ရမ်းဗြဲမှ မြောက်ဦးသွား ဘုရားဖူးကားတိမ်းမှောက်၍ တစ်ဦးသေ၊ အများအပြား ဒဏ်ရာရ

( ရခိုင်လမ်းနှင့် ဘတ်စ်ကား)
ရန်ကုန်၊ မေ ၂

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့မှ မြောက်ဦး ဘုရားပွဲသို့ သွားသော ဘုရားဖူးကား ဧပြီလ ၃၀ ရက်နေ့က တိမ်းမှောက်ရာမှ တစ်ဦးသေပြီး လူအများအပြား ဒဏ်ရာရရှိသွားကြောင်း သတင်း ရရှိသည်။

“ သေတာက တစ်ဦးပါ။ ဒဏ်ရာ ရတာက ၂၇ ဦးပါ။ အမ်းမြို့နယ် တပ်တောင် ရဲစခန်းအပိုင်မှာ မှောက်တာ ဖြစ်ပါတယ်” ဟု အမ်းမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။

သေဆုံးသွားသူ ဘုရားဖူး အမျိုးသမီးကြီး တစ်ဦးဖြစ်ပြီး အမည်မှာ ဒေါ်နုယဉ်ဦး ( ၆၅) နှစ်ဖြစ်ကာ ရမ်းဗြဲမြို့နယ်၊ ကြိမ်တန်ချောင်းကျေးရွာဖြစ်ကြောင်း သိရသည်။

“ ဒဏ်ရာပြင်းတဲ့ အတွက် ဆေးရုံမှာဘဲ ဆုံးသွားပါတယ်။ ကျန်တဲ့ လူနာ ၂၇ ဦးကိုတော့ အမ်းကနေ ရမ်းဗြဲမြို့နယ်ကို ရွှေ့သွားပါပြီ” ဟု ရဲတာဝန်ရှိသူက ပြောသည်။

၎င်းကားမှာ ရမ်းဗြဲမြို့၊ အမှတ်(၁) သာယာကုန်းရပ်ကွက်မှ ဦးမောင်သာထွန်း မောင်းနှင်လာသော ကားဖြစ်ပြီး  ကုန်းအဆင်းတွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ယာဘက်သို့ တိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။

ဖြစ်ပွားခဲ့သော အချိန်မှာ ဧပြီလ ၃ဝ ရက်နေ့ နံနက် ၃ နာရီ ၁ဝ မိနစ်အချိန်တွင် ဖြစ်ပြီး  အမ်းမြို့နယ် တလိုင်းတောင်ကျေးရွာအနီး အမ်း-မအီကားလမ်း၊ မိုင်တိုင်အမှတ်(၂၉/၂) တွင် တိမ်းမှောက်သွားခြင်း ဖြစ်သည်။

ကားမောင်းသူ ဦးမောင်သာထွန်းအား တပ်တောင်နယ်မြေရဲစခန်း ယာဉ်(ပ)၃/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၃ဝ၄-က/၃၃၈/၃၃ရ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

နိရဉ္စရာ
http://www.narinjara.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment