အမေရိကန် အဆိုတော် ဂျနီဖာလိုပက်ဇ်က အဆိုတော်ရီဟားနားနှင့် စုံတွဲ သီချင်းသီဆိုရန် စိတ်အားထက် သန်နေသည်ဟု E!News သတင်း နှင့် အင်တာဗျူးတစ်ခုတွင် ပြော ကြားခဲ့သည်။
အသက် (၄၅)နှစ်အရွယ်ရှိ ဂျနီဖာလိုပက်ဇ်သည် ပစ်ဘူး၊ အစ်ဂီအဇယ်လီယာတို့နှင့် အောင်မြင်ကျော်ကြားသောစုံတွဲသီချင်း များထွက်ရှိပြီးသူဖြစ်သည်။ ဂျနီ ဖာလိုပက်ဇ်က ဂျေးဇီ၏ တပည့် ရင်းဖြစ်သော ရီဟားနားကို အမြဲ သဘောကျခဲ့ကြောင်းနှင့် ၎င်းနှင့် စုံတွဲသီဆိုရန် မျှော်လင့်နေ ကြောင်း ပြောကြားသည်။
‘‘ကျွန်မက ရီဟားနား ပရိ သတ်တစ်ယောက်ပါ။ သူက ကျွန်မသဘောကျတဲ့ စိတ်ထား မျိုးပိုင်ဆိုင်ထားတဲ့ မိန်းကလေးလို့ ခံစားရတယ်။ သူက အရမ်းလည်း ချစ်ဖို့ကောင်းတယ်။ ဘယ်သူက များ သူနဲ့ မပူးပေါင်းချင်တာမျိုးရှိ လိမ့်မလဲ’’ဟု ဂျနီဖာလိုပက်ဇ်က E!News သတင်းနှင့် အင်တာဗျူး တွင် ပြောကြားသည်။
ရီဟားနားကလည်း ‘‘ဂျနီဖာ ရဲ့အသံကိုကြားတဲ့အခါ ကျွန်မ အမေရဲ့ အသံမှာရှိတဲ့ နွေးထွေးမှုနဲ့ လုံခြုံမှုမျိုး သူ့အသံမှာ ရှိနေတယ်လို့ ခံစားရတယ်။ အဲဒီအသံက လူကို ထွေးပွေ့ထားနိုင်သလိုပဲ။ ကျွန်မ သူ့ကို သဘောကျ တယ်။ သူက အရမ်းမိုက်တယ်’’ ဟု Grazia မဂ္ဂဇင်းနှင့် အင်တာ ဗျူးတွင် ပြောကြားသည်။
—Ref: Contactmusic
Read more:7daydaily.com
0 comments:
Post a Comment