Germanwings တွဲဘက်လေယာဉ်မှူး အမြင်အာရုံ ပြဿနာရှိခဲ့နိုင်

Germanwings လေကြောင်းပိုင်လေယာဉ်ကို တမင်ပျက်ကျစေအောင်မောင်းနှင်ခဲ့သူလို့ ယုံကြည်ထားတဲ့ တွဲဘက်လေယာဉ်မှူး Andreas Lubitz ရဲ့တိုက်ခန်းကို ၀င်ရောက်စစ်ဆေးစဉ် အပြင်မှာ စောင့်နေတဲ့ ရဲတပ်ဖွဲ့ဝင်တဦးကို တွေ့ရပုံ။ 
အလ်ပ်စ် (Alps) တောင်တန်းပေါ်မှာ လေယာဉ်ကို တမင်သက်သက် ပျက်ကျအောင် လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ Germanwings လေကြောင်းလိုင်းက တွဲဘက်လေယာဉ်မှူးဟာ စိတ်ရောဂါကုဆရာဝန်တွေနဲ့ ကုသမှုခံယူနေရတဲ့အပြင် အမြင်အာရုံချို့တဲ့တဲ့ ပြဿနာတွေလည်း ရှိနေနိုင်တယ်လို့ ဂျာမန်သတင်းစာတစောင်က တနင်္ဂနွေနေ့မှာပဲ ဖော်ပြလိုက်ပါတယ်။

အသက် ၂၇ နှစ်အရွယ် တွဲဘက်လေယာဉ်မှူး အန်းဒရီးယတ်စ် လုဘစ်ဇ် (Andreas Lubitz) ဟာ မျက်လုံးအမြင်လွှာ ရောဂါကြောင့် မျက်စေ့ကွယ်မှာ စိုးရိမ်နေတယ်ဆိုတဲ့ အထောက်အထားတချို့ကို စုံစမ်းစစ်ဆေးသူတွေ တွေ့ရှိခဲ့တယ်လို့ ဂျာမန်သတင်းစာ ဘေ အမ် ဆွန်တဂ် (Bild am Sonntag) မှာ ဖော်ပြခဲ့တာပါ။

လုဘစ်ဇ် (Lubitz) အိမ်မှာ သောကြာနေ့က ရှာဖွေတွေ့ရှိခဲ့တဲ့ အထောက်အထားတွေအရ ကျန်းမာရေး ပြဿနာတွေနဲ့ လိုအပ်တဲ့ ကုသမှုတွေ ခံယူနေရတဲ့လက္ခဏာတွေ တွေ့ရတယ်လို့လည်း အစိုးရရှေ့နေတွေက ပြောဆိုထားကြပါတယ်။ စိတ်ရောဂါဝေဒနာအတွက် ကုသမှု ခံယူနေရတဲ့ အထောက်အထားကိုလည်း ရဲတပ်ဖွဲ့က တွေ့ရှိထားတာပါ။

Lubitz နဲ့ အတူနေခဲ့တဲ့ ရည်းစားဖြစ်သူဟာလည်း ကိုယ်ဝန်ရှိနေတယ်လို့ ဂျာမန်သတင်းစာက ဖော်ပြပါတယ်။ လေယာဉ်ပေါ်မှာ လိုက်ပါလာသူ လူပေါင်း ၁၅၀ စလုံး သေဆုံးခဲ့ရတဲ့ လေယာဉ်ပျက်ကျမှုမတိုင်ခင်အချိန်မှာပဲ တွဲဘက်လေယာဉ်မှူး လုဘစ်ဇ် (Lubitz) ဟာ လေယာဉ်မှူးကို စက်ခန်းထဲပြန်မ၀င်နိုင်အောင် တံခါးသော့ခတ်ပိတ်ထားခဲ့တာကို လေယာဉ်ပျံသန်းမှု မှတ်တမ်းတင်စက်မှာ တွေ့ရှိခဲ့ရ ကြောင်းလည်း ပြင်သစ်အာဏာပိုင်တွေက ပြောဆိုကြပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com



  • သုဘရာဇာကို တုန်လှုပ်သွားစေခဲ့တဲ့ သေရွာပြန် အမျိုးသမီး
  • လက်ရှိရည်းစားနဲ့ ရည်းစားဟောင်း နှစ်ဦးစလုံး မြစ်ထဲခုန်ချခဲ့တာကြောင့် ဘယ်သူ့ကယ်ရမှန်းမသိ အကျပ်ရိုက်ခဲ့တဲ့ အမျိုးသား
  • ဖက်ရှင်ကို အလွန်အမင်း အရေးပေးလာတဲ့ နယူးရော့ခ်ကို သရော်တဲ့အနေနဲ့ ကိုယ်တုံးလုံးပုံတွေချည်း ရိုက်ကူးထားတဲ့ ဓာတ်ပုံစာအုပ်တစ်အုပ် ထွက်ရှိ
  • ခေတ်စားနေတဲ့ စုံတွဲများ စုပေါင်း ကာမဆက်ဆံခြင်း
  • လက်တင်အမေရိကမှာ လူမြင်ကွင်း ကလေးနို့ရည်တိုက်ကျွေးခြင်း တားမြစ်ပါက ဒဏ်ငွေရိုက်မယ့်ဥပဒေပြဌာန်း
  • မကျွမ်းကျင်သေးတဲ့ လက်သည်းအလှပြုပြင်သူကြောင့် လက်သည်းခွံတွေ ဖယ်ရှားလိုက်ရတဲ့ မော်ဒယ်လ် အမျိုးသမီး
  • အတင်းဓမ္မပြုကျင့်ဖို့ ကြိုးစားသူရဲ့ တန်ဆာကို ပါးစပ်နဲ့ ကိုက်ဖြတ်
  • ထိုင်းနိုင်ငံမှာ “ရင်သားအောက်ပိုင်းတစ်ဝက်ပေါ် Selfie” ရိုက်တဲ့ အမျိုးသမီးတွေ ထောင်ဒဏ် (၅) နှစ်ကျခံရမယ်လို့ သိရ
  • ဈာပန အခမ်းအနားရောက်မှ အမေ မသေသေးတာ သိလိုက်ရတဲ့ သားသမီးများ
  • အိန္ဒိယနိုင်ငံမှာ နှလုံးက ခန္ဓာကိုယ်အပြင်ဘက် ငေါထွက်နေတဲ့ ကလေးမွေးဖွား
  • အမျိုးသားတွေကို စတာလင်ပေါင် ၃၅၀ ပေးပြီး သူမကို ကိုယ်ဝန်ရရှိအောင် ပြုလုပ်ပေးဖို့ ကမ်းလှမ်းခဲ့တဲ့ အမျိုးသမီး
  • အိမ်ဝယ်မယ်ဆိုရင်အိမ်ရှင်အမျို သမီးကသူ့ကိုအလကားရမယ်တဲ့
  • ချစ်တင်းနှီးနှောနေစဉ်လိင်အင်္ဂါကျိုးပျက်သွားတဲ့အမျိုးသား
  • ၁၁နှစ်သားနဲ့ ၁၅နှစ်သမီးကိုသတ်ပြီးရေခဲသေတ္တာထဲထည့်သိမ်းထားတဲ့မိခင်ဖမ်းခံရ
  • မိဘနှစ်ပါးကိုချက်ပြုတ်စားသောက်တဲ့သားမိုက်
  • ဈေးဝယ်ဖောက်သည်လုရာမှ သုံးလောင်းပြိုင်လူသတ်မှုဖြစ်ပွါး
  • မလေးရှားသွားမည့် ရထားပေါ်တွင် တရားမ၀င်မြန်မာ ၇၆ ဦးကို ထိုင်းရဲ ဖမ်းဆီး


  • Share on Google Plus

    About Editor

    This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
      Blogger Comment
      Facebook Comment

    0 comments:

    Post a Comment