ယုံကြည်မှုကို ခုတုံးလုပ် အမြတ်ထုတ်ခံရခြင်း


(ဗီဒီယိုလောကထဲက ဖြစ်ရပ်မှန်)
လွန်ခဲ့တဲ့ ၂ဝ၁၄ခုနှစ်၊ မေလတုန်းက သရုပ်ဆောင်ဖြစ် ချင်ခဲ့တဲ့၊ ဗီဒီယိုနဲ့ ရုပ်ရှင် လောကထဲကို ခြေတစ်လှမ်းချ ပြီး မိမိရဲ့အနုပညာ အရည် အသွေးတွေကို ချပြချင်ခဲ့ တဲ့ မော်ဒယ်အမျိုးသားလေးတစ် ယောက်ရဲ့ ယုံကြည်အားကိုး အားထားပြုမှုအပေါ်ကို ခုတုံးလုပ် အမြတ်စွန်းထုတ်ကာ ပိုက်ဆံ ၁၈ သိန်းကို လိမ်လည် ခြင်းခံခဲ့ရပါတယ်။
မော်ဒယ်အမျိုးသားလေး ရဲ့ နာမည်အရင်းကတော့ ကောင်းထက်မြက်ပါ။ သူ့ရဲ့ အနုပညာနာမည်ကတော့ ကောင်းရဲထက်ပါ။ သူ့ကို လိမ် လည်သွားခဲ့သူကတော့ သူ့ ကိုယ်သူ ဒါရိုက်တာတစ်ဦးရဲ့ တူပါဆိုပြီးတော့ ခေါ်ဆိုသမုတ် ကာ ကောင်းရဲထက်ကို အယုံသွင်းလှည့်ဖြားသွားပြီး ပိုက်ဆံ ၁၈သိန်းကို အမြတ်ထုတ်   သွားခဲ့ပါတယ်။
လွန်ခဲ့တဲ့တစ်နှစ်ကျော်က ကိစ္စရပ်ကို ကောင်းရဲထက်က အသေးစိတ် ပုံဖော်ရှင်းပြလာပါ တယ်။
“ကျွန်တော့်ကို လိမ်သွားခဲ့ တဲ့သူက ဒီလောကထဲကတော့ မဟုတ်ဘူး။ ကျွန်တော်ဒီ လောကထဲမဝင်ခင် ဆရာမ တင်မိုးလွင်ဆီမှာ သင်တန်း တက်နေရင်းနဲ့ ဆုံခွင့်ရတဲ့ အစ်ကိုတစ်ယောက်ပါ။ သူ့ ကိုယ်သူတော့ ရုပ်ရှင်လောက ထဲက ဒါရိုက်တာတစ်ဦးရဲ့တူပါလို့ပြောပြီးတော့ ကျွန်တော့်ကို အရင်မိတ်ဆက်လာခဲ့တယ်။ အချိန်အတန်ကြာေ တာ့ ဒီလောက က လူတွေနဲ့ မိတ်ဆက်ပေးမယ်။ ဇာတ်ကားရိုက်နိုင်ဖို့အထိ တာဝန်ယူပေးမယ်လို့ စကား ကမ်းလှမ်းလာတော့ ကျွန်တော် လည်း သူ့စကားတွေကို ယုံ ကြည်မိသွားတယ်။
အဲဒါနဲ့သူ ခေါ်သွားတဲ့ နေရာတွေကို လိုက်သွားတယ်။ ကျွန်တော့်ကို အယုံသွင်းခဲ့တာပေါ့။ အဲဒါနဲ့ သူကလုပ်ပေးတော့မယ်လို့ သတ်မှတ်ထားတဲ့ အချိန် ရောက်ခါနီး တစ်လလောက် ကြာတော့ သူ့နယ်ကို ပြန်စရာ ရှိတယ်။ ပြန်လာတာနဲ့ ဒါရိုက်တာကို တွေ့ပြီး ပြောမယ်လို့ပြောလာ တယ်။ အဲဒီအချိန်က ဒါရိုက်တာမောင်မျိုးမင်း ဖွင့်ထားတဲ့ သရုပ်ဆောင် သင်တန်းကို တက်ဖို့ လုပ် နေတဲ့အချိန်ပေါ့။ သူက တော့ အဲဒီဟာကို မတက်နဲ့ သူကိုယ်တိုင်လိုက် လုပ်ပေးမယ်။ သိန်း ၂ဝ သာ ပေးလိုက်ပါ လို့ပြောတော့ ကျွန်တော်ကလည်း သုံးစရာ လေးတော့ ချန်ထားချင်တယ် ဆိုပြီး ၁၈ သိန်းပဲပေး ဖြစ်ခဲ့ တယ်။ ပေးပြီး နောက်တစ်နေ့ လည်းရောက်ရော ဖုန်းနံပါတ် လည်း အဆက်အသွယ်မရတော့ ဘူး။ လိပ်စာကအစပေါ့။ အဲဒီ ကတည်းက ဘာသတင်းအစ အနမှ မရတော့ဘူး” လို့ ကောင်း ရဲထက်က ရှင်းပြပါတယ်။
အဲဒီလိမ်လည်ခဲ့သူဟာ မတင်မိုးလွင်ရဲ့ မော်ဒယ်သင် တန်းမှာလည်း တက်နေတဲ့သူ တစ်ယောက်မဟုတ်ဘဲ အဲဒီ သင်တန်းနားမှာ တွေ့ဆုံခွင့်ရခဲ့ တဲ့သူတစ်ယောက် သာဖြစ် ကြောင်း ကောင်းရဲထက်က ဆက်ပြောပါတယ်။
“အမှန်တော့ ကျွန်တော် က အနုပညာရူးသွပ်တာကို သိလို့ အဲဒီလူက အခွင့်ကောင်း ယူ၊ အယုံသွင်းပြီး ကျွန်တော့်ရဲ့ ယုံကြည်မှုကို ခုတုံးလုပ်ပြီးတော့ လိမ်လည်သွား ခဲ့တာ။ အမြတ် ထုတ်သွားတာပေါ့ဗျာ” လို့ ကောင်းရဲထက်က မှတ်ချက်ပြု ပြောပါတယ်။
အဲဒီကိစ္စရပ်အပေါ် သူ့ အနေနဲ့လည်း ရဲစခန်းကို တိုင် ကြားတာမျိုးတွေတော့ မလုပ်မိ ခဲ့ပေမယ့် ကိုယ်တိုင် လိုက်လံရှာ ဖွေတာမျိုး လုပ်ခဲ့တာ ပဲရှိခဲ့ တယ်လို့ ဆိုပါတယ်။
“ရဲစခန်းတိုင်ကြားတဲ့ကိစ္စ ရပ် ဘာလို့မလုပ်ဖြစ်ခဲ့ရတာ လဲဆိုရင် ကျွန်တော်အလိမ်ခံ ရပြီး သိပ်မကြာလိုက်ဘူး။ ၃၅ လမ်းထဲကို ရောက်လာပြီးတော့ ယောင် လည် လည်ဖြစ်နေခဲ့ တယ်။ အဲဒါနဲ့ နောက်တော့ ရှုတင်မန်နေဂျာဆရာမောင် မောင်ဇော်လတ်နဲ့ တွေ့ဆုံခဲ့ပါ တယ်။ သူက အကြံတွေပေးခဲ့ တယ်။ ဘာတစ်ခုမှ ဖုန်းနံပါတ်၊ လိပ်စာ၊ သဲလွန်စတစ်ခုမကျန် ရစ်ခဲ့တဲ့ ကိစ္စရပ်ကို တိုင်ကြား လည်း အဆင်ပြေတော့မှာ မဟုတ်နိုင်ဘူးလို့ အကြံပေးခဲ့ တယ်။ ပြီးတော့ အဲဒီတုန်းက ကျွန်တော်ကိုယ် တိုင်ကလည်း ဒီလောကထဲကိုဝင်ဖို့ လုပ်နေ တဲ့အချိန်ဆိုတော့ ဒီလောက လေးထဲမှာ ဒီလိုကိစ္စရပ်ကြောင့် မကောင်းတဲ့ အရောင်ဟပ်မှာ ကိုလည်း မလိုလားခဲ့ဘူးလေ” လို့ ကောင်းရဲထက်က သူ့ရဲ့သဘော ထားကို ပြောပြပါတယ်။
အဲဒီနောက်ပိုင်း ကောင်းရဲ ထက် ကိုယ့် ကိုယ်ကိုယ်ကြိုးစား တည်ဆောက်ရင်း ဇာတ်ကား အတော်အများကို ရိုက်ကူးလာ နေပြီဖြစ်ပါတယ်။
“အခုတော့ အယုံကြည် လွယ်တာကနေ ခံလိုက်ရတာ ကြောင့် အတွေ့အကြုံကောင်း တွေရခဲ့တယ်ဆိုတဲ့ အမြတ် တစ်ခုတော့ ရလိုက်တယ်။ အစစ် အမှန်နဲ့ အတု အယောင်ကို ခွဲခြားတတ်စေခဲ့တယ်။ အခု ကျွန်တော်ကို မြေတောင်မြှောက် ပေးတဲ့ရှုတင်ဆရာမောင်မောင် ဇော်လတ်တို့နဲ့ တွေ့ခဲ့တယ်။ လက်တွေ့ရိုက်ကူးလာခဲ့ရပြီ။ ကိုယ့်ကိုယ်ကိုယ်လည်း ယုံ ကြည်မှုရှိလာနေတော့ ဆက် ကြိုးစားဖို့ကိုပဲ အာရုံစိုက်ထား ဖြစ်တော့တယ်”လို့ ကောင်းရဲ ထက်က ဆိုပါတယ်။
ကောင်းရဲထက်ကို မြေ တောင် မြှောက်ပျိုးထောင်ပေး နေတဲ့ ရှုတင်မန်နေဂျာကိုမောင် မောင်ဇော်လတ်က ဗီဒီယိုလောက မှာ ရှုတင်မန်နေဂျာ အဖြစ်လုပ် ခဲ့တာဆိုရင် ၇နှစ်ကျော် သက် တမ်းရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ဒီ မတိုင်ခင်ကတော့ သရုပ်ဆောင် လောကမှာလည်း ကျင်လည်ခဲ့ ဖူးပါသေးတယ်လို့ ကိုမောင် မောင်ဇော်လတ်က ဆိုပါ တယ်။
“ကျွန်တော့်အတွေ့အကြုံ အရ တော့ယုံကြည်မှုကို ခုတုံး လုပ်ပြီးတော့ အမြတ်ထုတ် သွားတဲ့ ကိစ္စရပ်တွေဟာ ဒီ လောကမှာ အတော်အများရှိ တာပေါ့ဗျာ။ အမှန်တော့ တကယ်အနုပညာကို ရူးသွပ်စွာ စိတ်ဝင်စားပြီဆိုရင် နည်းမှန် လမ်းမှန်နဲ့ ကိုယ်လိုချင်တဲ့လမ်း ကြောင်းပေါ်ကို လျှောက်ဖို့လို မယ်။ ဘယ်သူနဲ့တွေ့ပေးမယ်၊ ဘယ်ဇာတ် ကားမှာ ရိုက်ပေး မယ်လို့ အယုံသွင်း ပြောနေရုံနဲ့ မယုံသင့်ပါဘူး။ ကိုယ့်ကို အဲဒီ လိုပြောနေတဲ့သူကို အကဲခတ် လေ့လာကြည့်ရမယ်။ ကိုယ့်ကို အဲဒီလိုပြောနေတဲ့သူဟာ
နာမည်ကျော်တွေထဲက ဘယ်သူ တွေနဲ့ လိုက်လံမိတ်ဆက်ပေးနိုင် သလဲ။ ဘာအရင်လုပ်ပေးနိုင် သလဲဆိုတာကို သေချာလေ့လာ သင့်တယ်။ ဘာမှဖြင့် မလုပ်ပေး ရသေးဘဲနဲ့ ပိုက်ဆံစကားတွေ ပြောနေပြီဆိုရင်တော့ သတိ ထားပေတော့ပဲ”လို့ ကိုမောင် မောင်ဇော်လတ်က ပြောပါ တယ်။
အဲဒီလိုဖြစ်ပွားတဲ့သူတွေ ဟာဆိုရင် နယ်ကနေပြီး အနု ပညာ ရူးသွပ်မှုကြောင့် ရန်ကုန် တက်အခွင့်အလမ်းရှာတဲ့ ‘သူတွေကသာ ဖြစ်ပွားနှုန်းများ ပေမယ့်လည်း ရန်ကုန် က အနု ပညာဝါသနာပါသူ၊ အနုပညာ အဆက်အသွယ်မရှိသူတွေ ဟာလည်း ဖြစ်ပွားတတ်လေ့ ရှိပါကြောင်း’ ကိုမောင်မောင် ဇော်လတ်က ဆိုပါတယ်။
“အခုလို ကိစ္စရပ်တွေကို ရုပ်ရှင်အစည်းအရုံးကို သွား တိုင်လို့ရတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ရုပ်ရှင်အစည်းအရုံး ဘက်က ပြန်ပြောပြတာတွေက လည်း မှန်ပါတယ်။ ပိုက်ဆံ ကိစ္စကို ဘယ်လိုပေး၊ ဘယ်လို ကတိ ကဝတ်ပြုထားကြတယ်ဆို  တာ ပေးတုန်းက မသိရဘဲနဲ့ ပြဿနာဖြစ်မှ လာတိုင် ကြားကြတယ်ဆိုတော့ ရုပ်ရှင် အစည်းအရုံးက ဘယ်လိုလုပ် ပေးရမလဲလို့ ပြောတာဟာ လည်း ရုပ်ရှင်အစည်းအရုံး ဘက်က မှန်ပါတယ်။ သူတို့မှ မသိလိုက်ရတဲ့ကိစ္စတွေကို သူ တို့ဘယ်လိုဖြေရှင်းပေးလို့ ရ တော့မ လဲဗျာ။ အဲဒီတော့အဲဒါ တွေ မဖြစ်ရအောင် သေချာ တိုင်ပင်လေ့လာသင့်တာပေါ့ ဗျာ”လို့ ကိုမောင်မောင်ဇော်လတ် က မှတ်ချက်ပြုပြောပါတယ်။
ကောင်းရဲထက်အနေနဲ့က တော့ သူ့ရဲ့အယုံအကြည်လွန်ကဲ ခဲ့မှုကြောင့် ခုတုံးလုပ်အမြတ် ထုတ်ခံလိုက်ရတဲ့ကိစ္စရပ်ဟာ သူ့အတွက်တော့ အတွေ့အကြုံ ကောင်း တစ်ခုအဖြစ်သာကျန် နေခဲ့ပါတယ်။
“အခုတော့ အယုံကြည် လွန်ခဲ့တဲ့ ကိစ္စရပ်ကနေ အမှန်နဲ့ အမှားဆိုတာကို အစစ်အမှန် ခွဲခြားတတ်ခဲ့ပါပြီ” လို့ ကောင်း ရဲထက်က ပြောကြားခဲ့ပါတယ်။
ထက်လူ
Source:popularmyanmar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment