အငှားကားစီးလာသူ အမျိုးသမီး၏ ပါဆယ်ထုပ်ကို ခိုးယူထွက်ပြေးသူ ယာဉ်မောင်းအား နာရီပိုင်းအတွင်း ဖမ်းမိ


ရန်ကုန် မေ ၁၇

အငှားယာဉ်မောင်းက ကားငှားစီးလာသူ အမျိုးသမီး၏ ငွေကျပ်သိန်း ၅ဝ ကျော်ဖိုးရှိ ပစ္စည်းထုပ်အား ခိုးယူမောင်းနှင်ထွက်ပြေးမှုကို ဒေါပုံမြို့နယ် မြို့မရဲတပ်ဖွဲ့စခန်းက နာရီပိုင်းအတွင်း သက်သေခံ ပစ္စည်းများနှင့်အတူ ပြန်လည်ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မနန်းကလျာသည် အမေရိကန်နိုင်ငံမှ ပို့လိုက်သည့် ပါဆယ်ထုပ်နှစ်ထုပ်ကို ဘိုကလေးဈေးရှိ FOOT REFLEXOLOGY ဆိုင်သို့ မေ ၁၄ ရက် မွန်းလွဲပိုင်းတွင် သွားရောက်ယူဆောင်၍ အငှားယာဉ်အမှတ် AA----- တိုရိုတာကိုရိုလာ အဖြူရောင်ဖြင့် ငှားရမ်းသယ်ဆောင်ခဲ့ကြောင်း၊ ထို့နောက် ဒေါပုံမြို့နယ် ဗိုလ်ထွန်းစံရပ်ကွက် ဇေယျာသီရိလမ်းရှိ နေအိမ်သို့ အရောက်တွင် ပါဆယ်ထုပ်နှစ်ထုပ်အနက်မှ အထုပ်အသေးအား အိမ်ပေါ်သို့ ပို့ဆောင်နေစဉ် ၎င်းငှားစီးလာသည့် အငှားယာဉ်မောင်းမှာ ကားပေါ်တွင် ကျန်ရှိနေသည့် ပါဆယ်ထုပ်အကြီးအား ခိုးယူမောင်းနှင်ထွက်ပြေး သွားသောကြောင့် မနန်းကလျာက ဒေါပုံမြို့နယ် မြို့မရဲစခန်းသို့ လာရောက်တိုင်ကြားခဲ့ကြောင်း သိရသည်။

ထိုသို့တိုင်ကြားချက်အရ စခန်းမှူး ဒုတိယရဲမှူးမြင့်လွင်ဦးဆောင်သည့် အဖွဲ့သည် ခိုးယူထွက်ပြေးသူအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်ခဲ့ရာ မေ ၁၅ ရက် ည ၇ နာရီတွင် ယာဉ်မောင်း ခင်မောင်သိန်း(ခ)မာမက်ဇူလန် (၃၆)နှစ်ကို သက်သေခံပစ္စည်းများနှင့်အတူ တာမွေမြို့နယ် မအူကုန်းရပ်ကွက် (၁၃၈)လမ်းထိပ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ခင်မောင်သိန်း(ခ)မာမက်ဇူလန်ကို ဒေါပုံမြို့နယ်မြို့မရဲတပ်ဖွဲ့စခန်းက (ပ)၁၃ဝ/၂ဝ၁၅၊ ပြစ်မှုပုဒ်မ-၃၇၉ အရ ဆက်လက်အမှုဖွင့်အရေးယူဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

(သီဟသူ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment