ဆက်သွယ်ရေးဆိုင်ရာ တာဝါတိုင်များတည်ဆောက်ခြင်း နှင့် ဖိုက်ဘာကေဘယ် ပြေးဆွဲခြင်း လုပ်ငန်းများအတွက် KDDI၊ Elite နှင့် ရတနာပုံတယ်လီပို့တို့အား ကွန်ရက်တည်ဆောက်ခွင့်လိုင် စင်ချပေးလိုက်ပြီဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီး ဌာနက မတ်လတတိယပတ်တွင် သတင်းထုတ်ပြန်သည်။
ဆက်သွယ်ရေး ညွှန်ကြားမူဦးစီးဌာနအနေဖြင့် ဖေဖော်ဝါရီလ အတွင်းက ကွန်ရက်တည်ဆောက်ခွင့်လိုင်စင်အတွက် ကုမ္ပဏီရှစ်ခုအား လိုင်စင်ချထားပေးခဲ့ပြီး ယခုလအတွင်း၌ ကုမ္ပဏီ သုံးခုအား ထပ်မံ၍ ချထားပေးခဲ့ရာ ကွန်ရက် တည်ဆောက်ခွင့်အတွက် ကုမ္မဏီပေါင်း ၁၁ ခုအထိ လိုင်စင်ရရှိပြီး ဖြစ်ကြောင်း သိရသည်။
‘‘အခုပေးလိုက်တဲ့ ကွန်ရက်တည်ဆောက်ခွင့်လိုင်စင်တွေထဲမှာ Individual နဲ့ Class ဆိုပြီး နှစ်မျိုးရှိပါတယ် ၊Individual ကတော့ ကွန်ရက်တွေ တည်ဆောက်ပြီး အသုံးပြုသူတွေကို တိုက်ရိုက် ဝန်ဆောင်မူပေးနိုင်တဲ့ လိုင်စင်ဖြစ်ပြီးတော့ ၊Class ကတော့ တိုက်ရိုက်ဝန်ဆောင်မှုပေးခွင့်မရှိဘဲ တည်ဆောက်ထားတဲ့ ကွန်ရက်ကို ပြန်အငှားချခွင့်ရှိတဲ့ လိုင်စင် ဖြစ်ပါတယ်’’ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးဦးစိုးနိုင်က ရှင်းပြသည်။
လိုင်စင်ရရှိသည့် ကုမ္ပဏီ ၁၁ခုအနက် ရွှေသံလွင်မီဒီယာ ၊Elite နှင့်ရတနာပုံတယ်လီပို့ စသည့် ကုမ္ပဏီသုံးခုသာ ကွန်ရက်တည်ဆောက်ပြီး တိုက်ရိုက်ဝန်ဆောင်မှုပေးနိုင်သည့် Individual လိုင်စင်ကိုရရှိခဲ့သည့် အခြားသော ကုမ္ပဏီ ရှစ်ခုမှာ Class လိုင်စင် ဖြစ်သည့်အတွက် ကွန်ရက်တည်ဆောက်၍ အငှားပြန်ချသည့် လုပ်ငန်းကိုသာ ပြုလုပ်နိုင်မည် ဖြစ်ကြောင်းသိရသည်။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသို့ လိုင်စင်လျှောက်ထားသည့် ကုမ္ပဏီပေါင်း ၅၀ ကျော်အထိရှိကြောင်းသိရပြီး ရေဒီယိုလှိုင်းနုန်းဆိုင်ရာနည်းဥပဒေ ရေးဆွဲပြီးပါက အဆိုပါ ကုမ္ပဏီများအနက်အင်တာနက်ဝန်ဆောင်မှုများနှင့် လှိုင်းနှုန်းကို အသုံးပြုသော ဆက်သွယ်ရေး ဝန်ဆောင်မှုများကို လိုင်စင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
နိုင်လင်းအောင်
Source:7daydaily.com
သုဘရာဇာကို တုန်လှုပ်သွားစေခဲ့တဲ့ သေရွာပြန် အမျိုးသမီး
လက်ရှိရည်းစားနဲ့ ရည်းစားဟောင်း နှစ်ဦးစလုံး မြစ်ထဲခုန်ချခဲ့တာကြောင့် ဘယ်သူ့ကယ်ရမှန်းမသိ အကျပ်ရိုက်ခဲ့တဲ့ အမျိုးသား
ဖက်ရှင်ကို အလွန်အမင်း အရေးပေးလာတဲ့ နယူးရော့ခ်ကို သရော်တဲ့အနေနဲ့ ကိုယ်တုံးလုံးပုံတွေချည်း ရိုက်ကူးထားတဲ့ ဓာတ်ပုံစာအုပ်တစ်အုပ် ထွက်ရှိ
ခေတ်စားနေတဲ့ စုံတွဲများ စုပေါင်း ကာမဆက်ဆံခြင်း
လက်တင်အမေရိကမှာ လူမြင်ကွင်း ကလေးနို့ရည်တိုက်ကျွေးခြင်း တားမြစ်ပါက ဒဏ်ငွေရိုက်မယ့်ဥပဒေပြဌာန်း
မကျွမ်းကျင်သေးတဲ့ လက်သည်းအလှပြုပြင်သူကြောင့် လက်သည်းခွံတွေ ဖယ်ရှားလိုက်ရတဲ့ မော်ဒယ်လ် အမျိုးသမီး
အတင်းဓမ္မပြုကျင့်ဖို့ ကြိုးစားသူရဲ့ တန်ဆာကို ပါးစပ်နဲ့ ကိုက်ဖြတ်
ထိုင်းနိုင်ငံမှာ “ရင်သားအောက်ပိုင်းတစ်ဝက်ပေါ် Selfie” ရိုက်တဲ့ အမျိုးသမီးတွေ ထောင်ဒဏ် (၅) နှစ်ကျခံရမယ်လို့ သိရ
ဈာပန အခမ်းအနားရောက်မှ အမေ မသေသေးတာ သိလိုက်ရတဲ့ သားသမီးများ
အိန္ဒိယနိုင်ငံမှာ နှလုံးက ခန္ဓာကိုယ်အပြင်ဘက် ငေါထွက်နေတဲ့ ကလေးမွေးဖွား
အမျိုးသားတွေကို စတာလင်ပေါင် ၃၅၀ ပေးပြီး သူမကို ကိုယ်ဝန်ရရှိအောင် ပြုလုပ်ပေးဖို့ ကမ်းလှမ်းခဲ့တဲ့ အမျိုးသမီး
အိမ်ဝယ်မယ်ဆိုရင်အိမ်ရှင်အမျို သမီးကသူ့ကိုအလကားရမယ်တဲ့
ချစ်တင်းနှီးနှောနေစဉ်လိင်အင်္ဂါကျိုးပျက်သွားတဲ့အမျိုးသား
၁၁နှစ်သားနဲ့ ၁၅နှစ်သမီးကိုသတ်ပြီးရေခဲသေတ္တာထဲထည့်သိမ်းထားတဲ့မိခင်ဖမ်းခံရ
မိဘနှစ်ပါးကိုချက်ပြုတ်စားသောက်တဲ့သားမိုက်
0 comments:
Post a Comment