လိင်လုပ်ငန်းလုပ်တဲ့ မင်းသမီး ၂၀၀ ကို အင်ဒို အရေးယူ

အင်ဒိုနီးရှားရဲ (Credit: Reuters)

 အင်ဒိုနီးရှား ​နိုင်ငံက ​မင်းသမီးနဲ့ ​မော်ဒယ်လ်တချို့ ​လိင်လုပ်ငန်း ​လုပ်ကိုင် နေကြတာကို ​အင်ဒိုနီးရှား ရဲတွေက ​အရေးယူ လိုက်ပါတယ်။

မင်းသမီးနဲ့ ​မော်ဒယ်လ် ​အယောက် ​၂၀၀ ​ရဲ့ ​နာမည်ကို ​အင်ဒိုနီးရှား ရဲတွေက ​ရရှိထားတာဖြစ်ပြီး ​အဲဒီ ​celebrity ​တွေဟာ ​သူတို့နဲ့ ​အတူတူ ​အိပ်လိုတဲ့ ​အမျိုးသားတွေကို ​ဒေါ်လာ ​ထောင်နဲ့ချီ  ​တောင်းခံ ကြသူတွေ ​ဖြစ်တယ်လို့ ​သိရပါတယ်။

အင်ဒိုနီးရှား ​ရဲတွေရဲ့အဆိုအရ ​နာမည်ကြီး ​မင်းသမီး တစ်ယောက်ကို ​ဇိမ်ခံ ​ဟိုတယ်မှာ ​ဖမ်းမိခဲ့တာဖြစ်ပြီး ​အဲဒီ ​မင်းသမီးဟာ ​သူနဲ့ ​သုံးနာရီကြာ ​နေခွင့်ရဖို့ ​အမျိုးသားတွေကို ​ဒေါ်လာ ​၈၀၀၀ ​တောင်းခဲ့တယ်လို့ ​ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ​လိင်လုပ်ငန်းကို ​တရားမဝင်အဖြစ် ​သတ်မှတ်ထားတာကြောင့် ​အခုလို ​လိင်လုပ်ငန်း ​လုပ်ကိုင်တဲ့ ​မင်းသမီးနဲ့ ​မော်ဒယ်လ်တွေကို ​အရေးယူထားတာ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment