Pennsylvania မှာ ပျောက်သွားတဲ့ ခွေးလေးကို မိုင်ပေါင်း သုံးထောင်ကွာဝေးတဲ့ Oregon မှာ တွေ့ရှိ

Gidget လို့ အမည်ပေးထားတဲ့ ခွေးလေးဟာ သူကိုမွေးထားတဲ့ Pennsylvania နေအိမ်ကနေ ပျောက်ဆုံးသွားခဲ့ရာကနေ မိုင်ပေါင်း (၃၀၀၀) နီးပါးဝေးကွာတဲ့ Oregon က တိရိစ္ဆာန်စောင့်ရှောက်ရေးစခန်းတစ်ခုကို ရောက်သွားခဲ့ပါတယ်တဲ့။ Portland နိုင်ငံရဲ့Tualatin ဆင်ခြေဖုံးရပ်ကွက်မှာ ဟိုဟိုဒီဒီလျောက်သွားနေတဲ့ (၆) နှစ်အရွယ်ခွေးကို စိတ်သဘောထားကောင်းတဲ့ စမာရိတန်လူမျိုးတစ်ဦးက ဒီလမှာ တွေ့ရှိခဲ့ပြီး သူ့ကို Bonnie L. Hays Animal Shelter ကို ခေါ်သွားခဲ့တာဖြစ်တယ်လို့ Washington County Animal Services ရဲ့ မန်နေဂျာ Deborah Wood က ပြောဆိုခဲ့ပါတယ်။ Gidget ရဲ့ကိုယ်ပေါ်မှာ တပ်ထားတဲ့ microchip တစ်ခုက သူ့ရဲ့ပိုင်ရှင်ဟာ Philadelphia အနီးအနားလေးမှာ နေထိုင်ကြောင်း ဖော်ပြပေးခဲ့တယ်လို့ Wood က ပြောဆိုခဲ့ပါတယ်။ တိရိစ္ဆာန်စောင့်ရှောက်ရေးစခန်းမှ အဆက်အသွယ် လုပ်ပြီးတဲ့အချိန်မှာ ပိုင်ရှင်က Easter ပြီးလို့ ၂ ရက်အကြာ ဧပြီ ၂၂ ရက်နေ့ကတည်းက သူမခွေး ပျောက်သွားတာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ အဲဒီခွေး Oregon ကို ဘယ်လိုမျိုးရောက်သွားလဲဆိုတာ နာလည်ရခက်ခဲတဲ့ အရာတစ်ခုဖြစ်ပါတယ်။ Gidget က အနည်းငယ်ပိန်ချုံးသွားပေမယ့် ကိုယ်လုံးတော့ လှနေသေးတယ်။ အိမ်ကနေဝေးသွားတဲ့အချိန် ၃ လခွဲကာလအတောအတွင်း ကျသွားတဲ့ပေါင်ဟာ ခန့်မှန်းခြေ ၅ ပေါင်လောက်ရှိမယ်လို့ Wood ကပြောပါတယ်။ မျက်လုံးလေးတွေက တောက်ပနေပြီး အားအင်ပြည့်တင်းနေလို့ အမွှေးတွေဆိုရင် ကြည့်လို့အရမ်းလှပနေပါတယ်။ တိရိစ္ဆာန်စောင့်ရှောက်မှုစခန်းနဲ့ ပိုင်ရှင်နှစ်ဦးက ခွေး Pennsylvania ကို ဘယ်လိုမျိုးပြန်ဖို့ပေးရမယ်လဲဆိုတာ နည်းလမ်းရှာနေကြပါတယ်။ ပိုင်ရှင်မှာ လေယာဉ်နဲ့ပို့ဖို့လည်း ပိုက်ဆံမရှိဘူး။ တိရိစ္ဆာန်စောင့်ရှောက်မှုစခန်းမှလည်း ခရီးစရိတ်ထောက်ပံ့ပေတာမျိုးမရှိဘူး။ Portland မှ Philadelphia ကို သွားမယ့်သူတစ်ယောက်ယောက်က သူတို့နဲ့အတူ ခေါ်သွားဖို့ ဆန္ဒရှိကောင်းရှိနေနိုင်လို့ Wood ကပြောဆိုပါတယ်။ှSource: yahooှSource :trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment