ဒေါ်လာ ၂၀၀အောက် ရနိုင်မယ့် Tablet များ




သင်ဟာ ဈေးနှုန်းလည်းသက်သာပြီး ဈေးနှုန်းနဲ့လည်း ထိုက်တန်တဲ့ Tablet တစ်လုံကို ရှာဖွေနေတယ်ဆိုရင်တော့ အရည်အသွေးလည်း ဈေးနှုန်းနဲ့ထိုက်တန်တဲ့ ဒေါ်လာ၂၀၀အောက် tablet  အမျိုးအစား တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ Amazon Fire HD 6
Amazon Fire HD 6 ဟာ အရွယ်အစားကလည်း သေးငယ်သလို ဈေးနှုန်းကလည်းသက်သာပါတယ်။ မျှဝေသုံးစွဲဖို့အတွက်လည်း အဆင်ပြေမယ့် သုံးစွဲသူ Profile ခွဲခြားသုံးစွဲ နိုင်မယ့် စနစ်လည်း ပါဝင်လာပါတယ်။ Amazon ရဲ့ နောက်ဆုံးဗားရှင်း ဖြစ်တဲ့ Fire Sangaria OS ကို အသုံးပြုထားပါတယ်။ အားနည်းချက်အနေနဲ့ကတော့ ပလတ်စတစ် နဲ့ တည်ဆောက်ထားတာဖြစ်ပြီး သိမ်းဆည်းနိုင်တဲ့ ပမာဏကတော့ 8GB သာ ပါဝင်ပါတယ်။ ဈေးနှုန်းကတော့ ၉၉ ဒေါ်လာ ပဲ ရှိပါတယ်။
၂။ Amazon Kindle Fire HDX 7
၂၀၁၃ခုနှစ်က ထုတ်လုပ်ထားတဲ့ Amazon Kindle Fire HDX 7 ဟာ ဒီစာရင်းထဲမှာတော့ ဈေးအကြီးဆုံးဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့်လည်း သူ့ရဲ့ စွမ်းဆောင်ရည်ကတော့ အကောင်းဆုံးဖြစ်နေမှာပါ။ Amazon Prime Instant Video စနစ်ကိုလုပ်ဆောင်နိုင်ပြီး ၇ လက်မ မျက်နှာပြင်ဟာ တောက်ပ မှု ကောင်းမွန်ပါတယ်။လျင်မြန်တဲ့ Processor လည်းပါဝင်ထားပြီး အားနည်းချက်ကတော့ သိမ်းဆည်း ပမာဏ က 16GB ပဲ ပါဝင်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၈၀ ခန့်ရှိပါတယ်။
၃။ Samsung Galaxy Tab 4 7.0
မျက်နှာပြင် ၇ လက်မရှိတဲ့ Galaxy Tab 4 ဟာ Web ရှာဖွေဖို့ ၊ အီးမေးလ်စစ်ဖို့နဲ့  သာမာန်မိုဘိုင်းလ်ဂိမ်းတွေအတွက် သင့်တော်ပါတယ်။ ပြီးတော့ universal remote အဖြစ် Samsung ရဲ့ ထုတ်ကုန် တော်တော်များများ ကို ချိတ်ဆက်ထိန်းချူပ်နိုင်မယ့် IR Blaster လည်းပါဝင်ပါတယ်။ သူ့ရဲ့ အားနည်းချက်ကလည်း Micro SD ကတ် လိုအပ်နေတာပဲ ဖြစ်ပါလိမ့်မယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၈၀ ဖြစ်ပါတယ်။
၎။ Dell Venue 7
Dell ရဲ့ Venue 7 tablet ဟာ Samsung နဲ့ Amazon ရဲ့ tablet တွေလောက် ဆန်းသစ်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ Feature တွေ app တွေ မပါဝင်ပေမယ့်လည်း သိုလှောင်ပမာဏ များတဲ့အတွက် လိုချင်တဲ့ app တွေကို စိတ်ကြိုက် Download ပြုလုပ် သိမ်းဆည်းထားနိုင်ပြီး Homepage ကိုပါ ကိုယ်လိုချင်တဲ့ ပုံစံပြုလုပ်ထားနိုင်မှာပါ။ Download ပြုလုပ်ရတာ ပိုမို ကောင်းမွန်ပေမယ့်လည်း Download ပြုလုပ်နေချိန်မှာတော့ လုပ်ဆောင်ချက်တွေ နှေးသွားနိုင်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၅၀ ဖြစ်ပါတယ်။
Ref:cnet.com
Mario
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment