မိခင်နို့တိုက်ကျွေးခြင်းနှင့် ဥာဏ်ရည်မြင့်မားမှု ဆက်စပ်မှု ရှိကြောင်းသိရ

ကာလရှည်ကြာ လေ့လာမှုပြုတစ်ခုအရ မိခင်နို့တိုက်ကျွေးခြင်းနှင့် ဥာဏ်ရည်အကြား ဆက်စပ်မှု ရှိနေကြောင်း ထုတ်ဖော်ထားပါသည်။
ဘရာဇီးနိုင်ငံတွင် မိခင်နို့အချိန်ကာလ ကြာကြာတိုက်ကျွေးခံရသည့် ကလေးငယ် ၃၅၀၀နီးပါးအား ကာလရှည်ကြာ လေ့လာမှုလုပ်ခဲ့ရာ ၄င်းတို့အရွယ်ရောက်လာသောအခါတွင် ဥာဏ်ရည်မြင့်မားမှု ရှိနေကြောင်း သိရသည်။
သိုသော်လည်း ပညာရှင်များ၏အဆိုအရ ယခုလေ့လာမှုမှတစ်ဆင့် မိခင်နို့နှင့် ဥာဏ်ရည်မြင့်မားမှုအကြား ဆက်နွယ်မှုကို ပိုမိုခိုင်မာလာစေရန် သုတေသနလုပ်ဆောင်မှု များစွာ ဆက်လက် လုပ်ဆောင်ရန်လိုကြောင်း သိရသည်။
မိခင်နို့ရည်နှင့် ဥာဏ်ရည် ဆက်စပ်မှုနှင့် ပတ်သက်၍ ယခင်လေ့လာမှုများစွာ ရှိခဲ့သော်လည်း ယခု လေ့လာမှုသည် အခြားသော ပညာရေး စွမ်းဆောင်အောင်မြင်နိုင်မှု၊ အသက် ၃၀အရွယ်တွင် ၀င်ငွေရရှိမှု နှုန်းများကိုပါ တိုင်းတာထားသောကြောင့် ပိုမို ကောင်းမွန်သော လေ့လာမှုဖြစ်သည်။
အချိန်ကာလရှည်ကြာ မိခင်နို့ရည် သောက်ခွင့်ရရှိခဲ့သော သူများသည် အရွယ်ရောက်သောအခါ လုပ်ခလစာကောင်းကောင်း ရကြပြီး အတန်းပညာ သင်ယူမှုတွင်လည်း အောင်မြင်ပြီးဆုံးမှု ပိုများကြောင်း ထိုသုတေသနပြုချက်က ဖော်ပြသည်။
Ref:bbc
ကြည်ပြာ
Source:Trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment