Prime Time တင်ဆက်မှု အနုပညာ ဈေးကွက်ချဲ့ထွင်မှုနှင့် ရုပ်သံဇာတ်လမ်းတွဲများအခြေအနေ
အထူးပြုအချပ်ပိုတင်ဆက်မှု
အထူးပြုအချပ်ပိုတင်ဆက်မှု
ဧည့်သည်အယ်ဒီတာ-ဒါရိုက်တာမောင်သီ
ဇာတ်လမ်းတွဲတွေကြောင့် ရုပ်ရှင်ဈေးကွက်နဲ့ ဗီဒီယိုဈေးကွက်ကို ရိုက်ခတ်သွားနိုင်လားဆိုတဲ့ အကြောင်းအချက်တွေကို ကျွန်တော်မပြောခင် ဇာတ်လမ်း တွဲတွေ မြန် မာနိုင်ငံ မှာစပေါ်လာတဲ့အကြောင်း ပြောပြချင်ပါတယ်။တီဗီရုပ်သံဇာတ်လမ်းတွဲတွေဟာ မြန်မာနိုင်ငံမှာ ဂျပန် ရုပ်သံဇာတ်လမ်းတွဲ အိုရှင်းက နေစတယ် လို့တော့ ပြော မ ရ နိုင်ပါ။ တီဗီရုပ်သံ ဇာတ်လမ်း တွဲသမိုင်းကိုပြောပြီးဆိုရင် အိုရှင်းဇာတ်လမ်းတွဲမတိုင်ခင် မြန်မာ့အသံနဲ့ရုပ်မြင်သံကြား (MRTV) မှာ အနောက်တိုင်းဇာတ်လမ်း တွဲတွေ အများကြီးရှိခဲ့တယ်။ အနောက်တိုင်း ဇာတ်လမ်းတွဲ Dynesty, Co- Jack စတဲ့ ဇာတ်လမ်းတွဲတွေ အများကြီးရှိခဲ့ဖူးတယ်။ ပြသခဲ့ဖူးတယ်။ အနောက်တိုင်း စီးရီးတွေ များစွာတော့ပြခဲ့တယ်။ ဒါပေမဲ့ အဲဒီဇာတ်လမ်းတွဲတွေ မအောင်မြင်ခဲ့ပါ။
မအောင်မြင်ရတဲ့အဓိကအကြောင်းအရင်းက ပရိသတ်တွေ စွဲမက်လောက်တဲ့အနေ အထားမရှိခဲ့တာပါ။ မြန်မာနိုင်ငံမှာ ရုပ်သံဇာတ်လမ်းတွဲပြသမှု အဲဒီ ကနေ အရှိန် စတင် ခဲ့တယ်။ မြန်မာပရိသတ်စွဲစွဲမြဲမြဲ ကြည့်ခဲ့ပြီး ကနေ့အထိမမေ့နိုင်တဲ့ ဂျပန်စီးရီးအိုးရှင်းကနေ စတင်ခဲ့တယ်။ နောက်ပိုင်းကျတော့ တရုတ်ခေတ်ရောက်လာတယ်။ ဝူခုန်း ဇာတ်လမ်းတွဲ၊ ပေါင်ချိန်ဇာတ်လမ်းတွဲ၊ ပိုးမင်းသားရဲ့သိုင်းဝိညာဉ် ဇာတ်လမ်းတွဲတွေ သိုင်းဇာတ်လမ်းတွဲတွေကို မြန်မာပရိသတ်တွေ စိတ်ဝင်စားစွာ စောင့်ကြည့် လာ ခဲ့ကြ တယ်။အဲဒီကနေပြီးတော့ တကယ်ရူးသွပ်စွာနဲ့ မစားနိုင်မသောက်နိုင်ကြတော့တဲ့အထိ ဖြစ်သွားရတာကတော့ ၂ဝဝဝ ခုနှစ် နောက်ပိုင်းကိုရီးယား ဇာတ်လမ်း တွဲခေတ် လို့ဆိုရမှာပါ။ဒါဟာပြောရမယ်ဆိုရင် ကျွန်တော်တို့ မြန်မာတွေခေတ်မီတယ်လို့ ဆိုရမှာပါ။ကိုရီးယား ဇာတ်လမ်းတွဲဟာမြန်မာမှ မဟုတ်ပါ။ ကမ္ဘာမှာလည်း ကိုရီးယား Wave ရိုက်ခတ်ခံနေရတာပါ။ ကျွန်တော်တို့ မြန်မာလည်း အပါအဝင်ဖြစ်ခဲ့တယ်။
တကယ်တော့ ၁၉၈ဝ နောက်ပိုင်းမှာ ရုပ်သံတီဗီတွေစတင်ခဲ့တယ်။ Broadcast တစ်ခေတ်ဖြစ်ခဲ့တယ်။ မြန်မာပြည်မှာတော့ Broadcast တစ်ခေတ်ဟာ အခုမှထွန်း ကားနေတာပါ။ ပုဂ္ဂလိကတွေကို လုပ်ကိုင်ခွင့် ပြုလိုက်တော့ အပြိုင်အဆိုင်တွေ ဖြစ်လာကြတယ်။ 4TV အုပ်စုရှိတယ်။ 5 Movie အုပ်စုရှိတယ်။ Sky Net အုပ်စုရှိတယ်။ အပြိုင်အဆိုင် ဖြစ်လာတယ်။ ပရိသတ်တွေလည်း ကြိုက်နှစ်သက်ရာကို ရွေးချယ်ကြည့်ခွင့်ရပြီးတော့ ပြိုင်ပြိုင်ဆိုင်ဆိုင်ဖြစ်လာတယ်။
Free to Air ရုပ်သံလိုင်းတွေ တင်မဟုတ်တော့ဘဲနဲ့ Pay TV လို့ ခေါ်တဲ့ အခပေးရုပ်သံလိုင်းတွေမှာပါ ရုပ်သံဇာတ်လမ်းတွဲတွေ ရှိလာတယ်။ ပရိသတ်တွေလည်း စောင့် ကြည့်လာတာတွေ ရှိနေပြီ။ အမှန်တော့ ကျွန်တော်တို့ နိုင်ငံမှာ Broadcast ဖွံ့ဖြိုးမှုက နောက်ကျနေပြီလို့ ဆိုရမှာပါ။ ဘာဖြစ်လို့လဲဆိုရင် နိုင်ငံတကာမှာက Television is Death လို့တောင် ခေါ်နေကြပြီ။ သဘောက တီဗီတွေ သေပြီတဲ့။ တီဗီရဲ့ သဘောသဘာဝကိုပြောရရင် Television ဆိုတာ ပရိသတ် ရွေးချယ်ပိုင်ခွင့်မရှိဘူး။ ဒီအချိန်မှာ ဒီဟာပြမယ်၊ ကြိုက်တယ်ဆိုရင် စောင့်ကြည့်ပါဆိုတဲ့ သဘောပါ။
ကိုယ်မကြိုက်တာရှိရင် ချန်နယ်နောက်တစ်ခု ပြောင်းခွင့်ပဲရှိတယ်။ ချန်နယ်အားလုံးမကြိုက်ရင်တော့ ခလုတ်ပိတ်ပြီးတော့ ထိုင်နေရုံပဲရှိပါတယ်။ အဲဒါတွေကို ထိုး ဖောက် လိုက်တဲ့ စနစ်တစ်ခုကတော့ အင်တာနက်ပါ။ အင်တာနက်တွေဟာ ကမ္ဘာမှာလိုင်း တွေတအားကောင်းပါတယ်။ မြန်မာပြည်မှာကတော့ လိုင်းအခက်အခဲ အနည်း ငယ်ရှိ တယ်ပေါ့ဗျာ။ အဲဒီတော့ Download လုပ်တာတို့၊Live Stream ကြည့်တာတို့ကို တိုက်ရိုက်ကြည့် လို့မရနိုင်သေးပါ။ အဲဒီလိုအခြေအနေ မြန်မာပြည်မှာရှိနေလို့သာ အင်တာနက်စနစ် သိပ်မထွန်းကားသေးတော့ Broadcast စနစ်က ခေတ်ကောင်းနေတယ်။ အမှန်ဆိုရင် အင်တာနက်ရဲ့ သဘောသဘာဝကိုက ကိုယ်ကြည့်ချင်တာကို ကိုယ်ကြည့်လို့ရတယ်။ တစ်ဆင့်လွှင့်မှ ကိုယ်ကစောင့် ကြည့်ရတယ်ဆိုတဲ့ကိစ္စကိုတစ် ဆင့်ကျော်သွားတဲ့သေဘာမျိုးပါ။ ကိုယ်ကြည့်ချင်တာကို အလွယ်တကူ ရှာဖွေပြီးေ တာ့ စောင့်ဆိုင်းနေစရာမလို ကြည့်လို့ရတဲ့ အင်တာနက်စနစ်ဟာ ဒါကြောင့်မို့ ကမ္ဘာမှာခေတ် စားနေတာပါ။ ကိုရီးယားကားတွေ ကမ္ဘာကို ထိုးဖောက်သွားနိုင်ခဲ့တာ ရှင်းရှင်းပြောရရင် ဟောင်ကောင်နဲ့ ထိုင်ဝမ်တို့ ညံ့ခဲ့တာပါ။ အဲဒီခေတ်က Market Sharing လို့ခေါ်တဲ့ တီဗီဈေးကွက်ကို သူတို့ဟာရရှိထားတာပါ။ ဒါပေမဲ့ သူတို့က “သိုင်းဇာတ်လမ်းတွဲ” တွေကနေ ကျော်ထွက်မလာနိုင်ခဲ့ဘူး။ World Matket ဆိုတာရှိတယ်။ World Matket မှာ ရုပ်ရှင်ဆိုရင် ဟောလီးဝုဒ်က အကြီးမားဆုံးပါ။ ထိုင်း ဆိုရင်လည်းကြော်ငြာဈေးကွက်ကို ကမ္ဘာမှာ ကိုင်လှုပ်နိုင်တယ်။ ကမ္ဘာပေါ်က ကြော်ငြာမှန်သမျှ ထိုင်းဒါရိုက်တာတွေ ရိုက်ကြတာပါ။ Creative နဲ့ Idea တအားေ ကာင်းကြတယ်။ အဲဒီအချိန်မှာ ကိုရီးယားက ရုပ်သံဇာတ်လမ်းတွဲ Market အားနည်းနေတာကို သူတို့တွေ့တော့ ရုပ်သံဈေးကွက်ကို ဝင်တိုးတော့တာပါပဲ။ ဝင်တိုးတော့ သူတို့ရဲ့ စနစ်တကျပြင်ဆင်ထားမှု၊ ရုပ်သံကွာလတီ၊ ရုပ်ရည်ရူပကာတင့်တယ်မှုတွေနဲ့ ထိုးဖောက်သွားခဲ့တယ်။ ဇာတ်လမ်း၊ ဇာတ်ကွက်ကတော့ ကိုရီးယားမှာ တ အားကြီးထူးခြားနေတာတော့ မရှိပါဘူး။ သူ့ကြိုက်လိုက်၊ ကိုယ့်ကြိုက်လိုက်၊ ပြီးတော့ မယားကြီး၊ မယားငယ်ကိစ္စ အဲဒီလိုဇာတ်လမ်းတွဲတွေနဲ့ပဲ သံသရာလည် နေပါ တယ်။ ဒါပေမဲ့လည်း အခုအချိန်ကတော့ ကိုရီးယားကားဟာ တီဗီဇာတ်လမ်းတွဲမှာဆိုရင် “ဘုရင်” ဖြစ်နေပါတယ်။ ဒါဟာ မြန်မာမှာမှဖြစ်နေတဲ့ ကိစ္စတော့ မဟုတ်ပါ။ တစ် ကမ္ဘာလုံးမှာ ဖြစ်နေတာပါ။ မြန်မာရုပ်သံဇာတ်လမ်းတွဲတွေရဲ့ အခြေအနေကတော့ မနှစ်က လုပ်ယူထားတဲ့ Data တွေအရဆိုရင်တော့ ပရိသတ်တွေ အကြည့် ဆုံး အချိန်ကတော့ Prime Time လို့ခေါ်တဲ့ လူကြည့်အများဆုံး အချိန် ၇ နာရီက နေ ၉ နာရီ ကြားမှာ ကြည့်ရှုမှုဟာ အများဆုံးဖြစ်ပါတယ်။ အဲဒီအချိန် Prime Time ကို Target ထားပြီးတော့ ထုတ်လွှင့်ပြသနေတာပါ။ ကမ္ဘာမှာလည်း တီဗီစီးရီး တွေဝင်တဲ့ အချိန် အဲဒီ Prime Time အချိန်ပါပဲ။ အဲဒီ Prime Time မှာ ဝင်တဲ့ ကြော်ငြာဈေးနှု န်းဟာလည်း သာမန်ထက် ၃ ဆမြင့်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အတော်လေးရှင်းယူလိုက်ရတဲ့ ပြဿနာတစ်ခုရှိခဲ့တယ်။ အဲဒါဟာ ဘာလဲဆိုရင် Prime Time ထဲမှာ သတင်းအချိန်ရောက်နေတာပါ။ ည ၈ နာရီသတင်းသည် အရင်တုန်းက တီဗီဥပဒေအရ မပြမနေရ ချန်နယ်တိုင်းပြရတယ်။ ဘာတွေပဲဖြစ်နေပါစေ ၈ နာရီဆိုတာနဲ့ ချက်ချင်းရပ်ပြီးတော့ သတင်းကိုပြရတယ်။ ဒါပေမဲ့ အခု ဒီမိုကရေစီခေတ်ရောက်လာတော့ပြန်ကြားရေးဝန်ကြီးဌာနက အဲဒီကိစ္စကိုဖြေလျှော့ ပေးလိုက်တယ်။ အဲဒီတော့ အခု သတင်းဆိုရင် ချန်နယ်တွေမှာ မပါသလောက်ကို ဖြစ်သွားပြီ။ အဲဒါကတော့ အခုအချိန်မှာ ကျွန်တော်တို့ Broadcast တွေ အတွက် အားသာချက်ဖြစ်လာပါတယ်။ Prime Time လူစုံတက်စုံ တီဗီမျက်နှာပြင်ရှေ ရောက်နိုင်တဲ့ အချိန်မှာ ဗီဒီယို ငှားရမ်းမှုဈေးကွက်ကို ရိုက်ခတ်နိုင်မှုကတော့ Nature လို့ပဲ ပြောရမှာပါ။
လူဆိုတာက မြန်၊ ကောင်း၊ သက်သာဆိုတာကိုပဲ ကြိုက်ကြတယ်။ ရွေးချယ်မှုများကြတယ်။ မြန်ဆန်မှုရှိတယ်။ ကောင်းမွန်တယ်။ သက်သာတယ်ဆိုရင် လူဆိုတာ ကြိုက်ကြတာပါပဲ။ ထို့အတူပါပဲ ဖျော်ဖြေမှုတွေပေးတဲ့အခါမှာ Television ဆိုတာ အရုပ်ရော၊ အသံရောပါတယ်။ ရိုက်ခတ်မှုကို ပြောရင်တော့ ခါတိုင်း Prime Time အချိန်မှာ စာအုပ်ဖတ်နေကျသူအတွက် စာအုပ်အပိုင်းတွေမှာပါ ထိခိုက်ကုန်မှာဖြစ်တယ်။ အခုခေတ်က Multi Media ဖြစ်လာတော့ ဘက်ပေါင်းစုံကနေပြီး မျိုး စုံ တွေဖြစ်လာ ကြပြီ။ ဆိုကြပါစို့ဗျာ။ အင်တာနက်ထဲကနေ ဝက်ဘ်ဆိုက်ပေါင်းစုံကို ဝင်ကြည့်နိုင်နေပြီ။ ပရိသတ်ဘက်က ရွေးချယ်စရာတွေမှ အများကြီးဖြစ်နေပါတယ်။ အ မှန်တော့ ကိုယ့်အပိုင်းကိုယ် ကောင်းအောင်ကြိုးစားဖို့ပဲလိုတယ်။ ကောင်းအောင် လုပ်ဖို့ ပဲ လိုတယ်။ ဒီဟာတစ်ခုဖြစ်လာလို့ဟိုအရာ ကတော့ဒုက္ခ ရောက်သွားရ တယ် ဆို တာလို့ သုံးသပ်ရင်တော့မှားတယ်လို့ ကျွန်တော့်အနေနဲ့ယူဆတယ်။ အမှန်တော့ ဗီဒီယို ဇာတ်ကားတွေကိုကောင်း အောင် လုပ်ဖို့လုပ်တယ်။ ဗီဒီယိုဇာတ် ကား တစ် ကား ငှားဖို့ လမ်းထိပ်ကအခွေဆိုင်ကို အရင်ထွက်ရမယ်။ ဒါမှမဟုတ်ရင် ရုပ်ရှင်ဇာတ်ကားကို ရုပ်ရှင်ရံ မှာသွားကြည့်ကြရမယ်။ အဲဒီလိုကြည့်လာဖို့အတွက် အားသာတဲ့ အရာတွေကို ပြုလုပ်ရမယ်။ တီဗီစီးရီးတွေဆိုတာက အိမ်ကနေပြီးတော့အငြိမ်သား ထိုင်ကြည့်လို့ရတယ်။ ဆိုလိုတာက အိမ်ဦးခန်းကနေ ထိုင်ကြည့်လို့ရတဲ့ဇာတ် လမ်းတွေ ထက်၊ ရိုက်ကူးမှုတွေထက်အားသာမှုရှိနေမှလည်း ပရိသတ်ဆိုတာကအဲဒီနေရာတွေကို တကူးတကသွားကြမှာပါ။ ကမ္ဘာမှာ ရုပ်ရှင်ဇာတ်ကားတစ်ခု ကို ဟောလီးဝုဒ် က ထုတ်လုပ် လိုက်တယ်။ ဘာကြောင့်ရုပ်ရှင်ရုံ တွေမှာလူပြည့်နေရသလဲ၊ ဝင်ငွေ စံချိန်တွေ ဘာကြောင့်ချိုးနေသလဲ။
ဘာကြောင့်လဲဆိုတော့ သူတို့ မှာ အကုန်အကျခံပြီးတော့ ရိုက်ကူးတယ်။ ကမ္ဘာကျော်တဲ့ သူတွေပါဝင်တယ်။ ခမ်းနားမှု၊ ဖန်တီးဆန်းသစ်မှုများစွာရှိ တော့ပရိသတ်က မကြည့် ဘဲနဲ့ ကို မနေနိုင်ဘူးလေ။ သွားကို ကြည့်ကြတယ်။ စဉ်းစားကြည့် ပါ။ရုပ်ရှင်တစ်ကားကြည့်ရ ဖို့ဆို တာ ခဲယဉ်းပါတယ်။ လက်မှတ်ဝယ်ယူဖို့တန်းစီရပါမယ်။ အပေါင်းအသင်းမိတ်ဆွေ၊ မိသားစုတွေရုပ်ရှင်အတူ ကြည့် ဖို့ ချိန်းရပါတယ်။ ရုံထဲဝင်ဖို့ကို လည်းတန်းစီရပါတယ်။ သူတို့ပြ ချင်တဲ့အချိန်ကိုလည်း စောင့်ဆိုင်း ရပါသေး တယ်။ အဲဒီတော့ အလွယ်တကူကြည့်နိုင်တဲ့ ရုပ်သံစီးရီးနဲ့ အင်တာ နက်တွေ ထိုးဖောက်နေတဲ့အချိန်မှာ အဲဒီဟာတွေထက်ပိုကောင်းတဲ့ အရည်အသွေးတွေ၊ စံနှုန်းတွေနဲ့ ကြိုးစားလုပ်ကြရမှာပါ။ မလုပ် နိုင်တဲ့ မီဒီယာကတော့ ကျဆုံး သွားမှာပါပဲ။ပြောချင်တာရှိတယ်။ ဥပမာ- သမုဒ္ဒရာရေဆိုတာ မည်သူမဆို သောက်လို့ရပါတယ်။ ဒီလိုပဲ အနု ပညာလုပ်ငန်း ဆိုတာကျွန်တော်တို့ ရုပ်ရှင်မှာလည်းဖြစ်တယ်။ ဗီဒီယိုတွေ ပေါ်လာလို့ ရုပ်ရှင်လောက တော့ပျက်ပါပြီဆိုပြီး တော့ပြော ပြ တာမျိုးပေါ့။တကယ် တန်းကျ တော့ ဘာမှကိုမသက်ဆိုင် ပါဘူး။ တရားစာအုပ်တွေရောင်း ကောင်းနေလို့ ကာတွန်းစာ အုပ်တွေ မရောင်းရတော့ဘူးလို့ ပြောလို့မရပါဘူး။ သူ့ဟာနဲ့သူ ကတော့ ဖြစ်နေတာပါ။ မြန်မာ ဇာတ်လမ်းတွဲတွေဟာလည်း နောက်ပိုင်းလာမယ့် အနာဂတ်မှာ ပိုကောင်းဖွံ့ဖြိုးလာဖို့ပဲ ရှိတော့တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် တို့သည် ရမ်းသမ်းမှန်းသမ်းလုပ်နေတဲ့သူ တစ်ယောက်မှမပါပါ။ကျွန် တော်တို့ရဲ့ရုပ်ရှင်၊ဗီဒီယိုအ တွေ့အကြုံအရ၊ပြီးတော့ မြန်မာ လူမျိုးတို့ရဲ့စရိုက် လက္ခဏာ တွေနဲ့ အနုပညာရှင်၊ အတတ်ပ ညာရှင်တွေ ရဲ့ အမူအကျင့်တွေ ကို ကျွန်တော်တို့ အသိဆုံးပါ။
ဗီဒီယိုတစ်ခေတ်ကို ဖြတ်သန်းခဲ့ဖူးတဲ့ ကျွန်တော်ဟာလည်းဗီဒီယိုသမားတစ်ယောက်ပါပဲ။ ဗီဒီယိုခေတ်ဖြတ်သန်းချိန်မှာ ကိုယ်ပိုက်ဆံရရုံ၊ ဝမ်းဝရုံနဲ့မဖြစ်ဘူးလေ။ အနုပ ညာလောကလည်း အောင်မြင်မှကိုယ့်လောကလည်း အဆင့်တစ်ခု ရောက်လာမှ ကိုယ်လည်းအတိုင်းအတာတစ်ခုဖြစ်မှာလေ။ ဒါပေမဲ့ ဖြစ်မလာခဲ့ဘူး လေ။ အခု ကျွန်တော် တီဗီစီးရီး တွေလုပ်နေတဲ့အချိန်မှာ ကွဲပြားတဲ့မူဝါဒတွေ၊ စနစ်တွေကိုသွားတွေ့ပါတယ်။ ရုပ်သံဌာ နမှာနိုင်ငံတကာနဲ့ပူးပေါင်းပြီး လုပ်ရတယ်။ နိုင်ငံတကာ စနစ် တွေ တည်ဆောက်ထားတယ်။ ဘာကြောင့်စနစ်တွေတည် ဆောက်ထားသလဲဆိုတော့တည်တံ့ခိုင်မြဲဖို့အတွက် ခိုင်မာတဲ့စနစ်တွေရှိဖို့လိုတယ်။ အရှေ့ပိုင်းကြိုး စားမှုတွေမှာ မြန်မာရုပ်သံဇာတ်လမ်းတွဲတွေ ပရိသတ်မကြိုက်ဘူးဆို တာကို ပြောလာကြတယ်။ ဒါပေမဲ့သည်းခံပေးကြပါ။ ကျွန်တော်တို့ စနစ်တကျတ ည်ဆောက်ပြီး လုပ်နေတာပါ။ “စနစ်တကျ” ဆိုတဲ့ စကားလေးက အတော်ကို “တာ”သွားပါတယ်။ ကျွန်တော် တို့ အခု စီးရီးတွေကို ကောင်း အောင်မ လုပ်သေးပါ ဘူး။ မြန် မာစီး ရီးတွေကို မြန်မာပရိသတ်တွေ ပုံမှန်ကြည့်နိုင်အောင်အနေနဲ့ ပုံမှန်ထုတ်လွှင့်နိုင်ဖို့အတွက် အရေအတွက်ကိုပဲ အရင်ဦးစားပေး လုပ် နေရသေး ပါတယ်။
အဲဒီဟာအဆင် ပြေပြီဆိုရင် ကွာလတီတစ်ခုကို သွားပါမယ်။ ကျွန်တော်တို့ စနစ်တကျလုပ်နေတာပါ။ အခုဆိုရင် Regulation မှန်နေပြီလို့ဆိုရ တော့မယ်။ မြန်မာ ရုပ်သံ ဇာတ်လမ်းတွဲတွေကို ပုံမှန် ထုတ်လွှင့် နိုင်နေပြီ။ အရည်အသွေးဘက်ကို စတင်လုပ်နေပါပြီ။ အခု “ဝိညာဉ်ရှိုက်သံ” ဇာတ်လမ်းတွဲကို လူတွေကြိုက်နေကြပြီ။ နောက်ပိုင်း အနာဂတ်မှာ ဒီ့ထက်ပိုကောင်းဖို့ပဲရှိတော့ တယ်။ ကျွန်တော်တို့ Industry က ကြီးကကြီးမားလာနေတာနဲ့အမျှ ထုတ်လုပ်မှုကွာလတီတွေဟာလည်း မြင့်မားလာမှာပါ။ အခုကတော့ မြန်မာ ဇာတ်လမ်းတွဲဟာ အချစ်ဇာတ်လမ်းတွေပဲ လုပ်နေသေးတယ်။ ဒါပေမဲ့ မကြာခင်နောက်ပိုင်းမှာ အက်ရှင်ဇာတ်လမ်းတွဲတွေကို Special Effect တွေနဲ့ လုပ်လာနိုင်မယ်။ ရာဇဝင်ဇာတ်လမ်းတွဲကြီးကို လူပေါင်းများစွာ နဲ့ ဆင်တွေ၊ မြင်းတွေ၊ ဓား၊ လှံ၊ လက်နက်ဝတ်စုံပြည့်နဲ့ လုပ်နိုင်ဖို့အထိရည်မှန်းထားကြတယ်။ အဲဒီလိုလုပ် လာဖို့ ကုန်ကျစရိတ်တွေ ကြီးမြင့်လာပါမယ်။ အဲဒီတော့ ဈေးကွက်တွေကို ဒီ့ထက်ပို ကျယ်ပြန့်အောင် လုပ်ရပါမယ်။ “စနစ်တကျ” နဲ့ တစ်ဆင့်ချင်းသွားရပါမယ်လို့ နိဂုံးစ ကားဆိုရင်း ဧည့်သည်အယ်ဒီတာစကားကို အဆုံးသတ်လိုက်ရပါတယ်။
ဒါရိုက်တာမောင်သီ
Source:popularmyanmar.com

0 comments:
Post a Comment