နယူးဒေလီ ၊ ၂၅-၃-၂၀၁၅
ဆိုမာလီ ပင်လယ်ဓားပြ များသည် ၄င်းတို့ အခြေချရာ ဆိုမာလီယာ ကမ်းလွန်အနီး ဧဒင်ပင်လယ်ကွေ့ မှ အိန္ဒိယနိုင်ငံ အနီးသို့ နေရာပြောင်းရွှေ့ အခြေချလျက် ရှိကြောင်း အိန္ဒိယနိုင်ငံ ကာကွယ်ရေး ဝန်ကြီး မနိုဟာပါရီကာ က သမုဒ္ဒရာ အတွင်း လုံခြုံရေးဆိုင်ရာ အခြေအနေနှင့် ပတ်သက်၍ ပြုလုပ်ေ သာ ဆွေးနွေးပွဲ တစ်ခု၌ ပြောကြားသည်။
ဧဒင်ပင်လယ်ကွေ့ ဒေသအတွင်း၌ ပင်လယ်ဓားပြ မှုသည် အကြီးမားဆုံး ခြိမ်းခြောက်လျက် ရှိပြီး ကမ္ဘာ့နိုင်ငံ အများစုမှ ရေတပ်များက ၄င်းတို့ကို တိုက်ခိုက်မှုများ ပြုလုပ်လျက် ရှိသောကြောင့် ယင်း ပင်လယ် ဓားပြများသည် ၄င်းတို့ အခြေချ နေထိုင်ရာ နေရာမှ အိန္ဒိယနိုင်ငံ ဘက်သို့ ရွှေ့ပြောင်း လာခဲ့ခြင်း ဖြစ်ကြောင်း ပါရီကာ က ပြောကြားသည်။
ဆိုမာလီယာ နိုင်ငံသည် ၁၉၉၁ ခုနှစ်မှစ၍ ပြည်တွင်းစစ်များ ဖြစ်ပွားခဲ့ပြီး နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော မင်းမဲ့စရိုက် အခြေအနေ ကြောင့် နိုင်ငံတကာ ပင်လယ်ကူး သင်္ဘောများကို ပြန်ပေးဆွဲသည့် ပင်လယ် ဓားပြမှုများ ဖြစ်ပေါ်လာ စေခဲ့သည်။ ဆိုမာလီယာ ကမ်းလွန် ပင်လယ်ပြင် အတွင်း ပင်လယ်ဓားပြ များ၏ လှေများကို ခြေရာခံရန် နိုင်ငံတကာက ကြိုးပမ်းခဲ့မှု များကြောင့် ၂ဝ၁၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂ဝ၁၂ ခုနှစ်အတွင်း တိုက်ခိုက်မှု များသည် ၇၅ ရာခိုင်နှုန်း အထိ ကျဆင်း သွားခဲ့ကြောင်း အမေရိကန် ရေတပ်က တိတိကျကျ ထုတ်ဖော် ပြောကြား ထားသည်။
PyiChitThar
http://www.pyichitthar.com
0 comments:
Post a Comment