ချင်းပြည်နယ်မှာ ပေ(၅ဝဝ)ခန့်အနက်ရှိ ချောက်ထဲသို့ ယာဉ်တစီး ထိုးကျ တိမ်းမှောက်၍ သေဆုံး/ဒဏ်ရာရ


 အရှိန်မထိန်းနိုင်သောယာဉ် ပေ(၅ဝဝ)ခန့်အနက်ရှိ ချောက်ထဲသို့ ထိုးကျ တိမ်းမှောက်၍ သေဆုံး/ဒဏ်ရာရ

နေပြည်တော်၊ ဧပြီ ၂၁

၂ဝ၁၅ ခုနှစ်၊ ဧပြီလ ၂ဝ ရက်နေ့ နေ့လယ် ၂ နာရီ ၅ဝ မိနစ်အချိန် ချင်းပြည်နယ်၊ တီးတိန် မြို့နယ်၊ ဇောင်ကောင်ကျေးရွာနှင့် ဖလမ်းမြို့နယ်၊ ဗားရ်လုံကျေးရွာကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ တီးတိန်မြို့နယ်၊ ထုတ်လှိုင်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။

 စစ်ဆေးချက်အရ ကလေးမြို့မှ ဖလမ်းမြို့သို့ တီးတိန်မြို့နယ်၊ သိုင်းငင်းရွာနေ ဦးကျင်ချန့်နန်(၄၃)နှစ် မောင်းနှင်လာသော YGN-9C/**** ပါဂျဲရိုးစိမ်းပုပ်ရောင်ယာဉ်မှာ အရှိန် မထိန်းနိုင်ဘဲ လမ်း၏ယာဘက် အနက်ပေ(၅ဝဝ)ခန့်ရှိချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။

 ထိုသို့တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူများအနက် ယာဉ်မောင်း ဦးကျင်ချန့်နန်နှင့် ဖလမ်းမြို့၊ ကျင်မွှာလ်ရပ်ကွက်နေ ဦးဂျိမ်းစ်ခိုင်တွာလ်(၃၈)နှစ်တို့တွင် ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ပြီး တစ်ရပ်ကွက်တည်းနေ မောင်ပုမ်ကိမ်းခိုင်(၁၄)နှစ်နှင့် မောင်ပုမ်ဆွမ်ပေါင်(၁၆)နှစ်တို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် ဖလမ်းပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင် ပေးခဲ့ကာ ယာဉ်မဆင်မခြင်မောင်းနှင်သူ ဦးကျင်ချန့်နန်အား တီးတိန်မြို့မရဲစခန်း ယာဉ်(ပ)၆/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၃ဝ၄-က/၃၃၈/၃၃ရ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment