ဒုတိယရင်သွေးက သားလေးမို့လို့ အရမ်းကို ပျော်ရွှင်နေတဲ့ ပြေတီဦး





ကားကြီးကို ထိန်းချုပ်ပြီး ရိုက်ဖြစ်နေတဲ့ ပြေတီဦးက ဟာသခေတ်ဆိုတိုင်းလဲ ဟာသကြီးပဲ မရိုက်ဖြစ်သလို သူ အကယ်ဒမီရရှိခဲ့တဲ့ ဇာတ်ရုပ်တွေကလဲ ပရိသတ်ကို စိန်ခေါ်ပြီး လောင်းကြေး ထပ်ရိုက်ခဲ့ရတဲ့ ကာရိုက်တာ တွေဖြစ်လို့ နောက်ထပ်ရိုက်မဲ့ ကားကြီးတွေကိုတော့ ပရိသတ်ကို မတူကွဲပြားခြားနားတဲ့ ဇာတ်လမ်းရသတွေကိုပေးဖို့ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
ပထမဆုံးအနေနဲ့ ပြေတီဦးက သူ့အနုပညာ ဖန်တီးရွေးချယ်တင်ဆက်မှုတွေ အကြောင်းမေးမြန်းဖြစ်တဲ့အခါ "အခုရိုက်နေတဲ့ ကားလေးက ပဲခူးဆားနှင့်သူဧ။် ဗိုင်းရပ်စ်များတဲ့။ အစ်ကို့ကာရိုက်တာက နေရာတကာ စပ်စပ် စပ်စပ် လိုက်ပါတဲ့ ပဲခူးဆားပေါ့။ ဒီကားပြီးရင် အစ်ကို ဗီဒီယိုကားလေး တစ်ကားရိုက်မယ်။ ဘာလို့လဲဆိုတော့ ဒီနှစ်ထဲမှာဆို အစ်ကို ဗီဒီယိုကားမရိုက်ဖြစ်သလောက်ပဲမို့လို့ ဗီဒီယိုကားလေးတစ်ကားကို ကစ်ကစ်နဲ့ရိုက်မယ်။ အဲ့ဒီဗီဒီယိုကားလေးပြီးရင်တာ့ ဦးမျိုးမင်းနဲ့ရုပ်ရှင်ကားကြီး နောက်ထပ်တစ်ကား ထပ်ရိုက်ပါမယ်။ အဲ့ဒီကားက နာမည်တော့ မသိရသေးဘူး။  သူကတော့ ရိုမန်တစ်လေးနဲ့ ကော့မစ်လေးပေါ့။ ဟာသလေးဖြစ်မယ်။ အစ်ကိုပါမယ်။ ကိုကျော်ရဲအောင်ပါမယ်။ ကိုနိုင်ကြီးပါမယ်။ မို့မို့မြင့်အောင်၊ ခိုင်သင်းကြည်၊ ၀တ်မှုန်ရွှေရည်ပါမယ်။ ဒီကားကြီးပြီးရင် ကားကြီးတွေ ရှိသေးတယ်။ အတိအကျတော့ပြောလို့မရသေးဘူး။ ဘာလို့လဲဆိုတော့ ကားကြီးဆိုတဲ့ သဘောတရားက သိပ်ရိုက်တိုင်းလဲ မကောင်းဘူးပေါ့နော်။ အစ်ကိုတို့လုပ်နိုင်စွမ်း ရှိတဲ့အပေါ်မှာလုပ်မှပဲ အဆင်ပြေမှာ၊ လုပ်နိုင်စွမ်းထက်ကျော်လွန်ပြီးလုပ်ရင် ပရိသတ်ကငြီးငွေ့မှာ ၊ ပရိသတ်ရဲ့အားပေးမှုလဲ ကားတိုင်းလိုလိုရဖို့ဆိုတာမလွယ်ဘူးလေ။ အဲ့ဒါကြောင့် လုပ်နိုင်စွမ်း ထက်ကျော်လွန်ပြီး လုပ်လို့မရတဲ့အတွက်ကားကြီးကိုတော့ ထိန်းပြီးရိုက်ဖြစ်မှာပါ။"လို့ သူက ပြောပါတယ်။
အောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်အနေနဲ့ ကိုယ့်အနုပညာ ဖန်တီးမှုကိုပြန်လည် သုံးသပ်ပြပေးဖို့ ပြောတဲ့ အခါမှာတော့ သူက " လုပ်ခွင့်ရတဲ့ အနေအထား တစ်ခုမှာတော့ ကျေနပ်အားရတယ်လို့ပြောလို့ရတာပေါ့။ ဒါပေမဲ့ ကိုယ်တို့ရဲ့ အရည်အချင်းပိုင်းပေါ့။ လုပ်နိုင်စွမ်းအပိုင်းနဲ့ပတ်သက်လို့အားမရသေးပါဘူး။ ဒီ့ထက် အများကြီးကြိုးစားရဦးမယ်။ ဒီ့ထက်အများကြီး အားဖြည့်ရဦးမယ်။ ဒီ့ထက်အများကြီး လေ့လာရဦးမယ်။ ကိုယ်တို့မသိသေးတဲ့၊ နားမလည်သေးတဲ့ အစိတ်အပိုင်းတွေ အများကြီးပဲရှိပါသေးတယ်။ ပရဟိတနဲ့ပတ်သက်ပြီးတော့လဲ ရှိတယ်။ ရှိတယ်။ ထပ်ပြီးလှူဖို့ရှိသေးတယ်။ ဒီတစ်ခေါက်လှူတဲ့ အပေါ်မှာ တရားလှူဖြစ်တာက ကိုယ်ကိုတိုင်လဲ ကျေနပ်ပြီး ပီတိဖြစ်ရတယ်။ ပရိသတ်တွေလဲဒီအပေါ်မှာ အရမ်းကိုဝမ်းသာအားရနဲ့ကြည်နူးကြတယ်။ ကျေနပ်ကြတယ်။ ဒီလိုအလှူမျိုးကိုထပ်ပြီးလှူပါဦးလို့ပြောကြတဲ့အတွက် အစ်ကို့အနေနဲ့ကလဲ တအားကိုလှူချင်သေးတယ်။ ဒါပေမဲ့ ဘယ်အချိန်မှာ ဘယ်လိုထပ်ပြီး လှူဖြစ်ဦးမလဲတော့ မသိသေးဘူး။ ဒါပေမဲ့ အစီအစဉ်တော့ရှိပါသေးတယ်"တဲ့။
ဇနီးဖြစ်သူ အူဝဲရဲ့ ဒုတိယရင်သွေးလေးနဲ့ပတ်သက်ပြီးတော့လဲ "ခု ၈ထဲရောက်နေပါပြီ။ အစ်ကိုက သားလေးလိုချင်နေတာ ခုသားလေးဆိုတော့ အရမ်းလဲကျေနပ်တယ်။ အရမ်းလဲပျော်နေတယ်"လို့ပြောပြခဲ့ပါတယ်။
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment