” လူဆိုတဲ့သဘာဝကတော့ ရိုးသားတဲ့လူတွေကပဲ ပိုပြီးတော့ယုံကြတယ်။ ဘာကြောင့်လဲဆိုတော့ လူဆိုတာ ကိုယ့်စိတ်နဲ့ နှိုင်းကြတာပေါ့။ ကိုယ့်စိတ်နဲ့ နှိုင်းကြတော့ ရိုးသားတဲ့ လူတွေဆိုရင် ကိုယ်က အမှန်အတိုင်း ပြောတယ်။ သူများကို မလိမ်တတ်တဲ့အခါကျတော့ သူများလည်း ကိုယ့်ကိုလိမ်မှာမဟုတ်ဘူးလို့ ထင်ကြတယ်။ အဲဒီလို လူမျိုးတွေက ပိုပြီးတော့ အလိမ်ခံရ တတ်တယ်” လို့ ပြောပြလာသူက တော့ ဒါရိုက်တာ ကြည်ဖြူသျှင်ပဲဖြစ်ပါတယ်။ ဒီလို အလိမ်မခံရစေဖို့အတွက် ဘယ်အကြောင်း အရာ ကိုမဆို တတ်သိနားလည်တဲ့ မိဘတွေကို တိုင်ပင်ပြီးမှ ဆုံးဖြတ်ချက်ချ သင့်ကြောင်း ကိုယ့်စိတ်နဲ့ ကိုယ့်ကို မတိုင်ပင်ဘဲ မဆုံး ဖြတ်သင့်ကြောင်း ကိုယ့်ပတ် ဝန်းကျင် ကလူတွေက ဒါဟာမှား နေတယ်၊ မသင့်တော်ဘူးလို့ ပြောကြရင် လက်ခံပေးစေ ချင်ကြောင်း ဒါရိုက်တာ ကြည်ဖြူသျှင်ပြောပါတယ်။ ဘယ်သူ့ကိုမဆို အယုံမလွယ်မိစေဖို့ ဆယ်ကျော်သက်အရွယ်တွေက ပိုမိုသတိထားစေချင်ကြောင်းကိုလည်း ဒါရိုက်တာကြည်ဖြူသျှင်က “
ဆယ်ကျော်သက်ဆိုတာက ဘာမဆိုလက်တည့်စမ်းချင်ကြတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတအား လွန်ကဲတယ်။ ဒါကြောင့် ဘယ်အရာမဆို အရာရာတိုင်းကို မယုံဘူးဆိုတဲ့ အကြည့်မျိုးနဲ့တော့ မကြည့်ပါနဲ့။ လူကြီး မိဘတွေကို တိုင်ပင်ပါ။ ကိုယ့်ရဲ့ ဆွေမျိုးသားချင်းထဲမှာ၊ ကိုယ့် ပတ်ဝန်းကျင်မှာတစ်ခုခုဆို တတ်သိနားလည်တဲ့ အများ ကလေးစားရတဲ့ ပုဂ္ဂိုလ်မျိုးကို တိုင်ပင်ပါ။ တိုင်ပင်ပြီးမှလုပ် ပါ။ နောက်တစ်ခုက အား လုံးရဲ့ ဆုံးဖြတ်မှု၊ တိုင်ပင်မှုနဲ့ တစ်ဖက်နိုင်ငံကိုတော့ ယုံယုံ ကြည်ကြည်နဲ့ အ လုပ်သွား လုပ်မယ်ဆိုရင်လည်း ကိုယ့်ရဲ့ ရပ်ကွက်မှာရှိတဲ့ ရပ်ကွက် လူကြီးတွေကိုပါ အသိပေး သွားပါ။ ဒီလိုမျိုး အသိပေး လိုက်ပြီဆိုတာနဲ့ လိမ်ပြီး ခေါ် သွားမယ်သူ ဆို ရင် တောင် လိမ်ရဲတော့မှာမဟုတ်ဘူး။ ဘယ်အရာမဆို ပွင့်ပွင့်လင်း လင်း ပေါ်ပေါ်ထင်ထင် လုပ် မယ်ဆိုရင်တော့ အလိမ်ခံရတဲ့ အမှားမျိုး မဖြစ်ပါဘူး။ လူသိမခံချင်ဘဲ လုပ် တဲ့အရာ မျိုးတွေကများသောအားဖြင့် အလိမ်ခံရတာများပါတယ်” လို့ ပြောပြပါတယ်။
နယ်ပယ် လောကအသီးသီးမှာ အယုံလွယ်မိမှုကြောင့် အလိမ်ခံရတာတွေ များသလို၊ အနုပညာလောကမှာလည်း အယုံလွယ်မှုကြောင့် အလိမ်ခံရတာတွေနဲ့ ပတ်သက်ပြီး လည်း ဒါရိုက်တာကြည်ဖြူသျှင်က ” အနုပညာလောကမှာ များသောအားဖြင့် ကြုံရတာကတော့ ငွေရေးကြေးရေးနဲ့ ပတ်သက်တာပေါ့။ တချို့သရုပ်ဆောင် အသစ်ေ လးတွေ သရုပ်ဆောင်လုပ်ချင်တယ်။ အဲဒီအခါမှာ တစ်ဖက်ကနေ ပြီးတော့ ဇာတ်ကားထည့်ရိုက်ပေးမယ် ငွေဘယ်လောက် ထည့်ပေါ့။ အဲဒီတော့ ကိုယ့်ကိုယ်ကိုယ် အ ဟုတ်ကြီး ထင်ပြီး ထည့်တယ်။ ဇာတ်ကားထွက်လာတော့မှ ဘယ်နှခန်းမှ မပါဘူး။ အဲဒီလိုအလိမ်ခံရတာတွေရှိတယ်။ အစ်မဆိုရင် အမြဲပြော တယ်။ ငွေ စ ကား ပြောတယ်ဆိုရင် ဘယ်တော့မှ မှန်မှန်ကန်ကန်မဟုတ်ပါဘူး။ မှန်မှန်ကန်ကန်လုပ်တဲ့ ကုမ္ပဏီဟာ သရုပ်ဆောင်တစ်ယောက် ကို ငွေယူပြီးမရိုက်ပါဘူး။ တကယ်လို့ ရိုက်တယ်ဆိုရင်တောင်မှ ဒီသရုပ်ဆောင်ဟာ တစ်ကားလုံးသူကိုယ်တိုင်ငွေ ထုတ်ပြီးတော့မှ ပရိုဂျူဆာ လုပ်ပြီးရိုက်တယ်။ ကုမ္ပဏီ ကလည်းလက်ခံတယ်။ ကုမ္ပဏီ နဲ့ ရှယ် ယာတစ်ယောက် တစ် ဝက် ရိုက်ကြတာမျိုး၊ မင်းသား ကြီးနဲ့ရိုက်ရတာ မျိုးဆိုရင် တော့လည်း မှန်မှန်ကန်ကန် ပါပဲ။ ပြောရမယ်ဆိုရင် ကိုယ် နဲ့ရိုက်တဲ့မင်းသားကိုက နာ မည် သိပ်မရှိတဲ့ မင်းသားမျိုးဆို ရင်တော့လည်း လာလိမ်ဖို့အတွက် ရာခိုင်နှုန်းတော်တော် များနေပြီလို့ ယူဆသင့်ပါတယ်။ တချို့ဆိုရင် လာလိုက်တာနဲ့ ပိုက်ဆံ ဘယ်လောက် ထည့်ရမလဲ။ ပါချင်လို့ပါလို့ ပြောတယ်။ အဲဒီလိုမျိုးပြော လိုက်ကတည်းကိုက တစ်ဖက် ကလိမ်မယ့်သူက လိမ်တော့မှာပဲ။ ကိုယ့်က စပြီးတော့ ဖိတ်ခေါ်နေပြီလေ။ ကိုယ့်ရဲ့ အနုပညာအားနဲ့ ရိုးရိုးသားသား ကြိုးစားပါ။ အချိန်တန်ရင် ကိုယ်နဲ့ ထိုက်တန်တဲ့ နေရာတစ်ခုရလာပါလိမ့်မယ်။ ငွေစကားစပြီးပြောရင် အစက လိမ်ဖို့စိတ် ကူးမရှိ တဲ့သူ တောင်မှ မဆိုးဘူး၊ ငါလိမ်ဖို့ အတွက်ကို ခွင်ရပြီဆိုပြီး ဖြစ်သွားလိမ့်မယ်။ ကိုယ့်ရဲ့ စကားလုံးတွေက တစ်ဖက်က လူလိမ်တွေကို ဖိတ်ခေါ်တဲ့ စကားမျိုး မဖြစ် စေ ဖို့ကလည်း တအားအရေးကြီးပါတယ်” လို့ ပြောပါတယ်။
လင်းအက္ခရာ
Source:popularmyanmar.com

0 comments:
Post a Comment