အနုပညာအလုပ်ကနေအနားယူပြီး ပျော်ရွှင်တဲ့မိသားစုဘဝကို တည်ဆောက်နေတဲ့ သရုပ်ဆောင်သက်ထားဦးက လိမ်ညာတာ အခုလက်ရှိတောင်ခံနေရကြောင်း၊ ဘဝမှာ ရိုးရိုး သားသားနေပေမယ့် ကိုယ့်ကိုလိမ်ညာသွားတာကတော့ ကံတရားတစ်ခုပါလို့ ပြောပါတယ်။
” အလိမ်ခံရတာကတော့ အမြဲတမ်းကြုံနေရတာပါပဲ။ ကိုယ်က သူများကိုမလိမ်ဖူးဘူး။ ကိုယ်မလိမ်ဖူးတဲ့အခါကျတော့ သူများကို ကိုယ့်လိုပဲထင်ပြီး ယုံလိုက်မိတယ်။ အဲဒီမှာ ကိုယ့်ကို လိမ်သွားတာပဲ။ လိမ်တာက လောလောလတ်လတ်တောင် ကြုံနေရတယ်။ တချို့ကျတော့ မရှိလို့ လုပ်စားတာနေမှာပါ။ မထင်ထားဘဲ ဖြစ်သွားတာတွေ လည်း ဖြ စ်နိုင်တယ်။ သူတို့လည်း သူတို့ အခက်အခဲနဲ့သူတို့ ရှိလိမ့်မယ်လို့ထင်တယ်” လို့ သရုပ်ဆောင် သက်ထားဦးက ပြောပါတယ်။ အနုပညာအလုပ်ကို လုပ်ခဲ့စဉ်က အရိုးသား ဆုံးနေပြီး ကြည့်ရှောင်ခဲ့တယ်လို့ ပြောပါတယ်။
” အစ်မတို့ကတော့ လိမ်လည်မှု မဖြစ်အောင်၊ အလိမ်မခံရအောင် ကြည့်ရှောင်ခဲ့တယ်။ တချို့ကျတော့ မင်းသမီးလုပ်ပေးမယ်၊ မုန့်စားမယ်ဆိုပြီး လိမ်လည်ဖြားယောင်း တာတွေ ရှိတယ်။ အစ်မကဘဝကို ရိုးရိုးသားသားပဲ ဖြတ်သန်းချင်တယ်။ ပြီးတော့ ကိုယ့်မိဘကလည်း ရှိနေတဲ့ အခါကျတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး နာမည်ပျက်လည်းမ ခံနိုင်ဘူး။ ကိုယ်ရတဲ့ နေရာလေးနဲ့ပဲ အဆင်ပြေအောင် နေခဲ့တယ်။ အဖြူစင်ဆုံးနေတယ်။ ကိုယ့်နောက်ကြောင်းကို ပြန်လှည့်လိုက်ရင် ဂုဏ်သိက္ခာရှိစွာနဲ့ လက်မထောင်နိုင် ရမယ်။ သားသမီးတွေက မိဘကို ပြန်ကြည့်တယ်ဆိုရင်လည်း ဘာနာမည်ပျက်မှမရှိဆိုတဲ့ ဂုဏ်ပုဒ် နဲ့နေချင်တယ်။ ကိုယ်ကတော့ အရိုးသားဆုံးနေတယ်။ ကိုယ့် ကို လိမ်သွားတာကတော့ ကံတရားပေါ့” လို့လည်း ပြောပါတယ်။ လိမ်ညာမှုက အပြင် စီးပွားရေးလောကမှာ၊ တခြားနေရာတွေမှာ အများကြီးကြုံဖူး၊ မြင်ဖူး၊ တွေ့ ဖူးကြောင်း လည်း ပြောပါတယ်။ ” အစ်မတို့ဆို တော်တော်ငြိမ်းချမ်းတယ်လို့ပြောရမယ်။ အိမ်မှာနေပြီးအပြင် လောကနဲ့ သိပ်ထိတွေ့ခွင့်မရဘူး။ စီးပွားရေးမလုပ်တဲ့အခါကျတော့ လိမ် တာ၊ ညာတာ သိပ်မတွေ့ရဘူး။ အစ်မအမျိုးသားဆို အပြင်မှာ စီးပွားထွက်ရှာတဲ့အခါကျတော့ ပိုပြီးတော့ တွေ့ကြုံရတာပေါ့။
လိမ်တယ်ဆိုကတည်းက မကောင်းဘူးလို့ မြင်တယ်။ အစ်မအလိမ်ခံရတာက ကိုယ်ကပဲ လောကကြီးမှာ သိပ်ပြီးတော့ မတတ်ကျွမ်းသေးလို့လား၊ ဘာကြောင့်လဲတော့ မသိဘူး။ ပြီးတော့ လူတွေကိုပဲယုံတတ်လို့လား မသိဘူး။ အလိမ်တော့ခံနေရတုန်းပဲ။ သနားတတ်တဲ့ လူကတော့ အမြဲအလိမ်ခံရလိမ့်မယ်လို့ အစ်မထင်တယ်။ တ ကယ်တမ်းပြောရရင် အလို့ပေါ့။ အတိုးပေးစားတဲ့လူ တစ်ယောက်ကိုပဲကြည့်၊ လူတစ်ယောက်ကိုယုံကြည်ပြီး အတိုးနဲ့ ငွေချေးတယ်။ ဟိုဘက်လူက မပေးနိုင်ရင် ကိုယ်က ဘာမှလုပ်လို့မရဘူးလေ။ သဘောတရားတစ်ခုကို ပြောတာပါ။ မိန်းကလေး တွေဆိုရင် ယောက်ျားလေးတွေက လိမ်လည်းတာခံရတာပဲ။ အဓိကကိုယ်က အလို့ပါပဲ။ ရုပ် ရှင်အနုပညာအလုပ်လုပ်တုန်းက ကံကောင်းခဲ့တယ်။ လူကောင်းတွေနဲ့ တွေ့လို့လေ။ အလိမ်ခံရတာ မရှိခဲ့ဘူး” လို့ ပြောပါတယ်။ သက်ထားဦးအနေနဲ့ နှစ်လသား သမီးလေးနဲ့ သားလေးမင်းသက်လွင် လေးအနားမှာ ရှိနေတဲ့အတွက် အခု အချိန်မှာ တော်တ်ာလေး စိတ်ချမ်းသာ ရတယ်လို့လည်း ပြောပါတယ်။
ပေါ်ပြူလာ
Source:popularmyanmar.com

0 comments:
Post a Comment