နတ်တလင်း မေ ၂ဝ
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် ပွဲသာကျေးရွာ အုပ်စု ကုန်းကလေး ကျေးရွာတွင်မေ ၁၅ ရက်မွန်းလွဲ ၁ နာရီခွဲက ဦးအောင် မင်း၏လယ်ထဲရှိ ဖုန်းဆိုးထန်းပင်(အခက်အလက်များ မရှင်းသောပင်)ပေါ်သို့တက်၍ ပျားအုံတက်ဖွပ်ရာ ထန်းလက်များ မီးလောင်ပြီး ပျားတက်ဖွပ်သော အာလူး (၁၄ နှစ်)သည် တစ်ကိုယ်လုံး မီးလောင်ပြီး ထန်းပင်ပေါ်မှ ပြုတ်ကျခဲ့သည်။
သို့ဖြစ်၍ ထန်းပင်အောက်ရှိ ကလေးများက အော်ဟစ် အကူအညီတောင်းရာ အနီးပတ်ဝန်းကျင် ရွာသား များ ထွက်လာပြီး အင်းမဆေးရုံသို့ ပို့ဆောင်သော်လည်း မီးလောင်ဒဏ်ရာနှင့် အတောင် ၂ဝ ခန့်မြင့်သော ထန်းပင်ပေါ်မှ ပြုတ်ကျသောဒဏ်ရာတို့ဖြင့် သေဆုံးသွားကြောင်း သိရသည်။
တင်မြင့်(နတ်တလင်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

0 comments:
Post a Comment