မပြီးဆုံးသေးသော ဘ၀တိုက်ပွဲများ (သို့) ရထားပေါ်က ဘ၀များ



လက်မှတ်ခ ဈေးအနည်းဆုံးဖြစ် သည့် ရန်ကုန်မြို့ပတ်ရထား ရိုးရိုးတန်း အတွဲပေါ်တွင် အခြေခံလူတန်းစား ချွေးသံ တရွှဲရွှဲ အောက်ခြေ ဈေးသည်များ၏အသံ များက ဆူညံနေသည်။

တိုင်းပြည်တွင် ကျောင်းသားကိစ်္စ၊ မြေသိမ်းယာသိမ်းကိစ်္စ၊ အလုပ်သမားကိစ်္စ များအပါအ၀င် နိုင်ငံရေးအကျပ်အတည်း များနှင့် မငြိမ်မသက်ဖြစ်နေစေကာမူ ထိုသူ များအတွက်တော့ မိမိတို့၏နေအိမ်တွင် တနေ့စာအတွက် စားစရာရရှိရေးကသာ ပို၍ အရေးကြီးနေသည်။

တခါတရံတွင် ရထားလက်မှတ်စစ် အရာရှိများစစ်ဆေးသည့်အခါတွင်လည်း သတ်မှတ်သည့်ဒဏ်နှုန်းအတိုင်းပေးလျှော် သည့်ဈေးသည်များရှိသကဲ့သို့ရထားပေါ်မှ ခုန်ချပြေးလွားသည့် ဈေးသည်များလည်း ရှိသည်။

မီးရထားလမ်းကြောင်းကို အားကိုး ၍ လိမေ်္မ်ာသီးရောင်းပြီး ၀င်ငွေရှာဖွေနေရ သူ ကိုဇော်ဌေးက နေ့လယ်ပိုင်းဆိုရင် ဘူတာတွေမှာရောင်းတယ်။ ညနေပိုင်းမှ ရထားပေါ်တက်ရောင်းတယ်။ ရထားပေါ် မှာက ပိုပြီးရောင်းကောင်းတယ်။ ဒါပေမဲ့ တခါတလေ ရထားရဲကြောင့် ပစ်္စည်းတွေ ဆုံးရှုံးရတာတွေရှိတယ်။ ဟိုဘက်အတွဲမှာ ၀င်စစ်နေပြီလို့ အသံကြားရင် ဘူတာကို ရောက်လား၊ မရောက်လားမသိဘူး။ တွေ့ တဲ့နေရာမှာ အပေါက်ကနေခုန်ချရတာပဲ။ အဲ့ဒီတော့ ကိုးလိုးကန့်လန့်ဖြစ်နေတဲ့ ပစ်္စည်း တွေကျတော့ ဒီအတိုင်းပဲပစ်ချ လိုက်တာပဲ။ လွတ်ဖို့အရေးကြီးတယ်လေ။ လက်မှတ် စစ်က မိရင်တော့ ဒဏ်ငွေဆောင်ရတယ်”” ဟု ဆိုသည်။

သူကိုယ်၌မှာ အတန်းပညာအခြေခံ အဆင့်သာသင်ယူဖူးသော်လည်း သူ၏ သားသမီးများကိုမူ အထက်တန်းပညာကို သင်ယူခွင့်ရရှိဖို့ ဇနီးဖြစ်သူနှင့်အတူ လုံးပမ်း ကြိုးစားနေသူဖြစ်သည်။

““သမီးက ကိုးတန်းဖြေထားတယ်။ သားကတော့ ရှစ်တန်းပါ။ ကျွန်တော်က သူတို့ငယ်ငယ်ကတည်းက ဒီရထားပေါ်မှာ ပဲ ပရုပ်လုံးတို့၊ အပ်ခြည်တို့ စုံစီနဖာ ရောင်းခဲ့တာ။ ကလေးတွေက ငယ်ငယ် တုန်းကတော့လက်ခံတယ်။ ရထားပေါ်မှာ ဈေးရောင်းတာကို အရွယ်ရောက်လာလို့ လားတော့မသိဘူး။ ဒီအလုပ်ကနားပြီး တခြားအလုပ်လုပ်ဖို့ အမြဲတမ်းပြောတယ်။ ဒါပေမဲ့ ဒီအလုပ်ကို တသက်လုံးလုပ်လာ တာဆိုတော့ မစွန့်လွတ်နိုင်ဘူး။ သမာ အာဇီဝကျတဲ့အလုပ်ပဲ။ သူများပစ်္စည်းတွေ ကို ခိုးတာမှမဟုတ်တာ။ ဒီအလုပ်ကို ချက်ချင်းနားလိုက်ရင်လည်း မိသားစုရပ် တည်ဖို့ ခက်သွားမယ်။ မိန်းမက ဘူတာ မှာ အသုပ်ရောင်းတယ်””ဟု ကိုဇော်ဌေးက ပြောပြသည်။

အထူးတန်းလက်မှတ်ခမှာ နှစ်ရာ ကျပ်ဖြစ်သည့်အတွက် တော်ရုံအခြေခံလူ တန်းစားများအဖို့ မစီးနိုင်၊ ရိုးရိုးတန်းမှာမူ ငါးဆယ်ကျပ်သာဖြစ်သည့်အတွက်အောက် ခြေလူတန်းစားများအတွက် အံကိုက်ဖြစ် နေသဖြင့် ရိုးရိုးတန်းတွင် ပြည့်နှက်လျက် ရှိသည်။

ရထားပေါ်မှာ ၀မ်းစာအတွက် သက် ၀င်လှုပ်ရှားနေကြသည့် ဈေးသည်များ၏ သံဆာဆာ ဈေးရောင်းသံများကလည်း အောက်ခြေလူတန်းစားများအတွက် ဘ၀ ကို ပိုမိုလေးနက်စေသည်။ တော်ရုံဆိုင် များတွင် ငါးရားဖိုးသုံးခုရနိုင်သည့် စား သောက်ကုန်ပစ်္စည်းများအား ရထားပေါ် တွင်မူ သုံးရာဖိုးငါးခုရနိုင်သည်။ မည်သည့် အတွက်ကြောင့် ဈေးကွာဟနေသည်ကို တော့ မသိ။

ရထားပေါ်မှာ မိဘနှစ်ဦးလုံး ဈေး ရောင်းနေသည့်တိုင် မိသားစုကုန်ကျငွေ အတွက် မကာမိသဖြင့် ပညာသင်အရွယ် သားသမီးတွေကိုပင် ငွေရှာခိုင်းရန် စဉ်းစား နေသူ ဒေါ်အေးမာက ““ကျွန်မ ယောက်ျားက ဘဲဥပြုတ်နဲ့ ငုံးဥပြုတ် ရောင်းတယ်။ ကျွန်မက တို့ဖူးသုပ် ရောင်းတယ်။ နှစ်ယောက်ပေါင်းမှ လက်မှတ်တစောင်ပဲ ၀ယ်ပြီး ရထားပေါ်မှာ အလှည့်ကျရောင်း တယ်။ အိမ်မှာကျောင်းသားတွေက စာမေး ပွဲဖြေပြီးသွားတော့ သူတို့ကိုလည်း အလုပ် လုပ်ခိုင်းဖို့စဉ်းစားနေတယ်။ အောက်ခြေ လူတန်းစားတွေကြီးပဲစီးတာ။ အခြေခံစား သောက်ကုန်ပဲရောင်းတော့ အမြတ်နည်း တာပေါ့။ ဒါပေမဲ့လည်း မိသားစု ပုံမှန်စား သွားဖို့အတွက် ရောင်းနေရတာပဲ””ဟု ပြော သည်။

ရထားတွဲထိန်းတဦးက ““ရထား အတွဲတွေပေါ်မှာ ဈေးရောင်းခွင့်မပေးထား ဘူး။ ကုန်ပစ်္စည်းကိုတော့ တန်းကြေးဖြတ် ပြီး တင်ခွင့်ပေးတယ်။ ဈေးမရောင်းရဘူး လို့ သတ်မှတ်ထားရင်းနဲ့ ရောင်းတာတွေ့ ရင်တော့ လက်မှတ်စစ်တွေကပဲ ဒဏ် ကြေးသတ်မှတ်ပြီး ဒဏ်ငွေရိုက်တယ်။ ကုန်ပစ်္စည်းတင်တဲ့အခါမှာလည်း ရုံးချိန် တွေဖြစ်တဲ့ မနက် ၈ နာရီကနေ ၁၀ နာရီ အထိ။

ညနေ ၄ နာရီကနေ ၆ နာရီ အထိတော့ တင်ဆောင်ခွင့်မပေးထားဘူး”” ဟု ရထားပေါ်တွင် ဈေးရောင်းခွင့်မရှိ ကြောင်းနှင့်ပတ်သက်ပြီး ပြောပြသည်။

မြန်မာနိုင်ငံရှိ ရထားပေါ်မှအောက် ခြေဈေးသည်များ၏ ဘ၀တိုက်ပွဲသည် အပြောင်းအလဲတခုကို ဖော်ဆောင်နေ သော မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များ မှ မပြောင်းလဲ၊ မတိုးတတ်နိုင်သေးသော ဆင်းရဲမွဲတေမှုအခန်းကဏ္ဍ၌ အချက်တခု အနေဖြင့် ယနေ့အထိ ကျန်ရှိနေသေး ကြောင်း တင်ပြအပ်ပါသည်။

နေမင်းခ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment