လုပ်ခလစာရရေး မြန်မာနှင့်ထိုင်း အလုပ်သမားများ မဲဆောက်တွင် ဆန္ဒပြ



ထိုင်းနိုင်ငံ မဲဆောက်မြို့က မြန်မာနဲ့ ထိုင်းအလုပ်သမား ၁၀၀  လောက်ဟာ ဆောက်လုပ်ရေးကန်ထရိုက်က လုပ်ခလစာရှင်းပေးချင်းမရှိတဲ့ အတွက် မဲဆောက်မြို့ပိုင်ရုံးမှာ ဆန္ဒပြခဲ့ကြပါတယ်။

မဲဆောက်မြို့မှာ ဖွင့်လှစ်ဖို့ ဆောက်လုပ် ပြင်ဆင်နေတဲ့ ရော်ဘင်ဆန် ကုန်တိုက်မှာ ဆောက်လုပ်ရေး အပိုင်း တာဝန်ယူတဲ့ ကန်ထရိုက်ဆီကနေ လုပ်ခလစာတွေမရလို့ ဆန္ဒပြတာ ဖြစ်ပါတယ်။

ဆန္ဒပြတဲ့ အလုပ်သမားတွေထဲမှာ အထောက်အထား လတ်မှတ်အပြည့်အစုံရှိတဲ့ မြန်မာ အလုပ်သမား ၂၃ ရောက်ရှိသလို သူတို့ထဲက တချို့က ရက် ၂၀ တချို့က ၁၅ ရက်စာ လုပ်ခလစာမရရှိကြတာ ဖြစ်ပါတယ်။

လစာငွေ ရရှိဖို့ ကန်ထရိုက်ဆီမှာ တောင်းတဲ့အခါ ငွေမထုတ်ရသေးဘူးလို့ ပြောပေမယ့် ရော်ဘင်ဆန် တာဝန်ခံကတော့ ကျသင့်ငွေကို အကုန်ပေးချေပြီး ဖြစ်တယ်လို့ ပြောပါတယ်။

မဲဆောက်မြို့ပိုင်ရုံးကတော့ ပြဿနာတွေ ဖြေရှင်းပေးဖို့ ဖွဲ့စည်းထားတဲ့ ကော်မတီက ၀င်ရောက်ဖြေရှင်းပေး မှာ ဖြစ်ကြောင်းနဲ့ မတ် ၃၀ ရက်မျာ ရုံးကို ထပ်လာဖို့ ခေါ်ထားတယ်လို့ ပြောပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment