TaylorSwift.porn နဲ့ TaylorSwift.adult ဆိုတဲ့ ၀က်ဘ်ဆိုက် ဒိုမိန်းတွေကို ၀ယ်ယူခဲ့တဲ့ Taylor Swift






ကန်းထရီး အဆိုတော်မလေး Taylor Swift ဟာ ညစ်ညမ်းရုပ်ရှင်ဈေးကွက်ထဲကို ခြေချတော့မယ် လို့ ထင်ရလောက်စေမယ့် လုပ်ရပ်တစ်ခုကို လုပ်ခဲ့ပါတယ်။
အဲဒီလုပ်ရပ်ကတော့ TaylorSwift.porn နဲ့ TaylorSwift.adult ဆိုတဲ့ ၀က်ဘ်ဆိုက် ဒိုမန်းတွေကို ၀ယ်ယူခဲ့တာပါပဲ။ ထိုအင်တာနက် ဒိုမိန်းတွေဟာ ICANN ဆိုတဲ့ အဖွဲ့ ဖန်တီး ရောင်းချပေးလိုက် တာ ဖြစ်တယ်လို့ Billboard သတင်းဌာနရဲ့  ဖော်ပြချက်အရ သိရပါတယ်။
ဒီနှစ်နွေရာသီမှာ အဲဒီလို ဒိုမိန်းတွေဟာ ရောင်းချမှုအများဆုံး ဖြစ်လာခဲ့ပါတယ်။ အကြောင်းကတော့ အချို့သော အနုပညာရှင်တွေဟာ သူတို့ရဲ့နာမည်တွေကို အသုံးပြုပြီး အင်တာနက် Troll တွေပြုလုပ် နေခြင်းကနေ ကာကွယ်ဖို့အတွက် ဖြစ်တယ်လို့ သိရပါတယ်။
ဇန်န၀ါရီ လထဲမှာလည်း Taylor Swift က သူမရဲ့ နောက်ဆုံးအယ်လ်ဘမ်ဖြစ်တဲ့ “1989” ထဲက စာကြောင်း ၅ ကြောင်းကို သူမရဲ့ အမည်နဲ့ အမေရိကန်ပြည်ထောင်စုရဲ့ မူပိုင်ခွင့်ဌာနမှာ မူပိုင်ခွင့် လျှောက်ထား ခဲ့ပါသေးတယ်။ ထိုစာကြောင်း ၅ ကြောင်းကတော့ “Party like it’s 1989” ၊ “this sick beat” ၊ “cause we never go out of style” ၊ “could show you incredible things” နဲ့ “nice to meet you, where you been?” တို့ပဲဖြစ်ပါတယ်။
Hollywood Reporter သတင်းဌာနရဲ့ ဖော်ပြချက်အရတော့ ထို အင်တာနက် ဒိုမိန်းတွေကို Taylor Swift က ဘာအတွက် ၀ယ်ယူခဲ့လည်းဆိုတာကိုတော့ တိတိကျကျ မသိရသေးဘူးလို့ ဆိုပါတယ်။
Ref:starpulse
Source:trend.com.mm




Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment