေတဲ့ ကလေးမွေးဖွား
  • အမျိုးသားတွေကို စတာလင်ပေါင် ၃၅၀ ပေးပြီး သူမကို ကိုယ်ဝန်ရရှိအောင် ပြုလုပ်ပေးဖို့ ကမ်းလှမ်းခဲ့တဲ့ အမျိုးသမီး
  • အိမ်ဝယ်မယ်ဆိုရင်အိမ်ရှင်အမျို သမီးကသူ့ကိုအလကားရမယ်တဲ့
  • ချစ်တင်းနှီးနှောနေစဉ်လိင်အင်္ဂါကျိုးပျက်သွားတဲ့အမျိုးသား
  • ၁၁နှစ်သားနဲ့ ၁၅နှစ်သမီးကိုသတ်ပြီးရေခဲသေတ္တာထဲထည့်သိမ်းထားတဲ့မိခင်ဖမ်းခံရ

  • မိဘနှစ်ပါးကိုချက်ပြုတ်စားသောက်တဲ့သားမိုက်
  • Share on Google Plus

    About Editor

    This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
      Blogger Comment
      Facebook Comment

    0 comments:

    Post a Comment