ပါးစပ်ကထွက်တဲ့ အနံ့ဆိုးတွေဆိုတာ သင့်ရဲ့ အစာအိမ်ထဲကလာတာပါ။ တစ်နည်းအားဖြင့် သင်စားထားတဲ့ အစားအစာအပေါ်မူတည်ပြီး ပါးစပ်ကအနံ့ထွက်နိုင်ပါတယ်။ ကြက်သွန်ဖြူတို့ ဒညင်းသီးတို့လိုအနံ့ပြင်းတဲ့ အစားအစာတွေ စားမိမှ ပါးစပ်ကနံတာမဟုတ်ပါဘူး။ သင်မထင်မှတ်ထားတဲ့ အစားအစာတစ်ချို့ကလည်း သင့်ကို အနံ့ဆိုးတွေ ဖြစ်ပေါ်စေပါတယ်။ အဲဒီအစားအစာ တွေကတော့ -
၁။ ၀ါးစားလို့ရတဲ့ ပူရှိန်းများ
ထူးဆန်းပါတယ်။ သင့်ရဲ့ ခံတွင်း ကို ရနံ့ မွှေးစေနိုင်တယ် ဆိုတဲ့ ပူရှိန်းတွေဟာတစ်ဖက်မှာလည်း သင့်ရဲ့ ခံတွင်း ကို နံစေနိုင်ပါတယ်။ ပူရှိန်းအရသာ ကုန်လွန်သွားတဲ့ အခါမှာ ပါးစပ်အတွင်းကအမွှေးဓါတ်ဟာ ခမ်းခြောက်သွားပြီး မကောင်းတဲ့ အနံ့ဆိုးမျိုးအဖြစ် ပြန်လည် ဖန်တီးလိုက်တာဖြစ်ပါတယ်။
၂။ အချိုလွန် အစားအစာများ
Cupcake ၊ ကွတ်ကီး တွေနဲ့ ချော့ကလက် လို အရမ်းချိုတဲ့ အစားအစာ တွေဟာချိုလွန်းတဲ့ အရသာ ကြောင့် ပါးစပ်အတွင်းမှာဘက်တီးရီးယားပိုးမွှားတွေ ၀င်ရောက်စေပြီးတဲ့နောက် သင့်ရဲ့ ခံတွင်း ကို နံစေနိုင်ပါတယ်။
၃။ ပရိုတိန်းများ
ပရိုတိန်းဓါတ်ဆိုတဲ့ အစားအစာဆိုရင် အားလုံးက အသားတွေကို ပြေးမြင်မိမှာပါ။ ဟုတ်ပါတယ်။ အသားတွေ ဟာစားပြီးတဲ့အခါမှာ ပါးစပ်အတွင်း က စားကြွင်းစားကျန်တွေကြောင့် ရနံ့ဆိုးတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
၎။ အက်ဆစ် ပါဝင်တဲ့အစားအစာများ
ကော်ဖီ ၊ ခရမ်းချဉ်သီး ဖျော်ရည် ၊ ကြက်ဥ ၊ ထောပတ် အစရှိတဲ့ အစားအစာတွေဟာ သင့်ပါးစပ်အတွင်းကို အနံ့ဆိုးများထုတ်လွှတ်ပေးတဲ့ ဘက်တီးရီးယားတွေ ၀င်ရောက်စေနိုင်ပါတယ်။ ဒီအစားအစာ တွေကို ရှောင်ကြဉ်ခြင်းအားဖြင့် ခံတွင်း သာမကပဲ အစာအိမ်အတွက်ပါ ကောင်းမွန်နိုင်မှာပါ။
၅။ ယမကာ
အရက် ၊ ဘီယာစတဲ့ ယမကာတွေဟာ သင့်ရဲ့ ခံတွင်းကို ခြောက်သွေ့စေပါတယ်။ ခံတွင်းခြောက်သွေ့ခြင်းဟာ ပါးစပ်ထဲ ဘက်တီးရီးယား ပိုးတွေဝင်ရောက်ခြင်းကိုကာကွယ်ပေးတဲ့ တံတွေးနဲ့ အောက်စီဂျင်ကို လျော့နည်းစေပါတယ်။
Ref:menxp
0 comments:
Post a Comment