ဒါရိုက်တာ ညီညီထွန်းလွင်က ပြင်ဦးလွင် မှာ ရုပ်ရှင် တစ်ကား၊ ဗီဒီယို တစ်ကား ရိုက်ကူးဖို့ ရောက်ရှိနေပါတယ်။ ပြင်ဦးလွင် ရိုက်ကွင်းနဲ့ ရန်ကုန်ရိုက်ကွင်း ကွာခြားမှုတွေ အနေ နဲ့ “ဒီမှာကတော့ ၉ နာရီဆို စရိုက်ပြီ။ ရာသီဥတုက လည်းကောင်းတော့ အိုက်တင်တွေလည်း ကောင်းတယ်။ လုပ်ငန်းလည်း ပိုတွင် ကျယ်တယ်။ ရန်ကုန်မှာတော့ ရာသီဥတုက ပူ၊ လမ်းမှာ ကားတွေပိတ်နေ တာကြောင့် ရိုက်ကွင်းကို ၁၁ နာရီ လောက်မှ စလို့ရတယ်။”လို့ ဒါရိုက်တာ ညီညီထွန်းလွင် ကပြောပါတယ်။
ဒီနှစ်ထဲ မှာတော့ ဒါရိုက်တာ ညီညီထွန်းလွင် က ရုပ်ရှင်ကားကြီး ၄ ကားဆက် ရိုက်ရတာကြောင့် ဗီဒီယိုဘက် သိပ်မလှည့် နိုင်ဘဲ အရိုက်နည်းတယ်လို့သိရပါတယ်။ ရုပ်ရှင်ရှေ့ အလားအလာနဲ့ ပတ်သက်ပြီး..
“ရှေ့အလားအလာ ကောင်းမှာပါ။ အခုက တစ်ကားချင်းစီပြနေတာ။ အပြိုင်ကားတွေ ပြလာရင် ပိုကောင်း လာလိမ့်မယ်။ ရုပ်ရှင်ကောင်းလာပေမယ့် ဗီဒီယို ကတော့ ဆက် ရှိနေမှာပဲ။ ကျွန်တော်တို့ တိုင်းပြည်က တခြား တိုင်းပြည် တွေနဲ့မတူဘူး။ စာအုပ် အငှားဆိုင်တွေ ရှိသလို ဗီဒီယို အငှားဆိုင်တွေလည်း ဆက်ရှိနေမှာပါ” လို့ ပြောပါတယ်။ ရုပ်ရှင်က အရေအတွက် တိုးလာသလို အရည်အသွေး တွေလည်း တိုးလာမှာ အသေအချာပါလို့ ဒါရိုက်တာ ညီညီထွန်းလွင်က “မြန်မာ့ရုပ်ရှင် ကတော့ မရှိ၊ ရှိတာလေး နဲ့ ဖြစ်အောင် ရိုက်ရတာမို့ ခွင့်လွှတ်ပြီး ကြည့်ပေးကြပါဦးလို့ ပြောရမှာပဲ။ ရုပ်ရှင် စတူဒီယို ကောင်းကောင်း လည်း မရှိသေးလို့ပါ” လို့ ပြောပြခဲ့ပါတယ်။
Source:popularmyanmar.com

0 comments:
Post a Comment