ပျဉ်းမနား မြို့နယ်မှာ မီးပျက်၍ ဖယောင်းတိုင်မီး ထွန်းညှိထားရာမှတဆင့် မီးလောင်



မီးပျက်၍ ဖယောင်းတိုင်မီး ထွန်းညှိထားရာမှတဆင့် မီးလောင်

ပျဉ်းမနား မေ ၆

နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနား မြို့နယ် ရွာကောက်ရပ်ကွက်၊ ပဲရွာသဲကျွန်း၊ နယ်မြေ(၂)၌ ယနေ့ည ၂၃နာရီ၂၅မိနစ် အချိန်ခန့်က မီးလောင်မှု ဖြစ်ပွားသည်။

ဖြစ်စဉ်မှာ ပျဉ်းမနား မြို့နယ်၊ ရွာကောက်ရပ်ကွက်၊ ပဲရွာသဲကျွန်း၊ နယ်မြေ(၂) အမှတ်(၂။၂၂) နေ (ဘ)ဦးချွန်း၏သား ဦးကျော်ဝင်း(၆၅)နှစ်၊ ယာဉ်နောက်လိုက်၏ နေအိမ်တွင် ဇနီးဖြစ်သူ ဒေါ်ခင်ဝင်း (၆၀)နှစ်မှီခိုမှာ နေအိမ်၌ရှိနေစဉ် မီးပျက်၍ ဖယောင်းတိုင်မီး ထွန်းညှိထားရာမှတဆင့် မီးကူးစက် လောင်ကျွမ်းခဲ့ရာ မီးလောင်ကျွမ်းမှုကြောင့် ဒေါ်ခင်ဝင်း၏နေအိမ် (၄×၃)ပင်၊ သွပ်မိုး၊ထရံကာ နေအိမ်တစ်လုံးနှင့် ၄င်းအနီးရှိနေအိမ်(၄)လုံး စုစုပေါင်း (၅)လုံး လောင်ကျွမ်းခဲ့သဖြင့် မီးငြိမ်းသတ်ခဲ့ရာ ၂၃နာရီ ၄၅မိနစ်အချိန်တွင် မီးညွန့်ကျိုးခဲ့ပြီး ၂၃နာရီ ၅၀အချိန်တွင်မီးငြိမ်းသတ်နိုင်ခဲ့သည်။ မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်အသေအပျောက် မရှိခဲ့သော်လည်း ကာလဆုံးရှုံးမှုတန်ဖိုး (၄၉.၅)သိန်းခန့် ဆုံးရှုံးခဲ့ပြီး မီးလောင်စဉ် ပစ္စည်းဝင်ရောက်ကူညီသယ်ပေးသူ (ဘ)ဦးကျော်ငြိမ်း၏သား ခင်မောင်ထွေး (၃၉)နှစ် ဥယျာဉ်စုရပ်ကွက်၊ ပျဉ်းမနားမြို့နယ်နေသူမှာ အသက်ရှူကြပ်ဝေဒနာ(မစိုးရိမ်ရ) ခံစားခဲ့ရသဖြင့် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

မီးလောင်ရာသို့ နေပြည်တော်ကောင်စီဝင် ပျဉ်းမနားမြို့နယ် တာဝန်ခံဗိုလ်မှူးကြီး မြင့်အောင်သန်း၊ မီးသတ်ဒုတိယညွှန်ကြားရေးမှူးချုပ်(၂) ဦးသန့်ကျော်ကျော်၊ ဒက္ခိဏခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဦးဝင်းချွန်၊ နေပြည်တော်မီးသတ် ဦးစီးမှူး ဒု။ညွှန် ဦးမျိုးလှိုင်၊ ပျဉ်းမနားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြို့နိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး၊ ပျဉ်းမနားမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ၈၅တပ်မှ ဗိုလ်မှူး သန်းမင်းထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ နေပြည်တော်ယာဉ်ထိန်းတပ်ဖွဲ့စု(၆) ပျဉ်းမနားမှယာဉ်ထိန်း တပ်ဖွဲ့ဝင်များ၊ ပျဉ်းမနားမြို့နယ် မီးသတ်ဦးစီးမှူးဦးစီး၍ သန္ဒေမီးသတ်(၁၂၀)ဦး၊ အရံ (၃၀)ဦး၊မီးသတ် အုပ်ချုပ်မှုယာဉ်(၂)စီး၊ မီးသတ်ရေယာဉ်(၃၀)စီး ရောက်ရှိပြီး ဒေသခံပြည်သူများ ပါဝင်ပူးပေါင်း မီးငြိမ်းသတ်ခဲ့သည်။ မီးလောင်ကျွမ်းမှုနှင့်ပတ်သက်၍ လိုအပ်သည်များကို စစ်ဆေးကာ တာဝန်ရှိ သူများက ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း-မျိုးဇေယျာ(ပျဉ်းမနား)
ဓာတ်ပုံ-ကောင်းကင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment