မြန်မာ့အငြိမ့်သဘင်နဲ့ သမိုင်းကြောင်းကို မြန်မာ့ရုပ်မြင်သံကြား မှာ တင်ဆက်ပြောပြမယ့် ဇာဂနာ


RTV  နဲ့ Home တို့ပူးပေါင်း တင်ဆက်တဲ့အစီအစဉ်(၄)ခုမှာ မြန်မာ့အငြိမ့်သဘင်အကြောင်းကို သမိုင်းကြောင်းနဲ့တကွပြောပြတင် ဆက်မယ့် မြန်မာ့အငြိမ့် သဘင် ရေ စီးကြောင်း အစီအစဉ်လည်း ပါပါတယ်။ ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး ဇာဂနာက ” မြန်မာ့အငြိမ့်သဘင်သမိုင်းကြောင်းကို ကျွန်တော့်ရင်ထဲ မှာနှစ်ပေါင်းများစွာ သိမ်းဆည်း ထားရတဲ့ သမိုင်းကြောင်းကြီးတစ်ခုရှိပါတယ်။
သမိုင်းအကြောင်းတစ်ခုကိုပြောရင် သုတေသနပါရပါမယ်။ သမိုင်းကို ပြောရင် သုတေသနမပါဘဲနဲ့ လက်တန်းလျှောက်ပြောနေလို့ မဖြစ်ပါဘူး။ အငြိမ့်သမိုင်းကို ဒီနေ့ စာ အုပ်တွေ၊ စာစောင်တွေမှာ ပြော နေတာ ကျွန်တော်ဖတ်ရပါတယ်။ အငြိမ့်ဟာမြေဝိုင်းကပဲ စသလိုလို၊ အငြိမ့်ဆိုတာကပဲ ဟိုးလူတွေမမြင် သာတဲ့လယ်ကွင်းထဲ ကပဲမွေး လာ သ လိုလိုအငြိမ့်ရဲ့သမိုင်းကို တောင် ပြောမြောက်ပြောပြောနေကြတာကို ကျွန်တော်ဖတ်ရပါတယ်။ ကျွန်တော် အဲဒါတွေကို အပြစ်မပြောပါဘူး။ ကျွန်တော်တို့ အမှန်ကို ထုတ်ပြမှာ ဖြစ်တဲ့အတွက် ဒါကို ကြည့်ပြီးရင် ဘယ်ဟာကအငြိမ့်၊ အငြိမ့်ဆိုတာ ဘယ်တုန်းက စပေါ်တာလဲ။ မြန်မာ လူမျိုးတို့ရဲ့အမျိုးသားရေးလက္ခဏာ National Idenity  ဆိုတာအငြိမ့် တစ်ခုတည်း ရှိပါတော့တယ်။ အဲဒီ အငြိမ့်ကိုမြန်မာ့ရုပ်မြင်သံကြား အစီအစဉ်ကနေတစ်နိုင်ငံလုံးကြည့်ရင် သဘောပေါက် ပါလိမ့် မယ်။ မြန်မာ အငြိမ့်ဆိုတာဘယ်နေရာကစခဲ့လဲ။ ဘယ်တုန်းက စဖြစ်ခဲ့လဲဆိုတာ ကျွန်တော်တို့အနေနဲ့သမိုင်းနဲ့တကွတင်ပြမှာပါ” လို့မြန်မာ့အငြိမ့် သဘင်ရေစီးကြောင်း အစီ အ စဉ်မှာ မြန်မာ့အငြိမ့်သဘင်နဲ့ပတ်သက်ပြီးတင်ဆက်မယ့်ပုံစံအကြောင်းကို ဇာဂနာက ရှင်းပြခဲ့ပါတယ်။
လင်းအက္ခရာ
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment