၆ ပွင့်ဆိုင် ဆွေးနွေးပွဲ သောကြာနေ့မှာ လုပ်မယ်

အပစ်အခတ် ရပ်စဲရေးမူကြမ်း ဆွေးနွေးပွဲတစ်ခု ဓာတ်ပုံ - Nimrod Andrew  
မြန်မာနိုင်ငံမှာ ​၆ ​ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲကို ​သောကြာနေ့မှာ ​လုပ်ဖြစ်မယ်လို့ ​သိရပါတယ်။

မြန်မာ ​သမ္မတ ​ဦးသိန်းစိန်၊ ​လွှတ်တော် ​ဥက္ကဌ ​၂ ​ဦး၊ ​ကာကွယ်ရေး ​စစ်ဦးစီးချုပ် ​ဗိုလ်ချုပ်မှူးကြီး ​မင်းအောင်လှိုင်၊ ​ဒေါ်အောင်ဆန်းစုကြည်နဲ့ ​တိုင်းရင်းသား ​ကိုယ်စားလှယ်ဖြစ်တဲ့ ​ဒေါက်တာ ​အေးမောင်တို့က ​တွေ့ဆုံကြမှာ ​ဖြစ်တယ်လို့ ​ဒေါက်တာ ​အေးမောင်က ​ပြောပြတဲ့အကြောင်း ​လွှတ်တော်အမတ် ​ဦးရဲထွန်းရဲ့ ​ဖေ့စ်ဘွတ်မှာ ​ရေးသားထားပါတယ်။

၆ ​ပွင့်ဆိုင် ​ဆွေးနွေးပွဲအတွင်း ​၂၀၀၈ ​ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေ ​ပြင်ဆင်ရေးနဲ့ ​နိုင်ငံရေး ​ပြဿနာ ​ဖြေရှင်းရေးအကြောင်းတွေ ​ဆွေးနွေးလိမ့်မယ်လို့ ​မျှော်လင့်ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ​သမ္မတ၊ ​လွှတ်တော်၊ ​စစ်ဦးစီးချုပ်တို့နဲ့ ​လေးပွင့်ဆိုင် ​ဆွေးနွေးရေးကို ​လိုလားကြောင်း ​ပြောခဲ့ပေမယ့် ​အစိုးရကတော့ ​လေးပွင့်ဆိုင်က ​ဘောင်ကျဉ်းတဲ့အတွက် ​လေးပွင့်ဆိုင်အစား ​ခြောက်ပွင့်ဆိုင် ​ဆွေးနွေးမှုလုပ်ဖို့ ​ပြင်ဆင်ခဲ့တာ ​ဖြစ်ပါတယ်။

ပါလီမန်မှာ ​တိုင်းရင်းသားပါတီ ​၁၄ ​ပါတီရှိတဲ့အထဲက ​ဒေါက်တာ ​အေးမောင်ကို ​ကိုယ်စားလှယ်အဖြစ် ​ရွေးချယ်ခဲ့ကြတာ ​ဖြစ်ပါတယ်။

တခြား ​ဖြစ်ရပ်တစ်ခုမှာတော့ ​မြန်မာ ​စစ်တပ်နဲ့ ​တိုင်းရင်းသား ​လက်နက်ကိုင်အဖွဲ့တွေအကြား ​တစ်နိုင်ငံလုံး ​အပစ်အခတ် ​ရပ်စဲရေး ​လက်မှတ် ​ရေးထိုးနိုင်ဖို့အတွက် ​ဆွေးနွေးမှုတွေ ​ပြန်လည်စတင်နေပြီလို့ ​သိရပါတယ်။

အဲဒီလို ​ဆွေးနွေးနိုင်ဖို့အတွက် ​မြန်မာ ​ငြိမ်းချမ်းရေးစင်တာအနေနဲ့ ​တိုင်းရင်းသား ​လက်နက်ကိုင်အဖွဲ့တွေနဲ့ ​ဒီကနေ့ ​တွေ့ဆုံနေပြီ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment