လစ်ဗျားနားမှာ လှေကြီးမှောက် ၇၀၀ လောက်သေ


လှေပေါ် လိုက်ပါလာသူတွေကို အီတလီတပ်က ကယ်ဆယ်စဉ် (Credit: Reuters) 
 လစ်ဗျားနိုင်ငံ ကမ်းခြေကနေ ဥရောပ တိုက်ဆီကို ဝင်လာဖို့ ကြိုးစားတဲ့ လှေကြီးတစ်စီး တိမ်းမှောက်ခဲ့ရာ က လူအယောက်ပေါင်း ၇၀၀ လောက် သေဆုံးလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။

လစ်ဗျားနိုင်ငံကနေအထွက် အီတလီနိုင်ငံ တောင်ပိုင်း Lampedusa ကျွန်း နားမှာ တိမ်းမှောက်ခဲ့တာ ဖြစ်ပြီး လူပေါင်း ၂၈ ယောက်ကိုသာ ကယ်တင်နိုင်ခဲ့တယ်လို့ အီတလီကမ်းခြေ စောင့်တပ်က ပြောပါတယ်။

လူပေါင်း ၇၀၀ လောက် သေတယ် ဆိုတဲ့ သတင်းသာ မှန်ကန်ခဲ့မယ်ဆိုရင် ဒါဟာ မြေထဲပင်လယ်မှာ ဖြစ်ခဲ့တဲ့ မတော်မဆ မှုတွေထဲက ကြီးမားတဲ့ မတော်တဆမှု တစ်ခုဖြစ်ပါတယ်။

ဒါ့အပြင် ဒီနှစ်အတွင်း တခြားနိုင်ငံကို ရွေ့ပြောင်းနေထိုင်ဖို့ ကြိုးစားတဲ့အနေနဲ့ မြေထဲပင်လယ် ဖြတ်ကျော်တုန်း သေဆုံးသွားသူ လူပေါင်း ၁၅၀၀ ကျော် ရှိသွားမှာ ဖြစ်ပါတယ်။

သင်္ဘောတစ်စီးရောက်လာလို့ လူတွေနဲ့ ပြည့်ကြတ်နေတဲ့ လှေပေါ်က လူတွေ သင်္ဘောပေါ် တက်ဖို့ ကြိုးစားရင်း လှေတစ်ဖက်မှာပဲ လူတွေ စုဝေးပြီး အလေးချိန် မမျှမတ ဖြစ်ရာက တိမ်းမှောက်သွားတာလို့ ခန့်မှန်းနေကြပါတယ်။

သင်္ဘောက သူတို့ကို လာကယ်ပြီလို ယူဆပြီး လှေရဲ့ တစ်ဖက်ခြမ်းမှာပဲ လာရောက် စုံပြုံကြပြီးနောက် အခုလို ဖြစ်ပေါ်တာလို့ အသက်ရှင် ကျန်ရစ်သူ မစ္စတာ Sami က ပြောပါတယ်။

အခုလောလောဆယ် အီတလီနဲ့ မော်လ်တီးစ် အာဏာပိုင်တွေက ရှာဖွေ ကယ်ဆယ်ရေးတွေ ပြုလုပ်နေကြပါတယ်။

ဒီလို သေဆုံးမှု များပြားတဲ့အတွက် ဥရောပ သမဂ္ဂကလည်း အရေးပေါ် အစည်းအဝေး တစ်ခု ခေါ်ယူဖို့ စဉ်းစားနေပါတယ်။

စစ်ဖြစ်နေတဲ့ ဒေသက လူတွေ ထွက်ပြေး တိမ်းရှောင်လာတဲ့ မြေထဲ ပင်လယ်မှာ ကယ်ဆယ်ရေးလှေတွေ၊ လေယာဉ်တွေ ပိုမို ချထားဖို့ လုပ်ဆောင်ဖို့ လိုသလို လူကုန်ကူးမှုကိုလည်း ဒီထက်မက တိုက်ဖျက်ရမယ်လို့ ဥရောပ သမဂ္ဂ ဥက္ကဌက ပြောပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment