ဘယ်အလုပ်၊ဘယ်အရာမဆို ကိုယ်ဖန်တီးပြီးလုပ်ဆောင်ရတဲ့ အရာမှန်သမျှ အကောင်းဆုံးပြင်ဆင်ပြီး အပီပြင်ဆုံးဖြစ်အောင်လုပ်တယ်လို့ နေရယ်၊ လရယ်၊ အမှန်တ ရားရယ်ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးပုံဖော်သူ ဒါရိုက်တာ အောင်ကိုလတ်က ပြောပါတယ်။ ” ဂီတပဲ ဖြစ်ဖြစ်၊ ရုပ်ရှင်ပဲဖြစ်ဖြစ်ပါ။ ကွာလတီကောင်းကောင်းနဲ့ အေ ကာင်း ဆုံး ဖြစ်အောင်လုပ်တယ်။ ဒီအတွက်ရလဒ်က အင်မတန်ချိုမြိန်ပါတယ်။ နေရယ်၊ လရယ်၊ အမှန်တရားရယ် ရုပ်သံဇာတ်လမ်းတွဲက ပထမဆုံး ရုပ်သံ ဇာတ် လမ်း တွဲပေါ့။ ပထမဆုံး ရိုက်ကူးတာဆိုတော့ အချိန်ယူကြိုးစားခဲ့ရတယ်။ အနုပညာပစ္စည်းတစ်ခုကို ပေါ့ပေါ့တန်တန် ချမပြချင်ဘူး။ ဘာပဲလုပ်လုပ်ထိရောက်စေ ချင်တယ်။ အဓိက ကတော့ ခံယူချက်ပါပဲ” လို့ ဒါရိုက်တာ အောင်ကိုလတ်က ပြောပါတယ်။ တရားစီရင်မှုနဲ့ တရားဥပဒေစိုးမိုးရေးအကြောင်းကို ရိုက်ကူးထားတဲ့ နေရယ်၊ လရယ်၊ အမှန်တ ရား ရယ် ရုပ်သံဇာတ်လမ်းတွဲကို ဖေဖော်ဝါရီ ၁၃ ရက်နေ့က စတင်ပြီး အပတ်စဉ် သောကြာနေ့၊ ည၉နာရီအချိန် မြန်မာ့ရုပ်မြင်သံကြားမှာပြသခဲ့တာကြောင့် ပရိသတ်လက်ခံ အားပေးမှုအပြည့်အဝရရှိခဲ့ပါတယ်။ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော ရုပ်သံဇာတ်လမ်းတွဲလည်း ဖြစ်ပါတယ်။ လူမှုအဖွဲ့ အ စည်းမှာ ဖြစ်ပေါ်နေတဲ့ နေ့စဉ်ဘဝတွေကို ထင်ဟပ်စေပြီးတော့ ဥပဒေရေးရာအကြောင်းတွေကို ဖော်ပြထားတာ တွေ့ရှိရပါတယ်။ ဒါ့အပြင် မျှတတဲ့ တရားစီရင် မှုနဲ့ အပြု သဘောဆောင် လွှမ်းမိုးမှု၊ တရားမျှတမှုမရှိခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ပဋိပက္ခ၊ မျှော်လင့်ချက်တွေ ပျက်သုဉ်းခြင်း စတာတွေကိုလည်း မီးမောင်းထိုးပြ ထား တယ် လို့ လည်း ပြောပါတယ်။
” မြန်မာပြည်သူတွေအနေနဲ့ ကိုယ့်ရဲ့အခွင့်အရေးတွေနဲ့ တာဝန်ဝတ္တရားတွေကို နားလည်သဘာပေါက်စေဖို့ ရည်ရွယ်ပါတယ်။ ဆင်းရဲနွမ်းပါးသူတွေ၊ ထိခိုက်နစ်နာလွယ် သူတွေကို ဥပဒေအထောက်အကူပေးနိုင်ဖို့ လိုအပ်တယ်။ ဒီအတွက်လည်း ဒီဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့တာပါ” လို့ လည်း ဒါရိုက်တာ အောင်ကိုလတ် ကပြော ပါ တယ်။ နေရယ်၊ လရယ်၊ အမှန်တရားရယ် ရုပ်သံဇာတ်လမ်းတွဲကို Myanmar Legal Aid Broadcasting Consortium ဖြစ်တဲ့ Aung Ko Lat Motion Pictures ၊ Communication Services Group ၊ မြန်မာဥပဒေ ပြုအထောက်အကူပြုကွန်ရက်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ ပျိုးပင်အစီအစဉ်နဲ့ Yangon Film School တို့ ပူးပေါင်းပြီး ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။
” နေရယ်၊ လရယ်၊ အမှန်တရားရယ် ဇာတ်လမ်းတွဲကို ရိုက်ကူးခွင့်ရခဲ့တဲ့အတွက် ဂုဏ်ယူရပါတယ်။ ဥပဒေရေးရာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ပထမဆုံးသော ရုပ်မြင် သံကြားဇာတ်လမ်းတွဲတစ်ခုပေါ့။ ဖေဖော်ဝါရီ ၁၃ ရက်နေ့က စတင်ပြသခဲ့တယ်။ မြန်မာ့ရုပ်မြင်သံ ကြားမှာပေါ့။ နောက်တခြားလိုင်းတွေကနေ ပြသနိုင်အောင် ကြိုး စားသွားဦးမှပါ” လို့လည်း ပြောပါတယ်။ ဇာတ်လမ်းတွဲကို စိတ်ကူးယဉ်မြို့လေးတစ်မြို့ပေါ်တည် ဆောက် ထားပြီး မြန်မာ့ကျေးလက်ကို နောက် ခံပြုကာရိုက် ကူးပုံဖော် ထားတာတွေ့ရပါတယ်။ လက်ရှိ ဖြစ်ပျက်နေတဲ့ ဥပဒေရေးရာ ပြဿနာတွေဖြစ်တဲ့ မြေယာအခွင့်အရေး၊ စက်မှုလုပ်ငန်းတွေနဲ့ ဆက်ဆံရေးအနေအထား၊ လူကုန်ကူးခြင်း၊ အသရေဖျက်ခြင်း၊ မှားယွင်းစွာ ထုတ်ပယ်ခြင်း၊ လိမ်လည်ခြင်း စတဲ့ ကိုင်တွယ်ဖြေရှင်းတဲ့ ပုံစံတွေကို ဒါရိုက်တာအောင်ကိုလတ်က ပီပြင်အောင်ရိုက်ကူး ထားရှိပါတယ်။ သရုပ်ဆောင်များစွာနဲ့ ရိုက်ကူးပုံဖော်ထားပြီး ကြာမြင့်ချိန် ၈နာရီ ၄၅မိနစ်ရှိတယ်လို့လည်း သိရပါတယ်။
M ဘွယ်
Source:popularmyanmar.com

0 comments:
Post a Comment