Wonder Womanအဖြစ် သရုပ်ဆောင်မယ့် Gal Gadot ဟာ သူမရဲ့ သေးငယ်တဲ့ ရင်သားတွေကြောင့် ဝေဖန်ခံနေရ




ဒါရိုက်တာ Zack Snyder ရိုက်ကူး ပုံဖော်ထားပြီး မကြာခင်မှာ ထွက်ရှိလာတော့မယ့် “Batman Vs Superman: Dawn of Justice” ဆိုတဲ့ ဇာတ်လမ်းမှာ Wonder Woman အဖြစ် ပါဝင်သရုပ်ဆောင်မယ့် အစ္စရေး သရုပ်ဆောင်မလေး Gal Gadotကို ပရိတ်သတ်တွေက ရင်သားသေးငယ်တဲ့အတွက် Wonder Woman ဇာတ်ကောင်နေရာနဲ့ မလိုက်ဖက်ဘူးလို့ ဝေဖန်နေကြပါတယ်။
ထိုဝေဖန်မှုတွေအတွက် အသက် ၂၉ နှစ်အရွယ် Gal Gadot က “ ကျွန်မကို မုန်းနေတဲ့သူတွေက ကျွန်မဟာ အရမ်းပိန်ပြီး ကျွန်မရဲ့ ရင်သားတွေဟာ သေးငယ်တယ်လို့ ပြောကြပါတယ်။ ကျွန်မရဲ့ ဦးခေါင်းက အရမ်းကြီးနေပြီး ကျွန်မရဲ့ ကိုယ်လုံးက တုတ်ချောင်းလောက်ပဲ ရှိတယ်လို့လည်း ပြောကြပါတယ်။ ဒါတွေဟာ အဓိပ္ပာယ် မရှိပါဘူး။ ကျွန်မ သရုပ်ဆောင်ရမယ့် အပိုင်းတွေကို ကျွန်မ နားလည်ပါတယ်” လို့ ပြန်လည် ဖြေရှင်းခဲ့ပါတယ်။
မနှစ်က နွေရာသီမှာတုန်းက Comic Con မှာ ဒါရိုက်တာဖြစ်သူ Snyder က Gal Gadotကို Wonder Woman ၀တ်စုံ ၀တ်ဆင်စေပြီး ပရိသတ်တွေကို ပြသခဲ့ပါသေးတယ်။ အသစ်ထွက်ရှိလာမယ့် “Batman Vs Superman” ဇာတ်လမ်းထဲမှာတော့ Batman အဖြစ် Ben Affleck က သရုပ်ဆောင်မှာဖြစ်ပြီး Superman အဖြစ် Henry Cavill က သရုပ်ဆောင်ထားသလို Amy Adams ၊ Diane Lane ၊ Laurence Fishburneနဲ့ Jeremy Irons တို့ကလည်း ပါဝင် သရုပ်ဆောင်ပေးထားပါတယ်။
ထိုဇာတ်လမ်းဟာ ၂၀၁၆ ခုနှစ် မတ်လ ၂၅ ရက်နေ့မှာ စတင် ရုံတင်ပြသမယ်လို့ သိရပါတယ်။
Gal Gadot
Ref:starpulse.com
Mario
Source:trend.com.mm




Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment