လူတစ်ယောက်ကို ယုံကြည်ဖို့က ပေါင်းကြည့်မှသိမယ်လို့ပြောတဲ့ စမိုင်း


အနုပညာအလုပ်ကနေ စီးပွားဘက်ကို ပြောင်းလဲလုပ်ကိုင်လာတဲ့ သရုပ်ဆောင်၊ အဆိုတော် စမိုင်းက လူတစ်ယောက်ကို ယုံကြည်ဖို့ဆိုတာ က ပေါင်းကြည့် မှသိမယ်လို့ ပြောပါတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီး စမိုင်းက ” ယုံကြည်မှု၊ လိမ်လည်မှုတွေက အစ်မတို့ စီးပွားရေး လောကမှာ တော်တော်တွေ့ရပါတယ်။ အပြင်ပန်း သ ဏ္ဋာန်က ကောင်းကောင်းမွန်မွန်၊ ချမ်းချမ်းသာသာပဲ။ ဒါပေမဲ့ ကောက်ကျစ် စဉ်းလဲပြီးတော့ စိတ်ထားမမှန်တဲ့သူတွေ အများကြီးတွေ့ရတယ်။ သူများကို ချောက် ချ ချင်တဲ့ သူတွေလည်း တွေ့ရတယ်။ ဒီ တော့  ဘယ်သူ့ကိုမှ ယုံလို့မရဘူး။ ရိုးရိုးသားသားနေပြီး ကိုယ့်အပေါ် ကောင်းတဲ့သူတွေလည်းရှိတယ်။ ယုံကြည်ဖို့၊ မယုံကြည်ဖို့ဆိုတာက ရှင်းရှင်းပြောရရင် ကိုယ်ကလွဲပြီး ကိုယ့်ဒူးတောင် ကိုယ်မယုံကြည်ရဘူး။ ဘယ်သူ့ကိုမှ မယုံကြည်တာကတော့ ကိုယ့်ဘဝအတွက် အကောင်းဆုံးပါပဲ။ ဒါပေမဲ့လည်း အ စွန်းတော့ မရောက်ဘူး ပေါ့နော်။ စီးပွားရေးလုပ်နေတဲ့အခါ ကျတော့ လူယုံသတ်လို့သေရဖူးတာ အခေါက်ခေါက်ကြုံဖူးတယ်။လူ တစ် ယောက်ကို ယုံကြည်ဖို့ က ပေါင်းကြ ည့်မှပဲသိလိမ့်မယ်” လို့ပြောပါတယ်။ လိမ်တယ်ဆိုတာသိပေမယ့် တချို့စီးပွားရေးကိစ္စတွေကို လက်မလွှတ်နိုင်သေးတာ ကြောင့် လိမ်ပေမယ့်သိသိကြီးနဲ့ အ လိမ်ခံရ တာတွေလည်း ရှိတယ်လို့ ပြောပါတယ်။
” ပတ်ဝန်းကျင်မှာတော့ ရှိနေတာပဲ။ အစ်မတို့က ပိုဆိုးတယ်။ နှစ်ခါခံနေရသလို ဖြစ်နေတယ်။ ရင်ထဲမှာ မွန်းကျပ်ပြီးတော့ ပြောလည်း မပြောရဲဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့နဲ့ တခြားစီးပွား ရေး ကိစ္စတွေက ပတ်သက်ဆက်နွှယ်နေတော့လက်လွှတ်လိုက်ရမှာကိုလည်း စိုးရိမ်တယ်။ ဒီတော့ အဲဒါက တအားဒုက္ခရောက်ရတယ်။ အရှေ့ မှာေ ကာင်းနေတယ်။ နောက်လှည့်လိုက်ရင် နောက်ကျော ကို ဓားနဲ့ထိုးမယ့်သူတွေကတအားများတယ်” လို့လည်း ပြောပါတယ်။ နိုင်ငံခြားမှာအနေများခဲ့တာကြောင့် ယုံကြည် မှုရှိအောင်၊ အလိမ်မခံရအောင် ကိုယ့်ကိုယ်ကိုယ်ကြိုးစားခဲ့ရတယ်လို့လည်း ပြောပါတယ်။
” အစ်မက အရာအားလုံးကို ကိုယ်ထူးကိုယ်ချွန် ကြိုးစားခဲ့ရတယ်။ သုညကနေစခဲ့ရတာ။ နိုင်ငံခြားနဲ့ မြန်မာပြည်ကွာတာတစ်ခုက နိုင်ငံခြားက လူတွေက အခုတွေ့နေတဲ့ အချိန် လောက်ပဲ စကားပြောတယ်။ ပြီးရင် နောက်ကွယ်မှာ ဒီလူ့အကြောင်း စိတ်မဝင်စားတော့ဘူး။ သူ့ကိုယ်သူလုပ်စရာရှိ တာလုပ်တယ်။ အစ်မတို့ ဆီမှာက ဒီလူနဲ့တွေ့ ခဲ့လို့ရှိရင် ပြန်သွားတဲ့အခါမှာလည်း ဒီလူ့အကြောင်းကို တခုတ်တရစဉ်းစား တတ်ကြတယ်။ ဒီလူဘာဖြစ်လို့ အောင်မြင်တာလဲ၊ ဘာဖြစ်လို့  ပိုက် ဆံတွေရှိ လာ တာ လဲ ဆိုပြီးတော့လေ။ မနာလိုမှုတွေက ပိုများ နေသလားလို့တောင်ထင်ရတယ်။ ဟိုမှာကျတော့ သူ့ Lifestyle က ဒီလူနဲ့တွေ့ရင် အေးအေးေ ဆးဆေးစကား ပြော တယ်၊ နှုတ် ဆက်တယ်။ ကွဲကွာသွားတဲ့အခါကျတော့ သူ့ခေါင်းထဲကနေ ထုတ်ပစ်လိုက်ကြတယ်” လို့လည်း စမိုင်းကပြောပါတယ်။ အနုပညာအလုပ်လုပ်တဲ့အချိန်က ငယ်သေးတော့ လိမ်လည်မှုကြောင့် ဆုံးရှုံးနစ်နာမှု တစ်စုံတစ်ရာမရှိခဲ့ပေမယ့် စီးပွားရေးလုပ်ငန်းလုပ် လာတဲ့အခါကျတော့ ဆုံးရှုံးနစ်နာမှုများစွာရှိခဲ့တယ်လို့လည်း ပြောပါတယ်။
” အစ်မက သူတစ်ပါးကိုအယုံအကြည်လွယ်တယ်။ အစ်မအမျိုးသားက လူတွေကို သိပ်ပြီးတော့ မယုံတတ်ဘူး။ တအားအယုံလွယ်တဲ့သူဖြစ်တဲ့အခါ ခံရပေါင်းလည်း မနည်းဘူး။ ငွေရေးကြေးရေးအရ ဆုံးရှုံးတာတွေဆိုရင် လည်း အများကြီးပဲ။ ကိုယ့်ရှေ့မှာ ပေါ်ပေါ်တင်တင် ပိုက်ဆံယူနေတာတွေ့ ရက်သားနဲ့ မပြောရက်၊ မပြောရဲ တာတွေရှိခဲ့တယ်။ ကိုယ်က ခံရတဲ့ ဘက်ကပဲ ဖြစ်နေတယ်။ ကိုယ်အသုံးမကျလို့ ခံရတယ်လို့ပဲ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ပါတယ်” လို့လည်း ပြောပါတယ်။ အ လိမ် မခံ ရအောင်အတွက်လည်း စမိုင်းက..ေ    ” အလိမ်မခံရအောင်အတွက်ကတော့ လူတစ်ယောက်ကို သေချာပေါင်းကြည့်ရမယ်။ လူတွေက သာပေါင်းညာ စားတွေ များ လာ တယ်။ သာတဲ့အချိန်လောက်ပဲ လာပေါင်းတယ်။ တကယ်ဒုက္ခရောက်နေတဲ့အချိန်မှာ ကိုယ့်ကိုလာ ကူညီပေးတဲ့သူမရှိဘူး။ ဒီတော့ သူများတွေကို ကိုယ့်အကြောင်း များ များမပြောဖို့၊ မသိစေဖို့ဆိုတာတွေက အရေးကြီးတယ်။ ခပ်တန်း တန်းလေးဆက်ဆံပြီး အလိမ်မခံရအောင်ကာကွယ်မှရမယ်” လို့လည်း စမိုင်းကပြောပါတယ်။
ပေါ်ပြူလာ
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment