အလှမောင်မယ်လောက အယုံလွယ်ခြင်း ပြဿနာ


အနုပညာလုပ်ငန်းလုပ်ကိုင်မယ့်သူတွေရော အနုပညာရှင်ဖြစ်ချင်သူတွေပါ အယုံသွင်းကြသူတွေရဲ့ လိမ်လည်လှည့်ဖြားမှုတွေကို ကိုယ်တိုင်ရင်ဆိုင်ကြုံတွေ့ရ တတ်ကြပါ တယ်။ ဒီလိုပဲ ကုမ္ပဏီလုပ်ငန်း ဆိုင်ရာ၊ အေဂျင်စီလုပ်ထုံးလုပ် နည်းဆိုင်ရာ စည်းမျဉ်းစည်း ကမ်းတွေ၊ ကတိကဝတ်အဖြစ် စာချုပ် စာတမ်းချုပ်ဆိုလုပ်ကိုင် ကြရာမှာ ယုံကြည်မှုအလွဲသုံး စားလုပ်ခံရမှု အဖြစ်ပွားဆုံးနယ် ပယ်ကတော့ အလှမယ်နဲ့ မော်ဒယ်လောကတို့ပဲ ဖြစ်ပါ တယ်။ ဒါကြောင့် ပြည်တွင်း ပြည်ပအလှမယ်ပြိုင်ပွဲတွေမှာ ပါ ဝင်ယှဉ်ပြိုင်နေပြီး အလှ မယ်လောက တိုးဝင်ဖြတ်သန်း လာခဲ့မှု အတွေ့အကြုံတွေရှိပြီးသားဖြစ်ကြတဲ့ မြန်မာအလှမယ် လေးတို့ရဲ့ အယုံလွယ်ခြင်း ဒုက္ခ နဲ့ လိမ် လည် လှည့်ဖြားမှုတွေ အပေါ် အမြင်စကားသံများကို စုစည်းဖော်ပြလိုက်ပါတယ်။
ခါရာ
” စာချုပ်ဆိုတဲ့သဘောက နှစ်ဦးနှစ်ဖက်သဘောတူပြီးချုပ်ဆိုထားတဲ့ စာရွက်စာတမ်းတစ်ခုပါ။ အဲဒီအထဲမှာက ကျွန်တော်တို့ Mister တွေစောင့်စည်းရမယ့် စည်းမျဉ်းတွေ၊ အချက်အလက်တွေ အကုန်လုံး အဓိက ပါဝင်ပါတယ်။ စာချုပ်ဆိုတာက Mister တွေအတွက် စောင့်ထိန်းရမယ့်စည်းကမ်း သဘောပါပဲ။ စာချုပ်တစ်ခု မချုပ်ခင်မှာ တိတိ ကျကျလေးဖတ်ရှု ကြည့်သင့်ပါတယ်။ စာချုပ်ကိုလည်း တတ်ကျွမ်းနားလည်တဲ့ ရှေ့နေ၊ တရားသူကြီးတို့နဲ့ သေသေချာချာတိုင်ပင်ပြီးမှ ချုပ်ဆိုဖို့ ကျွန်တော်တိုက်တွန်း ချင် ပါတယ်။ လူငယ်တွေက ဖြစ်ချင်တဲ့ ဇောတစ်ခုနဲ့ စာချုပ်ထဲ မှာပါတဲ့ အချက်တွေကို သေသေချာချာ မကြည့်တာဖြစ်တတ်ပါတယ်။ နောက်ပိုင်းမှာ Organization နဲ့ြ  ပဿနာတွေ တက်တယ်ဆိုရင် Mister  တွေ အတွက်ရော၊  Organizationအတွက်ရော မကောင်းပါဘူး။ အဲဒါကြောင့် ဘယ်စာချုပ်ပဲ ချုပ်ချုပ်မချုပ်မီမှာ ပထမဆုံး အသိ ပညာရှင်တွေနဲ့ သေသေချာချာတိုင်ပင်ပြီးမှ ချုပ်ဆိုပါလို့ ပြောချင်ပါတယ်။ လူတိုင်းက အမှားနဲ့တော့ မကင်းဘူးလေ။ လူတိုင်းက အမှားကိုယ်စီရှိကြ တာပါပဲ။ အိမ်တစ် အိမ်မှာ တောင်မှ ညီအစ်ကိုမောင်နှမ ချင်း ရန်ဖြစ်တာမျိုးတွေရှိပါ တယ်။ ဥမါညေငဖအေငသည နဲ့ စာချုပ်တွေပျက်တာကလည်း သဘောထား ကွဲလွဲလို့ြ  ပဿ နာ ဖြစ်တာလို့ ထင်ပါတယ်။ တအားကြီးမားတဲ့ ပြဿနာကြီးတော့ မဟုတ်ပါဘူး”
နန်းခင်ဇေယျာ
” အယုံလွယ်ကြတဲ့သူတွေ ရဲ့ အဓိက ပြဿနာက တချို့လူတွေက  အားကိုးတတ်တဲ့စိတ်ရှိတယ်။ တခြားသူ ပြောလိုက်ရုံနဲ့ သူ့စကားကို ယုံပြီးအားကိုး ချင်ကြတာ။ ကိုယ်ကိုယ်တိုင် ပြန်ပြီး စဉ်းစားနိုင်တဲ့ ဥာဏ်အားနည်းကြတယ်။ Knowledge ပိုင်းမှာလည်း မပြည့်စုံလို့ အယုံလွယ်ကြတဲ့သူတွေများတာပါ။ တကယ် ကိုယ့်မှာသာ ဗဟုသုတတွေ၊ ဆင်ခြင်နိုင်တဲ့ ဥာဏ်စွမ်းအားတွေသာ ရှိနေမယ်ဆိုရင် ဒီပြဿနာက ရှိလာမှာ မဟုတ်ပါဘူး။ တကယ် အယုံလွယ်သွားလို့ အမှားနဲ့ ကြုံသွား ပြီဆိုရင်လည်း လမ်းမှန်ပြန်ရောက်အောင် ကိုယ့်ထက် တတ်ကျွမ်းတဲ့သူတွေ၊ လူကြီးတွေကို အကူအညီတောင်းသင့်ပါတယ်။ သူတို့ကတော့ ကိုယ့်ထက် ဗဟုသုတပြည့်စုံ မှာ သေ ချာပါ တယ်။ ညီမတို့ လောကမှာဆိုရင်လည်း ဒီပြဿနာတွေ နည်းနည်းရှိပါ တယ်။ ဒါကျတော့ တအားအယုံ လွယ်လို့ ဖြစ်တာတော့ မဟုတ် ပါဘူး။ သူဖြစ်ချင်နေတဲ့ ဆန္ဒ တစ် ခုကြောင့် အကြောင်းစုံကို သေချာမသိ၊ မလေ့လာဘဲ စာချုပ်ချုပ်လိုက်တာတို့ရှိတယ်။ တချို့သူတွေကျတော့ စကား လေးနဲ့ပဲပြောပြီး စာချုပ်ချုပ်ကြ ရအောင်လို့ လုပ်ကြ တာရှိတယ်။ အမှန်တော့ ဒါက တရားမဝင်ပါဘူး။ စာချုပ်စာတမ်းချုပ်ပြီဆိုရင် ရှေ့နေရဲ့ ရှေ့မှောက်မှာ တံဆိပ်ထုတာတို့ကသာ တရားဝင်ဖြစ် မှာပါ။ ဒါဟာ ကလေးက စား စရာ လုပ်တာမဟုတ်တဲ့အတွက် စနစ်တကျ မှန်မှန်ကန်ကန်လုပ်သင့် ပါတယ်။ စီးပွားရေးပရော် ဖက်ရှင်နယ်ဆန်ဆန် လုပ်ကြ မယ်။ နိုင်ငံခြားတွေမှာဆိုလည်း သူ့ရဲ့ ကုမ္ပဏီနဲ့လုပ်မယ်။ စာ ချုပ်ချုပ်ပြီဆိုရင် သူ့ကုမ္ပဏီကို ပါဆင့်တိတ်တွေပေးရတယ်။ ကြော်ငြာခတွေပေးတယ်။ သူ သတ်မှတ်ထားတဲ့အတိုင်းပေးရ မယ်ပေါ့။ မပေးဘူးဆိုရင်တော့ သူပြစ်ဒဏ်ကို ခံရမှာပဲ။ ဒီ လောကတင် မဟုတ်ပါဘူး။ တခြားနယ်ပယ်အသီးသီးမှာ လည်း ဒါမျိုးတွေရှိနေမှာပါ။ တချို့ဆို တေးစီးရီးထုတ်ပေးမယ် ပိုက်ဆံဘယ်လောက်ပေး ဆိုပြီး လိမ်သွားတဲ့သူတွေအများ ကြီးရှိတယ်။ တချို့က ငါနင့်ကို အလုပ်ရှာပေးမယ်။ ငွေဘယ် လောက်ပေးဆိုတာမျိုးတွေရှိ တယ်။ အဓိ က ကတော့ ကိုယ့် ကိုယ်ကိုယ် ကြိုးစားဖို့နဲ့ ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ နေ ထိုင်လုပ်ကိုင်သွားမယ်။ ပြီးတာ့ ကိုယ့်မှာလည်း Knowledge တွေ သာ ပြည့်ဝနေ မယ် ဆို ရင် တော့ တခြားသူရဲ့လိမ်လည်ခြင်းကိုတော့ လွယ်လွယ်နဲ့ခံရမှာ မဟုတ်ပါဘူး “
ထားထက်ထက်
” ထားထက်တို့ Miss လောကမှာ အယုံလွယ်ပြီး ပြဿနာတက်ကြရတာတွေ ရှိတယ်။ အယုံလွယ်တယ်ဆိုတာထက် ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒတစ်ခုကြောင့် ဖြစ်ခဲ့တာတွေက များပါတယ်။ ထားထက်ဆိုလည်း ပြိုင်ပွဲဝင်ချင်တဲ့ စိတ်တစ်ခုတည်းအတွက်ပဲ စာချုပ်ရဲ့အသေးစိတ်အချက်ကို သေချာမကြည့်ဘဲ လက်မှတ်ထိုးလိုက်မိတယ်။ စာချုပ်အရ စည်းကမ်း ဖောက်ဖျက်ခဲ့တာမျိုးတော့ မရှိပါဘူး။ ယုံလွယ်တာထက် စာရင် ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒပဲရှိပြီး အလုပ်လုပ်ဖြစ်ခဲ့တာပဲ ရှိခဲ့တယ်။ စာချုပ်ချုပ်ဆိုပြီဆိုရင်လည်း Organization  ဘက်ကလည်း လိုအပ်ချက် တွေကို ပြသလို၊ Miss တွေ ဘက်ကလည်း လိုအပ်တဲ့အရာတွေကို တရားမျှမျှတတ လုပ်စေချင်ပါတယ်။ သူများပြောတိုင်း အယုံမလွယ်ဖို့ကတော့ စဉ်းစားဆုံးဖြတ်နိုင်တဲ့ပညာ ရှိဖို့လိုအပ်ပါတယ်။ အရာရာမှာ အမှားအမှန်ကို စဉ်းစားဆုံး ဖြတ်နိုင်ဖို့က ပညာပဲလေ။ တအားရိုးသားတဲ့ သူတွေကို လိမ်ညာချင်တဲ့ သူတွေကပိုပြီး target ထားတတ်ကြတယ်။ မြန်မာလူမျိုးတွေက တခြားသူ တွေနဲ့မတူ တအားရိုးသား တယ်။ အားနာစိတ်ရှိတယ်။ ကူညီချင်စိတ်လည်း တအားရှိ ကြတော့ လိမ်လည်ချင်တဲ့သူတွေ  အတွက်က ပိုပြီးလွယ်ကူသွား တာပေါ့။ ဒါပေမဲ့လည်း ဘယ်သူပဲဖြစ်ဖြစ် ဗဟုသုတ များများရှိ နေဖို့လိုတာပေါ့နော်။ လူတိုင်း ကိုတော့ မယုံကြည်သင့်ပါဘူး။ အခုအပြင်မှာ ကြုံတွေ့နေရ တာတွေရှိပါတယ်။ မြန်မာ အချင်းချင်းလိမ်လည်နေကြသလို၊ နိုင်ငံခြားသားတွေက လည်း မြန် မာတွေ ကိုလိမ် လည်လှည့်ဖြားနေတာတွေ တွေ့နေ ရပါတယ်။ ဒါကြောင့် ဘယ်သူ့ကိုပဲ ဖြစ်ဖြစ် ယုံကြည်မပေးပါနဲ့။ အားလုံးကို သတိထားဖို့ တော့ လိုပါတယ်။ ညီမတို့ အနုပ ညာလော ကမှာဆိုရင် တချို့တွေက ယုံကြည်အောင် ညာပြောတတ်တဲ့ သူတွေရှိပါတယ်။ တချို့ကတော့ မှန်မှန်ကန်ကန် လုပ်တဲ့သူလည်းရှိတော့ရှိပါ တယ်။ လူတစ်ယောက်ကိုယ့် ကိုတစ်ခုခုပြောလာ ပြီဆိုရင်တော့ ဟုတ်လား၊ မဟုတ်လားကို သေချာလေ့လာစဉ်းစားပြီးမှ ဆုံးဖြတ်ချက်တစ်ခုကို ချသင့်ပါတယ်။ အများနဲ့တိုင်ပင်သင့်ရင်လည်း ဖွင့် ဟတိုင်ပင်ပြီး လုပ်သင့်ရင်လည်းလုပ်ရပါမယ်။ အများစုကတော့ ကိုယ်ဖြစ်ချင်နေတဲ့ ဆန္ဒတစ်ခုကိုပဲ ရှေ့တန်းတင်မိတဲ့အတွက် အမှားတွေ ဖြစ်တယ်။ လိမ်ညာချင် တဲ့ သူတွေရဲ့ ဓားစာခံဖြစ်သွားခဲ့ရတာ ပေါ့။ ကိုယ်ဖြစ်ချင်နေတဲ့ စိတ် တစ်ခုကို ရှေ့တန်းမတင်ဘဲ ဘယ်အရာကိုပဲလုပ်လုပ် စဉ်း စားချင့်ချိန်ပြီး ဆုံးဖြတ်စေချင်ပါတယ်။ ဒါမှ လည်း ကိုယ်လျှောက်တဲ့ လမ်းတိုင်းမှာ အခက်အခဲမရှိ၊ အနှောင့်ယှက် မရှိလျှောက်လှမ်းနိုင်မှာပါ”
လှယဉ်ကျေး
” အလုပ်တစ်ခု လုပ်တော့မယ်ဆိုရင်စာချုပ်စာတမ်းနဲ့ လုပ်တာက ပို သေချာ ခိုင်မာပါတယ်။  ဒါပေမဲ့ စာရွက်ပေါ်မှာ အချက်အလက်ရေးပြီး Sign  ထိုးတာမျိုး မဟုတ်ဘဲ နှစ်ဦး နှစ်ဖက်ရဲ့ ရှေ့နေတွေပါ ပါဝင်သင့်ပါတယ်။ စာချုပ်ချုပ်စေချင်တဲ့ဘက်က ရေးထားတာတွေကိုပဲ လက်ခံရမှာ မဟုတ်ပါဘူး။ ကိုယ်လိုချင် တဲ့အ ချက်တွေ ထည့်သင့်တာ၊ ထုတ်သင့်တာတွေကို ကိုယ့်ရှေ့နေနဲ့ တိုင်ပင်ပြီးမှ အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ သေချာဆင်ခြင်ဆုံးဖြတ်ပြီး ချုပ်တာ အကောင်းဆုံးပါပဲ။ စာချုပ်နဲ့ အလုပ်လုပ်လေ့မရှိသေးတဲ့ ကျွန်မတို့ရဲ့အကျင့်တွေကြောင့် စာချုပ်ချုပ်ထားပေမယ့်လည်း လူမှုရေးအရ အားနာနေရတာ။ အသိုင်းအဝိုင်းကို ငဲ့ရတာ၊ြ  ပဿနာဖြစ်လို့ စာချုပ်ကိုကိုင်ပြီး ပြောလို့ရပေမယ့် ဟိုး လေးတကြော်မဖြစ်စေချင်တာ။ တရားရုံးရောက်အမှုဖြစ်တာတွေကလည်း အလုပ်ရှုပ် စရာတွေများလို့ ပါးစပ်ပိတ် သည်းခံနေ ရတာတွေ ဖြစ် နေကြပါတယ်။ ဒါပေမဲ့လည်း သေချာပြင်ဆင်ပြီး တရားဝင်ရှေ့နေနဲ့ စာချုပ်ချုပ်တာက ကောင်းမွန်တဲ့အချက်တစ်ခု ဖြစ်မှာပါ။ အဓိက ကတော့ Miss ပွဲတစ်ခုအကြောင်း သိရပြီဆိုရင် အဲဒီပွဲရဲ့ History ကိုပါ လေ့လာသင့်ပါတယ်။ ပွဲအတွေ့အကြုံရှိတဲ့သူ တစ် ယောက်ယောက်ဆီ ကနေ လေ့ လာ စရာရှိ တာတွေကိုလည်း လေ့လာသင့်ပါတယ်။ အခုဖြစ်နေတဲ့ အဓိကပြဿနာ တွေထဲက တချို့ကိစ္စတွေက Organization တွေဘက်က မမျှတတာ၊ တချို့ကတော့ Miss  တွေဘက်က ကိုယ်ဖြစ်ချင်တာတွေ ဖြစ်ပြီးသွားရင် စိတ်ပြောင်းသွားကြတာမျိုးပါ။ အခုနောက် ပိုင်းလုပ်လာတဲ့ Procedure  မျိုးဆိုရင် မဆိုးဘူးလို့ ပြောလို့ ရပါတယ်။ Missတွေဘက်က အကုန်စိုက်ထုတ်အကုန်ကျခံပြီးရင် စာချုပ်ချုပ်ပြီး ၃ဝရာခိုင် နှုန်းပေးစရာ မလိုတော့ပါဘူး။ ဒါမျိုးက ပိုက်ဆံရှိတဲ့အသိုင်းအဝိုင်းက မိန်း ကလေးတွေအတွက် အဆင်ပြေပေမယ့် အရည်အချင်းရှိပြီး ပိုက်ဆံမတတ်နိုင်တဲ့ မိန်းကလေးတွေ အတွက်တော့ အခွင့်အလမ်းတွေ ဆုံးရှုံးရပါ တယ်။ လောလောဆယ်မှာ Miss  ပြိုင်ပွဲတွေက Organization  တွေအတွက် စီးပွားရေးလမ်းကြောင်း အသစ်ဖြစ်ပြီး၊ Miss Myanmar  ဖြစ်ချင်တဲ့ မိန်းကလေးတွေ အတွက်တော့ လူအများ သတိ ပြုခံရမယ့်အခွင့်အလမ်းဖြစ် နေပါတယ်။ အမှန်တကယ် ဝါသနာပါလို့ လုပ်နေကြတဲ့ လူတွေလည်း အများထဲမှာရှိနေမှာပါ။ တဖြည်းဖြည်းတော့ အားလုံးပြောင်း လဲ သွားကြမယ်လို့ မျှော်လင့်ပါတယ်။ နှစ်ဦးနှစ်ဖက် မျှမျှတတမှန်မှန်ကန်ကန်ရှိဖို့ သေချာတာကတော့ ရှေ့နေနဲ့ အတွေ့အကြုံ ရှိသူ တွေနဲ့တိုင်ပင်တာက အကောင်းဆုံးပါပဲ ။
ဂုဏ်ရည်အေးကျော်
” စာချုပ်စာတမ်းဆိုတာ ပါးစပ်ကလေးနဲ့ မပြီးလို့ စာချုပ်ချုပ်တယ်ဆိုတာ ပေါ်လာတာပါ။ အဲဒီတော့ စာချုပ်မချုပ်ခင်ကတည်းက Organization နဲ့ ပြောဆိုေ ဆွးနွေးကြပြီးပြီဆိုရင် Record အနေနဲ့ စာချုပ်ပေါ်မှာ လက်မှတ်ထိုးကြတာပါ။ စာချုပ်မချုပ်ခင် ဘယ်လိုအချက်အလက်တွေပါမလဲဆိုတာကို ပါးစပ်နဲ့ အရင်ဆွေးနွေးကြ တာချည်းပါပဲ။ ပြီးမှ စာရွက်ပေါ်မှာ Print  ရိုက်လိုက်တာပါ။ ပါးစပ်နဲ့ ဆွေးနွေးတဲ့ အဆင့်မှာ Miss  တွေဘက်က ဘာတွေ လုပ်ပေးနိုင်တယ်။ ကိုယ်က ဘာတွေ ပြန် လိုချင် တယ်ဆိုတာတွေကို နှစ်ဦးနှစ်ဖက် သေသေချာချာ ပွင့်ပွင့်လင်းလင်းဆွေးနွေးသင့်တယ်လို့ ဂုဏ်ရည်ထင်ပါတယ်။ စာချုပ်ချုပ်ပြီးမှ ဒီအပိုင်းတွေတော့ ငါမလုပ်နိုင်ဘူး။ ငါဒီလောက်ထိ မလိုက် လျောနိုင်ဘူး။ ငါ့ရဲ့ ရပိုင်ခွင့်က ဒါဆိုပြီး နောက်ပိုင်း မှာ ပြဿနာတွေဖြစ်လာတော့ ရှုပ်တာပေါ့။ နာမည်လည်း ပျက်တယ်။ အကျယ်အကျယ်နဲ့ မပြီးတော့ဘူး။ တိုက်တိုက်ဆိုင်ဆိုင် ပြောခဲ့ရမှာ တွေကိုမပွင့်မလင်းခဲ့လို့ မပြတ် သားခဲ့ကြလို့သာ စာချုပ်ပေါ်မှာ စာတွေထင်ပြီး စာချုပ်တွေ ပျက်ကုန်ခဲ့ ကြတာပါ။ Miss တွေဘက်ကလည်း အလုပ်စလုပ်တဲ့အခါမှာကိုယ်ဘက်ကလည်း တအားအောင် မြင်ချင်တယ်။ Organization ဘက်ကလည်း ဒီအချက်တွေ လုပ် ပေးနိုင်တယ်။ ဒါတွေ လျှော့ပေးနိုင်တယ်။ အဲဒါတွေပြောပြီး စာချုပ်ပေါ်မှာ အချက်အလက်တွေ ပြည့်ပြည့်စုံစုံ မပါလာရင် Miss တွေ ဘက်က လက်မှတ်မထိုးသင့်ပါဘူး။ ဒီအခွင့်အရေး လွတ်သွားပေမယ့် နောက်အခွင့်အရေးတွေလည်းလာနိုင်ပါတယ်။ ကိုယ့်ဘက်က ကြိုးစားဖို့ပဲလိုတာပါ။ လက်မှတ်တွေထိုးပြီး စာချုပ် ပျက်လို့ရှိရင် Miss တွေဘက်က လည်း ကိုယ်ပဲ လက်မှတ်မထိုးခဲ့သလို၊မသိသလိုဆောင်ပြီး ဂျာနယ်တွေထဲမှာပါ တော့ ကိုယ့်ရဲ့ image ကျတာပေါ့။ Organization  ဘက်ကလည်း စာချုပ်ပေါ်မှာ လက်မှတ်ထိုးထားပြီး မှ မထိန်းချုပ်နိုင်ဘူးဆိုရင် ကိုယ်မနိုင်တာကို ပြည်သူတွေရှေ့မှာ ချ ပြသလိုပဲဖြစ်ပါတယ်။ နှစ်ဦးနှစ်ဖက်စလုံးအတွက်လည်း အရှက်ရစေပါတယ်။ ဒါကြောင့် စာချုပ်မချုပ်ခင်မှာ အချက်အလက်တွေကို သေသေချာချာဖတ်ပါ။ ပြီးရင် ကိုယ်လိုက်နာနိုင်မှ လက်မှတ်ထိုးပါ။ မလိုက်နာနိုင်ရင်တော့ စာချုပ်မချုပ်ခင် အချိန် ပြင်ဆင်ရမှာတွေ၊ တောင်းဆိုမှုတွေ ကို သေသေချာချာ ညှိနှိုင်းပြီးမှ လက်မှတ်ထိုးပါလို့ Miss တွေအတွက် ဂုဏ်ရည်က ပွင့်ပွင့်လင်းလင်းပြောချင်ပါတယ်။
ပေါ်ပြူလာအဖွဲ့
Source:popularmyanmar.com

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment