ယုန်လေး နှင့် တွေ့ဆုံခြင်း


Original Gangster ဇာတ်ကားကို ဘယ်လို စီစဉ်ရိုက်ကူးဖြစ်သလဲဆိုတာ သိပါရစေ။
ဒီဇာတ်လမ်းက မြင့်မြတ် နဲ့ရိုက်ဖို့ လုပ်ထားတယ်။ ကျွန်တော် ကိုယ်တိုင်ရေးတဲ့ ဇာတ်လမ်းဖြစ်တယ်။ ထုတ်လုပ်ရေး က အောင်တိုင်းကျော်ပါ။ ဒါရိုက်တာက ကိုဂျိုး ။ မြန်မာကားတွေက သုံးလေးရက် တစ်ကား၊ လေးငါးရက် တစ်ကားနဲ့ ရိုက် ကြတယ်။ ဒီကားက ဒီလို မလုပ်ဘဲ အချိန် ကို တစ်နှစ်ကျော်ယူ ပြင်ဆင်ပြီးမှာ ၁၃ ရက်နဲ့ ပြီးအောင် ရိုက်တယ်။ ပြီးတော့ ထုတ် လုပ်ရေးကလည်း အကုန်အကျ ခံတယ် ဆိုတော့ ရိုက်ဖြစ်သွားတယ်။ ဒီကား ရိုက်တုန်းက မြင့်မြတ်ဘက် ကလည်း ၂ ကား စာလောက် ဖျက်လိုက်ရတယ်။
ဒီကားက ဂိုဏ်းစတား ဆိုတော့ စိတ်ကူးယဉ် ဇာတ်ကားလား။ ဖြစ်ရပ်မှန် ဇာတ်ကား လား။
ဒီကားက ဖြစ်ရပ်မှန်ပါ။ အပြင်မှာ ကျွန်တော်တို့ ချစ်ခင်ရတဲ့ ဂိုဏ်းစတား အစ်ကိုကြီးတွေရဲ့ အကြောင်းကို အခြေခံ ပြီးရေးထားတဲ့ ဇာတ်လမ်းပါ။ သူတို့ဆီ ကနေ ခွင့်ပြု ချက်တောင်းပြီးမှ ရေးတာပါ။ တိုက်ရိုက်တော့ မရေးဘူး။ သွယ်ဝိုက်ရေး ထားတယ်။
သီချင်းတစ်ပုဒ်ရေးဆိုတာနဲ့ ဗီဒီယိုကား တစ်ကားရိုက်တာ ကြေးကဘယ်လိုကွာခြား လဲ။ ဒီကားမှာရော ဘာတွေကို အဓိကပြ ချင်လဲ။
သီချင်းတစ်ပုဒ် ရေးရင် ဘယ်လောက်ရ တယ်။ ဇာတ်ကားက ဘယ်လောက် ရတယ် ရယ် မစဉ်းစားဘဲ ရိုက်ဖြစ်သလို ဒီကား ထဲမှာပဲ သီချင်း သုံးပုဒ် သုံးထားတယ်။ ဒီကားမှာ အဓိက ဝိုင်းဖွဲ့ပြီး မိသားစု စိတ်ဓာတ်နဲ့ လုပ်ကြတယ်။ ဇာတ်ကားက လည်း စိတ်ဝင်စားဖို့ ကောင်းတယ်။ အခု မန္တလေးကို စဖြန့်ပြီ။ ဒီ တစ်ပတ်ကျော်ရင် ရန်ကုန်ဖြန့်မှာပါ။ ဘယ်လိုမျိုးလဲ ဆိုတာ ကတော့ ပရိသတ်တွေ ကိုယ်တိုင်ပဲ ကြည့်စေချင်တယ်။ ပရိသတ်တွေ အတွက် အသစ် တစ်ခု ပေးနိုင်မှာပါ။ မြင့်မြတ်က သဘာဝ မင်းသား ဆိုတော့ အိုက်တင်လည်း ပီပြင် တယ်။ ကျွန်တော် ကတော့ မင်းသား မဟုတ်တော့ အိုက်တင်ပိုင်း မှာ သူနဲ့ယှဉ် လို့ တော့ ဘယ်ရမလဲ။ ဒီကားရဲ့ ထူးခြားချက် က ဘယ်ဇာတ်လမ်းကို မှ မမှီငြမ်းထားသလို ဘယ်သူ့ကားမှ လည်း မမှီးထားဘူး။ ကိုယ် တိုင်ရေးပြီး ဖြစ်ရပ်မှန်တွေကို သွယ်ဝိုက်ရေး ထားတာပါ။
အခု ရုပ်ရှင် ဇာတ်ကားကို ကိုယ်တိုင်ရေး တယ်လို့ သိရတယ်။ ကိုယ်တိုင် ထုတ်လုပ် ဖို့ရော အစီအစဉ်ရှိလား။
ကျွန်တော်က ချမ်းသာတဲ့သူ မဟုတ် တော့ ကိုယ့်ကားကိုယ် ပြန်ထုတ် မရိုက်နိုင်ဘူး။ အဲဒီတော့ ကျွန်တော်ရေးတဲ့ ဇာတ်လမ်းကို သဘောကျတယ်။ စိတ်ဝင်စားတယ်။ ရိုက် ချင်တဲ့ လူ ပေါ်လာရင်တော့ ရိုက်မယ်။ မြတ်မှာတော့ မသေချာဘူး။ ကျွန်တော် ကလည်း ဒိတ်ဒိတ်ကျဲ အောင်မြင်နေတဲ့ မင်းသားမှ မဟုတ်တာလေ။
ထူးထူး တွေ့ဆုံမေးမြန်းသည်
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment