ဂိမ်းကစားဖို့အတွက် အသင့်တော်ဆုံး Tablet များ





Tablet တွေဟာ ဖုန်းပြောဖို့အတွက်လည်း အသုံးပြုကြသလို အခြားအင်တာနက် ၀န်ဆောင်မှု တွေအတွက်လည်း အသုံးပြုလေ့ရှိပါတယ်။ တစ်ချို့ကျတော့လည်း ဂိမ်းကစားဖို့ အသုံးပြုကြပါတယ်။ တစ်ကယ်တော့ Tablet တွေဟာ စမတ်ဖုန်းတွေထက် ဂိမ်းဆော့ဖို့ ပိုပြီး သင့်တော်ပါတယ်။ ဂိမ်းဆော့ဖို့ အတွက် အသင့်တော်ဆုံး ကြည်လင်ပြတ်သားမှုနဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ကို ပေးနိုင်မယ့် Tablet ၃ ခု ကို ဖော်ပြပေးလိုက်ပါတယ်။
Sony Xperia Z2
သင်ဟာ ရေချိုးဇလုံထဲမှာ စိမ်ရင်း (သို့) ရေကူးကန်ထဲမှာ အနားယူရင်း ဂိမ်းဆော့ဖို့ အတွက် ဆိုရင်တော့ Sony Xperia Z2 ဟာ အသင့်တော်ဆုံးပါ။ ရေစိုခံ တဲ့ ၁၀ လက်မ ပတ်လည် မျက်နှာပြင်ဟာ သင့်အတွက် အကောင်းဆုံးဖြစ်စေမှာပါ။ RAM လည်း 3GB အထိပါဝင်ပြီး သယ်ယူသွားဖို့ အတွက် ပေါ့ပါးတဲ့ ကိုယ်ထည်ရှိပါတယ်။ 2.3 GHz quad-core Krait 400 CPU သုံးထားတဲ့အတွက် မြန်ဆန်တဲ့ လုပ်ဆောင်ချက်တွေကို ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရေစိုခံ တာကတော့ ၃၀ မိနစ် အထိပဲ ဖြစ်ပါတယ်။ ဈေးနှုန်ူး ကတော့ ဒေါ်လာ ၅၀၀ ၀န်းကျင်ရှိပါတယ်။
Amazon Fire HDX 8.9
Amazon Fire HDX 8.9 ဟာ သင့်မိသားစုနဲ့ အတူ ဝေမျှ သုံးစွဲဖို့ အသင့်တော်ဆုံး Tablet တစ်လုံးဖြစ်ပါတယ်။ CPU ကတော့ Qualcomm Snapdragon 805 ကို သုံးထားတဲ့ အတွက် ဂိမ်းဆော့ဖို့ သင့်တော်ပါတယ်။ RAM ကလည်း 2GB အထိ ပါဝင်တဲ့ အတွက် လုပ်ဆောင်ချက်တွေ ကတော့ မြန်ဆန်နေဦးမှာပါ။ Amazon App Store ရဲ့ ဂိမ်းတွေဟာ Apple Store နဲ့ Google Play app Store တွေ လောက် ရွေးချယ်စရာ မများပေမယ့် ဂိမ်း အကြီးတွေကတော့ လျင်မြန်စွာဖွင့်လှစ်ပြီး ပေါ့ပါးစွာ အသုံးပြုနိုင်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၃၈၀ ၀န်းကျင်ဖြစ်ပါတယ်။
Google Nexus 9
Google ရဲ့ နောက်ဆုံး Tablet ဟာ လှပတဲ့ အသွင်အပြင်ရှိပြီး တင်ဆက်မှု အကောင်းဆုံး Tablet တစ်ခုဖြစ်ပါတယ်။ သူ့ရဲ့ Graphic တင်ဆက်မှုကတော့ တော်တော်လေးကောင်းမွန်ပါတယ်။ CPU ကတော့ NVIDIA Tegra K1; 2.3 GHz dual-core Denver ကိုသုံးထားပါတယ်။ RAM ကတော့ 2GB ပါဝင်ပါတယ်။ Android ရဲ့နောက်ဆုံးဗားရှင်းကို အထောက်အပံ့ ပေးနိုင်တဲ့ Google Nexus 9 ဟာ ဈေးနှုန်းနဲ့ အသင့်တော်ဆုံး Tablet တစ်လုံးလည်းဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၅၀၀ ၀န်းကျင်ရှိပါတယ်။
Ref:cnet.com
Mario
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment