နေပြည်တော်၊ မတ် ၂၅
၂ဝ၁၅ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန်- မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၃၄/ဝ-၁)ကြား၌ ယာဉ်မတော်တဆမှု ဖြစ်ပွားကြောင်း သတင်းအရ ဗောဓိကုန်းအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အမြန်လမ်းမီးသတ် တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ ရန်ကုန်မှ နေပြည်တော်သို့ မန္တလေးတိုင်း ဒေသကြီး၊ အမရပူရမြို့၊ ရွှေကြက်ယက်ဘုရား အနီးနေ လှမော်(၄ဝ)နှစ် မောင်းနှင်လာသော 9D/xxxx လိုက်ထရပ်အဖြူရောင်ယာဉ်မှာ ဝဲဘက်နောက်ဘီး ပေါက်ကာ အရှိန် မထိန်းနိုင်ဘဲ လမ်းယာဘက်ဘေးရှိ မြေသားလမ်းပေါ်သို့ ရောက်ရှိရပ်တန့် သွားခဲ့ကြောင်းသိရှိရသည်။
ထိုသို့ဖြစ်ပွားမှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူ(၁၄)ဦးအနက် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ ရွှေကြက်ယက်ဘုရားအနီးနေ ကိုရင်အောင်(၃၂)နှစ်ပါ ကျား ၄ ဦး၊ မ ၃ ဦး၊ စုစုပေါင်း(၇)ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် အုတ်တွင်း ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပြီး လှမော်အား ဗောဓိကုန်း အမြန်လမ်းမကြီး ရဲစခန်း ယာဉ်(ပ)၆/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။
ထို့နောက် အုတ်တွင်းဆေးရုံတွင် ဆေးကုသမှုခံယူနေသူ(၇)ဦးအနက် အမရပူရမြို့၊ ရွှေကြက်ယက်ဘုရား အနီးနေ ကိုစိန်လှိုင်ဝင်း(၄၅)နှစ်မှာ ရရှိသောဒဏ်ရာများဖြင့် ဆေးကုသမှု ခံယူနေစဉ် ယင်းနေ့ ည ၁ဝ နာရီခွဲအချိန် သေဆုံးသွားခဲ့သောကြောင့် ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ မှ ၃ဝ၄-က/၃၃၇/၃၃၈ သို့ ပြောင်းလဲစစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်
https://www.facebook.com/yezarnimedia
0 comments:
Post a Comment