ပျက်ကျ အမေရိကန်စစ်ရဟတ်ယာဉ်နှင့် သေဆုံးစစ်သား ၈ ဦးကို ပြန်တွေ့


နီပေါနိုင်ငံ တောင်ပေါ်ဒေသမှာ  ငလျင်ဘေးဒုက္ခသည်တွေကို ကယ်ဆယ်ကူညီပေးရင်းနဲ့ ပျက်ကျသွားတဲ့ အမေရိကန် စစ်ရဟတ်ယာဉ်နဲ့အတူ စစ်သားအလောင်း ၈ လောင်းကို ပြန်တွေ့ရတယ်လို့ နီပေါ အရာရှိတွေက ပြောပါတယ်။

ရဟတ်ယာဉ်ပျောက်ကို ရှာနေတာ သုံးရက်အကြာမှာ ချာရီကော့ဆိုတဲ့ မြို့ရဲ့ မြောက်ဘက် တောနက်ထဲမှာ ပြန်တွေ့တာလို့ စစ်တပ် ပြောခွင့်ရှိသူက ပြောပါတယ်။

နီပေါစစ်သား အလောင်း ၂ လောင်းနဲ့ အမေရိကန် မရိန်း တပ်သားအလောင်း ၆ လောင်းကို အပျက်အစီးတွေ ကြားထဲကနေ ပြန်တွေ့ရတယ်လို့  ပြောပါတယ်။ ရဟတ်ယာဉ်နဲ့ အလောင်းတွေကို ပြန်တွေ့ရတဲ့ နေရာဟာ လျှိုမြောင် တောနက် အရပ်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၁၂၀၀ မြင့်တယ်လို့ ပြောပါတယ်။

စစ်သားအလောင်းတွေကို ကက်သမန်ဒူးက ဆေးရုံမှာ စစ်ဆေးပြီးရင် ချက်ချင်း ပြန်သယ်မယ်လို့လည်း ပြောပါတယ်။ ရဟတ်ယာဉ်ကတော့ လုံးဝ ပျက်စီးသွားခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment