ပြီးခဲ့တဲ့ အင်္ဂါနေ့က ပြင်သစ်နိုင်ငံ တောင်ပိုင်း အဲ့လ်ပ်စ် တောင်တန်းပေါ် Germanwings လေယာဉ် ပျက်ကျခဲ့ရာမှာ လိုက်ပါသွားခဲ့သူ အယောက် ၁၅၀ လုံးသေဆုံးခဲ့ပြီးတဲ့နောက် ၅ ရက်အကြာတွင် သေဆုံးခဲ့သူ ၇၈ ဦးရဲ့DNA ကို သီးခြားစီ ရရှိခဲ့တယ်လို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။
ဒါပေမယ့် တွဲဖက်လေယာဉ်မှူး အဲန်ဒရေယာ လူးဘစ်ဇ်ရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ဖော်ထုတ်တွေ့ရှိခဲ့တယ်ဆိုတဲ့ ဂျာမန် သတင်း ဖော်ပြချက်တွေကိုတော့ ငြင်းပယ်ခဲ့ပါတယ်။
လေယာဉ် ရဲ့ အသံသွင်း မှတ်တမ်း Black Box တွေကနေ ရရှိခဲ့တဲ့ အချက်တွေ ပေါ်မူတည်ပြီး တွဲဖက်လေယာဉ်မှူးက လေယာဉ် ပျက်ကျအောင် တမင်ရည်ရွယ်လုပ်ဆောင်ခဲ့တယ်လို့
ယူဆရကြောင်း ပြင်သစ် အစိုးရရှေ့နေက ပြောပါတယ်။
အခုအခါ ကယ်ဆယ်ရေး အဖွဲ့တွေဟာ ပျောက်ဆုံးနေတဲ့ လေယာဉ်မှတ်တမ်းတင်ကိရိယာ အပါအ၀င်
လေယာဉ်ပျက် အပိုင်းအစများနဲ့ သေဆုံးသူတွေရဲ့အကြွင်းအကျန် အစအနတွေကို ဆက်လက်ရှာဖွေဖို့
ရဟတ်ယာဉ်အကူအညီနဲ့ လေယာဉ်ပျက်ကျရာ တောင်ကြောတလျှောက်ကို ခြေလျှင်ခရီးသွား နေကြတယ်လို့ သိရပါတယ်။
BBC Burmese
https://www.facebook.com/bbcburmese
0 comments:
Post a Comment