စစ်ကိုင်းမြို့တည်နန်း တည် နှစ် ၇၀၀ ပြည့် ရန်ပုံငွေပွဲ အဖြစ် အိုင်းရင်းခရော့စ် ဖျော်ဖြေ ပွဲကို မတ်လ ၂၈ ရက် ညတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ယင်းဖျော်ဖြေပွဲတွင် အိုင်း ရင်းခရော့စ်အဖွဲ့၏ ပင်တိုင်အဆိုရှင်များဖြစ်သော လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ၀ိုင်ဝိုင်းတို့နှင့်အတူ တင်ဇာမော်နှင့် စိုးပြည့်သဇင်တို့လည်း ပါဝင်ဖျော်ဖြေမည် ဖြစ် သည်။
ဖျော်ဖြေပွဲကို စစ်ကိုင်းမြို့ ခရိုင်အားကစားကွင်းတွင် ပြုလုပ် မည်ဖြစ်ပြီး ဖျော်ဖြေပွဲဝင်ကြေး အဖြစ် ကျပ်တစ်သောင်းမှ သုံး သောင်းအထိ အမျိုးအစားလေးမျိုး သတ်မှတ်ထားသည်။
အိုင်းရင်းခရော့စ်အဖွဲ့သည် ယင်းဖျော်ဖြေပွဲ ရှိသောကြောင့် မတ်လ ၂၈ ရက်ညတွင် ပြုလုပ် မည့် စောဘွဲ့မှူးအမှတ်တရ ဖျော် ဖြေပွဲတွင် ပါဝင်နိုင်ခဲ့ခြင်း မရှိပေ။
ဇွဲဉာဏ်
Source:7daydaily.com
0 comments:
Post a Comment