ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်တွင် အသက် ကိုးနှစ်အရွယ် မိန်းကလေး တစ်ဦးအား အဓမ္မပြုကျင့်ခံရသည့်အမှုကို တစ်နှစ်ခန့် ကြာပြီးနောက် မတ်လ ၃၁ ရက်တွင် ရန်ကုန်တောင်ပိုင်းခရိုင် တရားရုံး၌ အပြီးသတ် အမိန့်ကြားနာမည် ဖြစ်သည်။
ယင်းအမှုကို ၂ဝ၁၄ ခုနှစ် ဇွန်လ ၂၄ ရက်က ရပ်ကွက်ရုံးမှတစ်ဆင့် ကော့မှူးမြို့နယ်တရားရုံးတွင် အမှုဖွင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
အဓမ္မပြုကျင့်ခံရသူ မိန်းကလေးမှာ အမေမရှိဘဲ ဖခင်နှင့်သာ အတူနေထိုင်သည့်အတွက် အဒေါ်ဖြစ်သူက တရားလိုပြုလုပ် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
အဒေါ်ဖြစ်သူက “ တရားမျှတမှု ရှိဖို့ကိုတော့ မျှော်လင့်ပါတယ်။ ကလေးမှာကလည်း အမေမရှိတော့ သားသမီးချင်း ကိုယ်ချင်းစာပြီး တရားလိုပြု တိုင်ကြားပေးတာပါ” ဟု ပြောသည်။
အဆိုပါ မိန်းကလေးသည် ဆွေမျိုးတော်စပ်သူတစ်ဦး၏ အိမ်သို့ သွားရောက်လည်ပတ်စဉ် အိမ်နီးချင်း တစ်ဦးဖြစ်သည့် အမျိုးသားတစ်ဦးက ၎င်း၏ နေအိမ်ကိုခေါ်ဆောင်ကာ အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်သည်။
၂ဝ၁၃ ခုနှစ်၊ သြဂုတ်လအတွင်းက ကမာရွတ်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အသက် ၆၈ နှစ်အရွယ် အမျိုးသားက အသက် ခြောက်နှစ်အရွယ် မိန်းကလေးတစ်ဦးကို မုဒိန်းကျင့်သည့်အမှုကို ရန်ကုန် အနောက်ပိုင်း ခရိုင်တရားရုံးက တစ်နှစ်ခန့် အမှုကြားနာစစ်ဆေးပြီး ၂ဝ၁၄ ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက်က ထောင်ဒဏ် လေးနှစ် ကျခံစေရန် အမိန့်ချခဲ့သည်။
အသက် ၁၆ နှစ် မပြည့်သေးသော ကလေးသူငယ်များအပေါ် မုဒိမ်းမှုကျူးလွန်ခြင်း၊ ကျူးလွန်ရန် အားထုတ်ခြင်းတို့ကို သေဒဏ်ချမှတ်ရန် ကလေးသူငယ် ဥပဒေပုဒ်မ ၆၆(က) တွင် ဖြည့်စွက်ပြဋ္ဌာန်းရန် သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က လွှတ်တော်တွင် အဆိုတင်သွင်းခဲ့သော်လည်း ယင်းအဆိုမှာ ရှုံးနိမ့်ခဲ့သည်။
Source:7daydaily.com
သုဘရာဇာကို တုန်လှုပ်သွားစေခဲ့တဲ့ သေရွာပြန် အမျိုးသမီး
လက်ရှိရည်းစားနဲ့ ရည်းစားဟောင်း နှစ်ဦးစလုံး မြစ်ထဲခုန်ချခဲ့တာကြောင့် ဘယ်သူ့ကယ်ရမှန်းမသိ အကျပ်ရိုက်ခဲ့တဲ့ အမျိုးသား
ဖက်ရှင်ကို အလွန်အမင်း အရေးပေးလာတဲ့ နယူးရော့ခ်ကို သရော်တဲ့အနေနဲ့ ကိုယ်တုံးလုံးပုံတွေချည်း ရိုက်ကူးထားတဲ့ ဓာတ်ပုံစာအုပ်တစ်အုပ် ထွက်ရှိ
ခေတ်စားနေတဲ့ စုံတွဲများ စုပေါင်း ကာမဆက်ဆံခြင်း
လက်တင်အမေရိကမှာ လူမြင်ကွင်း ကလေးနို့ရည်တိုက်ကျွေးခြင်း တားမြစ်ပါက ဒဏ်ငွေရိုက်မယ့်ဥပဒေပြဌာန်း
မကျွမ်းကျင်သေးတဲ့ လက်သည်းအလှပြုပြင်သူကြောင့် လက်သည်းခွံတွေ ဖယ်ရှားလိုက်ရတဲ့ မော်ဒယ်လ် အမျိုးသမီး
အတင်းဓမ္မပြုကျင့်ဖို့ ကြိုးစားသူရဲ့ တန်ဆာကို ပါးစပ်နဲ့ ကိုက်ဖြတ်
ထိုင်းနိုင်ငံမှာ “ရင်သားအောက်ပိုင်းတစ်ဝက်ပေါ် Selfie” ရိုက်တဲ့ အမျိုးသမီးတွေ ထောင်ဒဏ် (၅) နှစ်ကျခံရမယ်လို့ သိရ
ဈာပန အခမ်းအနားရောက်မှ အမေ မသေသေးတာ သိလိုက်ရတဲ့ သားသမီးများ
အိန္ဒိယနိုင်ငံမှာ နှလုံးက ခန္ဓာကိုယ်အပြင်ဘက် ငေါထွက်နေတဲ့ ကလေးမွေးဖွား
အမျိုးသားတွေကို စတာလင်ပေါင် ၃၅၀ ပေးပြီး သူမကို ကိုယ်ဝန်ရရှိအောင် ပြုလုပ်ပေးဖို့ ကမ်းလှမ်းခဲ့တဲ့ အမျိုးသမီး
အိမ်ဝယ်မယ်ဆိုရင်အိမ်ရှင်အမျို သမီးကသူ့ကိုအလကားရမယ်တဲ့
ချစ်တင်းနှီးနှောနေစဉ်လိင်အင်္ဂါကျိုးပျက်သွားတဲ့အမျိုးသား
၁၁နှစ်သားနဲ့ ၁၅နှစ်သမီးကိုသတ်ပြီးရေခဲသေတ္တာထဲထည့်သိမ်းထားတဲ့မိခင်ဖမ်းခံရ
မိဘနှစ်ပါးကိုချက်ပြုတ်စားသောက်တဲ့သားမိုက်
0 comments:
Post a Comment